Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeArticlesလူထုအင်အားပေါင်းစည်းမှု နှင့် လွတ်လပ်ရေးနေ့...

လူထုအင်အားပေါင်းစည်းမှု နှင့် လွတ်လပ်ရေးနေ့ အမျိုးသားရေးအားမာန်ပြယုဂ်

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူး ပြောင်းတဲ့အခါ နိုင်ငံသားတိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင် ရာပါ အမျိုးသားရေးအသိစိတ်နဲ့ တိုင်းပြည်ချစ်စိတ်တွေ လှုပ်နိုးရှင် သန်စေတာကတော့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မည်တဲ့ နိုင်ငံတော် သမိုင်းဝင်နေ့၊ နေ့ထူးနေ့မြတ်ပဲဖြစ် ပါတယ်။

နယ်ချဲ့ အင်္ဂလိပ်နဲ့ ဖက်ဆစ် ဂျပန်တို့ လက်အောက်မှာ နှစ်ပေါင်း တစ်ရာကျော်မျှ သူ့ကျွန်ဘဝ ကျ ရောက်နေမှုကနေ အမျိုးသား ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မျိုးချစ်လူငယ်ခေါင်း ဆောင်များနဲ့ ပြည်သူလူထုတို့ အသက်ချွေးသွေးများ ပေးဆပ်ရင်းနှီး ပြီး ရယူထားရတဲ့ တန်ဖိုးမဖြတ်နိုင် ဖွယ် နေထူးနေ့မြတ်ကြီးဖြစ်သလို မြန်မာတစ်မျိုးသားလုံးရဲ့ ရင်ထဲ အသည်းထဲမှာ ထာဝရအက္ခရာတင် ထားရမယ့် အမျိုးသားရေးအင်အား မွေးဖွားရာ ရက်မြတ်တစ်ခုဖြစ်ပါ တယ်။

လွတ်လပ်ရေး ရရှိပြီးနောက် ခေတ်အဆက်ဆက် အစိုးရလက် ထက်တိုင်းမှာ လွတ်လပ်ရေးနေ့ကို အမျိုးသားရေး လက္ခဏာရပ် အဖြစ် အထူးစံထားကာ အမျိုးသားရေး အင်အား ပေါင်းစည်းမှု ပြယုဂ်အဖြစ် ပြည်သူ တစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အမျိုးသားအားကစားပြိုင်ပွဲများ တခမ်းတနား စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့ကြကာ စာရေးသူတို့ ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ကာလ ထိပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ နိုင်ငံရေးအလှည့်အပြောင်းထဲ ဖြစ် တည်လာတဲ့ အစိုးရအဆက်ဆက် လက်ထက်တိုင်းမှာ နိုင်ငံတော်အဆင့် အခမ်းအနားအသွင်မျိုးသာကျင်းပ ခဲ့ပြီး ပြည်သူတစ်ရပ်လုံးပါဝင်နိုင် မယ့် ပြည်ထောင်စု အမျိုးသား အား ကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပမှု မမြင်တွေ့ရတာ ဒီနေ့ထက်ထိပါပဲ။

အမှန်တကယ်ဆိုရင် လွတ်လပ် ရေးနေ့ဟာ ဆောင်းရာသီ နိဒါန်းအစ ဒီဇင်ဘာလရဲ့ ပြည်သူလူထု တစ်ရပ် လုံးပါဝင်တဲ့ အားကစားလှုပ်ရှားမှု အရွေ့ကနေ အမျိုးသွားရေး အား မာန် ကမ်းဆင့်ပေးရာ ပြည်သူလူထု အင်အားပေါင်းစည်းရာ နိုင်ငံတော် အင်အားပြယုဂ်နေ့ တစ်နေ့ပဲဖြစ်ပါ တယ်။

