Tuesday, June 2, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ မဟာရာရှ်ထရာပြည်နယ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်...

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန်...

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို...

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ...

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner-...
HomeNewsLocal Newsလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်(WFP) ၏...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်(WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Michael Dunford တို့  နေပြည်တော်တွင် ယနေ့ ဩဂုတ် (၁၄)ရက်နေ့က တွေ့ဆုံခဲ့ကြသည်။

ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများကို ပြည်ဝင်ဗီဇာ နှင့် နေခွင့်ဆိုင်ရာ ကိစ္စရပ်များအဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှု၊ ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ညိနှိုင်းရေးမှုးရုံး UNRCO ၏ ညှိနှိုင်းချက်အရ UN INGO ဝန်ထမ်းများနှင့်မိသားစုများကို ရန်ကုန်မြို့တွင် ခေတ္တနေထိုင်ခွင့်ပြုထားရှိမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုပြင် နယ်မြေတည်ငြိမ်အေးချမ်းပါက ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရန် စေလွှတ်ဆောင်ရွက်မည့် အခြေအနေ ၊ WFP အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံပိုးရာတွင် MOU မှာ ပါရှိသည့် ထောက်ပံရေးနည်းလမ်းများဖြင့် အဆင်ပြေစွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့စည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအခြေအနေ ၊ရခိုင်ပြည်နယ် က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို UNHCR ဖြင့် လက်တွဲဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

တွေ့ဆုံမှုတွင် ဒုတိယဝန်ကြီးဦးဌေးလှိုင် အမြဲတန်းအတွင်းဝန် ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ် ၁၃ ရက်​နေ့ကလည်း
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိင်အား  Mr. Michael Dunfordက သွား​ရောက်​တွေ့ဆုံခဲ့​သေးသည်။

တွေ့ဆုံစဉ်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ အထွေထွေရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်များ၊ သဘာဝဘေးပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ မဟာရာရှ်ထရာပြည်နယ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ ဘင်ခရာအဖွဲ့အား ဆု‌ တော်ငွေချီးမြင့်

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂ ရက်တွင် Maharashtra Lok Bhavan Mumbai (Governor's House)၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးနောက် နိုင်ငံတော်သမ္မတသည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ ဘင်ခရာအဖွဲ့အား ဆု‌တော်ငွေချီးမြင့်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂ ရက်တွင် Maharashtra Lok Bhavan Mumbai (Governor's House)၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂ ရက်တွင် ကြည့်ရှုလေ့ လာခဲ့သည်။ ဆိပ်ကမ်းတာဝန်ရှိသူများက ဆိပ်ကမ်းဆိုင်ရာသမိုင်း ကြောင်းနှင့် အချက်အလက်များ၊ အရှေ့တောင်အာရှ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အိ န္ဒိယနိုင်ငံ၏အဓိကအကျဆုံးဆိပ်ကမ်းတစ်ခုဖြစ်မှု၊ ဆိပ်ကမ်းတွင်နည်းပညာမြင့် စက်ကိရိယာများအသုံး ပြုလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ပင်လယ်ရေကြောင်းကုန်သွယ်မှုများ၊ ဆိပ်ကမ်းဆိုင်ရာများဆောင်ရွက်နိုင်မှု၊ ဆိပ်ကမ်းကိုအသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံအတွက် စည်းကြပ်ခွန်များကို တိုးတက်ရှာဖွေပေးနိုင်ခဲ့မှုတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် ဆိပ်ကမ်း၏ စွမ်းဆောင်ရည်များတိုးတက်စေ ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071