လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အလိုက် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုပေးပွဲကို ယနေ့ ဩ ဂုတ်(၄)ရက် မွန်းလွဲပိုင်းအချိန်တွင် နေ ပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွက် ဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအနေဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၄) ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၈) ဦး၊ နှစ်ဘာသာဂုဏ် ထူးရှင် (၉) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၆)ဦး စုစုပေါင်း ဂုဏ်ထူးရကျောင်းသား ကျောင်းသူ(၄၀)ဦးပေါ်ထွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုချီးမြှင့်ပွဲအား နေပြည်တော်အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးများတွင် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားများကို တစ်ပြိုင် တည်း ကျင်းပခဲ့ကြကြောင်း သိရသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အဆိုပါ ဆုပေးပွဲအခမ်းအနားကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန်နှင့်ညွှန်ကြားရေးမှူး ချုပ်များ၊ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှု ထမ်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသား၊သမီး ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