တစ်ချိန်တုန်းက လွတ်လပ်နေ့ ရောက်ရှိတိုင်း မြန်မာပြည် တစ်ဝှမ်း လုံးရှိ မြို့တိုင်း ရွာတိုင်း ရပ်တိုင်းမှာ မြန်မာ့ရိုးရာ အားကစားများ အပါ အဝင် အားကစားနည်းပေါင်းစုံ ပြိုင် ပွဲများကို လွတ်လပ်နေ့အထိမ်းအမှတ် ပွဲတော်အဖြစ် ခြိမ့်ခြိမ့်သဲတခမ်းတနား ထည့်သွင်း ကျင်းပခဲ့ကြပါတယ်။ ချောတိုင်တက်ပွဲ၊ ခြင်းခတ်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ လမ်းလျှောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ အပါအဝင် အားကစားနည်းပေါင်းစုံ ထည့်သွင်းကျင်းပကာ ဂုဏ်ပြု ဆုတံ ဆိပ်များ ချီးမြှင့်ပေးခဲ့ကြပါတယ်။ အဲဒီလို လွတ်လပ်ရေးနေ့အမျိုးသား အားကစားပြိုင်ပွဲကနေ နိုင်ငံဂုဏ် ဆောင် မြန်မာလက်ရွေးစင်အား ကစားသမားများ ပေါ်ထွန်းလာစေခဲ့ သလို လူကြီးလူငယ်မျိုးဆက်မပြတ် စိတ်ခွန်အားနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ ခိုင်ဖွံ့ဖြိုးမှုတို့ ပေးစွမ်းကာ နိုင်ငံသား အားလုံး တိုင်းပြည်အင်အား လူထု တစ်ရပ်လုံး ပြည်ထောင်စုအမျိုးသား အင်အားစုကြီးအသွင်နဲ့ ပေါင်းစည်း မှုဖြစ်တည်ရှိစေခဲ့ပါတယ်။

ဒါ့အပြင် လွတ်လပ်ရေးနေ့ အခါ သမယတိုင်းမှာ နိုင်ငံကျော်အနုပညာရှင် များ ပါဝင်တဲ့ စုပေါင်းဖျော်ဖြေ တင် ဆက်မှုများ၊ မှတ်တမ်းရုပ်ရှင်နဲ့ နိုင်ငံရေး နောက်ခံဇာတ်ကားများ ပြသမှုများ၊ဇာတ်သဘင်နဲ့ အငြိမ့်ကပြ ဖျော်ဖြေမှုများ၊ ပျော်ပွဲရွှင်ပွဲကပြ သီဆိုဖျော်ဖြေမှုများနဲ့ ပြိုင်ပွဲထည့် သွင်းကျင်းပရာ အမျိုးသားရေး စိတ် ဓာတ်၊ ဇာတိမာန်စိတ်ဓာတ်၊ ပြည် ထောင်စုစိတ်ဓာတ်၊ နိုင်ငံသားကောင်း စိတ်ဓာတ်စတဲ့ စိတ်ဓာတ်အားမာန် များ မြန်မာနိုင်ငံသူ နိုင်ငံသား ပြည် ထောင်စုနွယ်ဖွားတိုင်းရင်းသား ညီအစ်ကိုများတို့ရဲ့ စိတ်နှလုံးသားထဲ မှာ အနုပညာအားမာန်ဖွင့်ဆိုမှုကနေ သန္ဓေတည် မွေးဖွားလာစေခဲ့တာမို့ လွတ်လပ်ရေးနေ့ဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွက် နိုင်ငံ့အင်အားလူထုခွန်အား ပြယုဂ် ကောင်းနေ့ထူးနေ့မြတ်ဖြစ်စေခဲ့သလို မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူ လူထု တစ်ရပ်လုံးတို့အတွက် အသက် ဝိညာဉ် သွေးအားမာန်ရက်မြတ်ချိန်ခါ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

