Tuesday, May 5, 2026

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ...

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ကို ဧပြီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့‌ကြောင်း...

ထိုင်းနိုင်ငံသွားရောက်လေ့ကျင့်ရမည့် AIA-Spurs Football Camp...

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် AYA Bank တို့ ပူးပေါင်းစီစဉ်သည့် နွေရာ သီဘောလုံးသင်တန်းမှ ထူးချွန်လူငယ် (၆) ဦးသည် ထိုင်းနိုင်ငံတွင်...
HomeNewsLocal Newsလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ ယနေ့မှ ဖေဖော်ဝါရီ...

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ ယနေ့မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၂)ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း(နီကိုးဘားကျွန်းစုအနီး)တွင်ဖြစ်ပေါ်နေသော လေဖိ အားနည်းဆဲလ်သည် အနောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုအားကောင်းခဲ့သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်၊ ပင်လယ်အတွင်းမှလာသော အပူပျံတက်တိမ်တိုက်များ ပိုမိုဖြစ်ထွန်းမှု၊ အရှေ့ဘက်မှလာသော လေပွေလှိုင်းများတို့ကြောင့် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် ချိန်ခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးခြင်း၊ နေရာကွက်၍ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် အရှေ့ဘက်မှ တစ်ခါတစ်ရံ တစ်နာရီလျင် မိုင်(၃၀)မှ(၃၅)မိုင်အထိရှိသော မိုး သက်လေပြင်းများတိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ယင်း တိုင်းနှင့်ပြည်နယ်များ၌နေထိုင်သူများ၊ စိုက်ပျိုးမွေးမြူတောင်သူများ၊ မွန်-တန င်္သာရီကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်တွင်းလေ ကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွား လာရေးများအနေဖြင့် သတိပြုရှောင်ရှားကြရန် မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)က အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ အလှမယ်၏လုပ်ရပ်နှင့်ပတ်သက်သည့် ရုပ်သံဖိုင်များမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ဗုဒ္ဓဘာသာဝင်များကြား ဝေဖန်မှုများပြင်းထန်ခဲ့သဖြင့် သာသနာရေးဝန်ကြီးဌာနက အလှမယ်အိမွန်လွင်အပါအဝင် ပြိုင်ပွဲကျင်းပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလိုစိစစ်ဖော်ထုတ်အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ယနေ့ မေ ၅ ရက်တွင်တရားဝင်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုဖြစ်စဉ်သည် အနုပညာနှင့် ဖက်ရှင်ဖန်တီးမှုနယ်ပယ်တွင် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအရေးကြီးသည့် စည်းမျဉ်းများကို သတိပြုရန်သင်ခန်းစာတစ်ခုဖြစ်လာခဲ့သည်။

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ကို ဧပြီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့‌ကြောင်း CCDAC MYANMAR(မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုကော်မတီ) ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ ထွက်ခွာမည့်လေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည် မျိုးညီညီဟိန်း နှင့် မနှင်းသဇင်ဦး တို့ထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၂၆ ဒသမ ၆ ကီလိုအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071