လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်ဝယ်ယူခွင့်ကိစ္စရပ်နှင့်ပက်သက်သည့် ကြေညာချက်သည် အတုဖြစ်ပြီး၊စီးပွားကူးသန်းဝန်ကြီးဌာနမှ လတ်တလောထုတ်ပြန်ခြင်းမရှိကြောင်းလည်း သိရသည်။
ယခုရက်သတ္တပတ်အတွင်းပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းများ မော်တော်ယာဥ်ဝယ်ယူခွင့်ပြုရေးကိစ္စနှင့်ပတ်သတ်၍ကြေငြာချက်တစ်စောင် လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ခြင်းနှင့်ပတ်သတ်၍ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဖြေကြားချက်အရ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယင်းထုတ်ပြန်ချက်အား ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၃၀ရက်နေ့တွင်နိုင်ငံတော်ပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်ဆောင်ရွက်ခဲ့ဖူးသော်လည်း ၂၀၂၁ခုနှစ်အောက်တိုဘာလ ၁ရက်နေ့တွင်ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
လက်ရှိ ဆိုရှယ်မီဒီယာတွင်ဖော်ပြနေသည့် အချက်အလက်များသည် ၂၀၂၀ပြည့်နှစ်တွင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်ပေါ်တွင် အချက်အလက်၊ခုနှစ်များပြင်ဆင်ပြီး ပြည်သူထုကြား မော်တော်ယာဥ်ကားစျေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကြေညာချက်အတူဖြန့်ဝေဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်းဖော်ပြထားသည်။