ဒီလိုပဲ လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်ပြတိုက်၊ လွတ်လပ်ရေး ကျောက်တိုင်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတို့ ရှိရာဆီ သွားရောက် လှည့်လည်ပြီး ဂါဝရပြု ခြင်းကလည်း နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ စိတ်နှလုံးသားထဲမှာ ခေါင်းဆောင် ကောင်း စိတ်ထား၊ ပြည်ချစ်သား ကောင်း စိတ်ထားများ စံထားလိုစိတ် သန္ဓေတည် မွေးဖွားစေသလို အစိုးရ စာသင်ကျောင်းတိုင်းမှာ နံရံကပ် စာဆောင်ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနဲ့ စာစီစာကုံးပြိုင်ပွဲ၊ ကျဘန်းစကားပြော ပြိုင်ပွဲများ ကျင်းပပေးပြီး ကျောင်းသား ကျောင်းသူ လူငယ်တို့ ဝင်ရောက် ယှဉ်ပြိုင်စေခြင်းကလည်း လွတ်လပ် ရေးနေ့အပေါ် တန်ဖိုးထား ချစ်မြတ် နိုးစိတ်၊ အမိနိုင်ငံ ပိုင်နက်မြေအပေါ် အလေးမြတ်ထား ကာကွယ်စောင့် ရှောက်လိုစိတ် ကိန်းအောင်း တည်ရှိ စေကာ ပြည်တောင်စု စိတ်ထား အမျိုး သားရေး အသိတရား နိုးကြား ရှင်သန်လာစေခြင်းက လွတ်လပ်ရေး နေ့ အနှစ်သာရပင် ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရပါသော် လွတ်လပ် ရေးနေ့သည် မြန်မာတို့၏ အသက်ဝိညာဉ်ဖြစ်သလို ခေတ် သမိုင်းကောင်းကို အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းနဲ့ တိုင်းပြည်ချစ် ပုဂ္ဂိုလ်များတို့ရဲ့ အသက်စတေး ပေးဆပ်ကာ ရယူ ထားတဲ့ နေ့ထူးနေ့မြတ်ဖြစ်တာမို့ လွတ်လပ်ရေးနေ့ မှေးမှိန် ကွယ် ပျောက်အောင် ပြုလုပ်ခြင်းကား မြန်မာပြည် ကျဆုံးစေခြင်း ဆိုးကျိုး လုပ်ရပ်များ ဖြစ်နေမှာ အမှန်ပဲ ဖြစ် ပါတယ်။ ဒါကြောင့် လွတ်လပ်ရေး နေ့ဟာ အမျိုးသားရေး အားမာန်၊ ဇာတိမာန်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်၊ အမျိုးသား နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်၊ မျိုးဆက်သစ် အနာဂတ် ခေတ်သမိုင်း ကျောက်စာတိုင်စတဲ့ အသွင်လက္ခ ဏာရပ်ဖြစ်တည်စေတာကြောင့် စိတ် ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာကြံ့ခိုင်ဖွင့်ဖြိုးစေပြီး အားမာန် တက်ကြွ စေကာ ပြည်သူလူထုတစ်ရပ် လုံး ပါဝင်ဆင်နွှဲနိုင်တဲ့အမျိုးသား အားကစားပြိုင်ပွဲများကို လွတ်လပ် ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုထည့် သွင်းကျင်းပခြင်းမျိုး ခေတ်အဆက် ဆက် တည်ဆဲနိုင်ငံတော်အစိုးရတို့ အနေဖြင့် ခေတ်သမိုင်းဟောင်းမှ အမျိုးသားရေး အားမာန် ဝိသေသ ထူးကဲမှု ပြယုဂ်ကို လွတ် လပ်ရေးနေ့ ပြည်ထောင်စုအမျိုးသားအားကစား လူထုအင်အားပေါင်းစည်းမှုမှ ဖော် ဆောင်တည်ဆောက်မှု စွမ်းရည်စွမ်းပကား များစံထားဖြည့်ဆည်းပေးဖို့ နိုင်ငံ တော်အခန်းကဏ္ဍတစ်ရပ်အဖြစ် ချမှတ်လုပ်ဆောင်မှသာ နောင်အခါ ကျရောက်လာမယ့် နှစ် ၁ဝဝ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားထိ တိုင် ခေတ်သမိုင်းမှတ်တိုင်သစ် စိုက် ထူသယ်ဆောင်နိုင်မှာ ဖြစ်ကြောင်း မမှိတ်မသုံ ယုံကြည်မိပါတော့တယ်။

လင်းထိပ်သျှင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071