Wednesday, April 29, 2026

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊...

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့်...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ...

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား...

တားမြစ်ပစ္စည်းများသယ်ဆောင်ခြင်းမပြုရန် မြန်မာသံရုံးသတိပေး ​အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ တစ်ဆင့် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွှတ်ခဲ့သော မြန်မာကုန်ထုတ်လုပ်သားသစ် (၁၂၃) ဦးသည် ဧပြီ ၂၈...

ရုရှားကနာဇီစစ်အောင်ပွဲနေ့အခမ်းအနားကိုလက်နက်ပစ္စည်းများမပါဘဲ ကျင်းပမည်

ရုရှားနိုင်ငံသည် နာဇီဂျာမနီတို့အပေါ် အောင်နိုင်မှုကို လာမည့်လတွင် ရင်ပြင်နီ၌ စစ်ရေးပြပွဲအခမ်းအနားဖြင့် အောင်ပွဲခံကျင်းပမည်ဖြစ်သော်လည်း ယူကရိန်းစစ်ပွဲကာလအတွင်း စစ်ဆင်ရေးအခြေအနေအရ စစ်ရေးပစ္စည်းများကို ထုတ်ဖော်ပြသမည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့အနှောင်းပိုင်းတွင်...
HomeInterviewsလူငယ်နှင့် မူးယစ်ဆေးဝါးပြဿနာ

လူငယ်နှင့် မူးယစ်ဆေးဝါးပြဿနာ

ဒီတစ်ပတ်တော့ မူးယစ်ဆေးဝါးသုံးစွဲလို့ အရေးယူခံရတဲ့ပြည်တွင်းကအနုပညာရှင် အချို့ရဲ့သတင်းတွေကို တွေ့လိုက်ရတာကြောင့် လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးပြဿနာက ဘယ်လောက်အထိကြီးထွားနေပြီလဲ၊ လူငယ်တွေကရော မူးယစ်ဆေးဝါးကို ဘယ်လို ထင်မြင်ယူဆနေကြလဲဆို တာတွေအပြင် လူငယ်အချင်းချင်း မူးယစ်ဆေးဝါးမသုံးစွဲကြဖို့ ဘယ်လိုတွေအကြံပြုကြလဲဆိုတာတွေကို လူငယ်အချို့ကို စုစည်းမေးမြန်းဖော်ပြလိုက်ပါတယ်။

 

ကိုအောင်သက်ဝေ

မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ ကို ကိုယ်တွေ့တော့ မတွေ့ဖူးပါဘူး။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ တ ချို့လူတွေဆိုရင် ပုန်းပြီးတော့ သုံးစွဲ ကြတယ်။ နောက်ပိုင်းကျမှ လူတွေ သိသွားကြတယ်ပေါ့။ ကိုယ်တိုင်တော့ မသုံးစွဲဖူးပါဘူး။ ကိုယ့်ရဲ့ သူငယ်ချင်း တွေထဲမှာသုံးတဲ့သူမရှိပါဘူး။ တခြား ပတ်ဝန်းကျင်မှာတော့ ကြားနေရပါ တယ်။ မူးယစ်ဆေးဝါးဟာ အစပိုင်း တုန်းကတော့ သိပ်ဆိုးကျိုးမရှိပေမယ့် နောက်ပိုင်းကျရင် မူးယစ်ဆေးကို လုံးဝစွဲသွားတယ်။ ပြီးတော့ မူးယစ် ဆေးဝါးဟာ ဖြတ်ဖို့ခက်တယ်။ လူကို လည်း ဒုက္ခအများကြီးပေးတယ်။ နောက်ဆုံး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားတယ်။ မူးယစ်ဆေးဝါး စွဲသွားရင် ဆေးကြောင်တာတွေ ဦး နှောက်က ပုံမှန်အလုပ်မလုပ်တော့ တာတွေ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင် က လူတွေကိုလည်း ထိခိုက်စေနိုင် ပါတယ်။ မူးယစ်ဆေးစွဲနေတဲ့ သူ တွေကို အကြံပေးရရင်တော့ မသုံးစွဲ လေ အကောင်းဆုံးပါပဲ။ သုံးစွဲမိသွား ပြီဆိုရင် တစ်ခါကနေ နှစ်ခါ နှစ်ခါက နေသုံးခါ၊ နောက်ထပ် နောက်ထပ် အကြိမ်ပေါင်း မြောက်မြားစွာ သုံးစွဲ သွားနိုင်ပါတယ်။ ကိုယ်ကမဖြစ်မနေ သုံးချင်တယ်ဆိုရင်တောင်မှ ကျွန် တော်တို့ ရှေးလူကြီးတွေ မိန့်ခဲ့တဲ့ အတိုင်း ‘တန်ဆေးလွန်ဘေး’ ဆိုသ လိုပေါ့။

ဆေးဝါးအတွက်သုံးတာပဲ ကောင်းပါတယ်။ ပြီးတော့ မူးယစ် ဆေးဝါးသုံးစွဲခြင်းဟာ ကိုယ့်အတွက် လည်းမကောင်းဘူး။ ပတ်ဝန်းကျင် ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အနုပညာရှင်တွေဟာ မူးယစ်ဆေးကို မသုံးစွဲသင့်ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ သူတို့ကို အတုယူနေတဲ့သူတွေ ရှိချင်ရှိမယ်။ သူတို့ကို ကြိုက်လို့ အား ပေးတဲ့သူတွေရှိမယ်။ ဒါကြောင့် အနု ပညာရှင်တွေက ပိုပြီးဂရုစိုက်ဖို့ ကောင်းပါတယ်။ ကိုယ့်ကို အတုယူ နေတဲ့ သူတွေဟာ လူငယ်တွေဆိုရင် သူတို့တစ်တွေ တစ်မျိုးတစ်ဖုံ လမ်း မှားရောက်နိုင်ပါတယ်။ ပြီးတော့ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်အတွက် အတုယူနေတဲ့လူငယ်တွေ လမ်းမှား မရောက်စေဖို့ အဓိကဖြစ်ပါတယ်။ တစ်ခုပြောရမယ်ဆိုရင် လူငယ်တွေ ဟာ သူတို့ကြိုက်တဲ့ အနုပညာရှင် တွေကို အဝတ်အစား နေတာထိုင်တာ ကအစ အတုယူကြပါတယ်။ ဒါလေး ကိုလည်း သတိမူသင့်ပါတယ်။ မူး ယစ်ဆေးဝါးကို ပပျောက်သွားအောင် လုပ်ဖို့ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ တရား ဥပဒေစိုးမိုးဖို့လိုအပ်ပါတယ်။ အဲဒါ မှသာလျှင် ပပျောက်နိုင်မယ်လို့ယူဆ ပါတယ်။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း မူးယစ်ဆေးကို လုံးဝပိတ်ပင်ထားပါ တယ်။ တခြားနိုင်ငံတွေမှာဆိုရင်တော့ အားကစားသမားတွေဟာ လုံးဝသုံးစွဲ ခွင့်မရှိပါဘူး။ နိုင်ငံတိုင်း နိုင်ငံတိုင်း မှာတော့ မူးယစ်ဆေးဝါးကို ပိတ်ပင် ထားကြပါတယ်။ ဒါပေမဲ့ သုံးတဲ့သူက တော့ သုံးတာပါပဲ။ ဖမ်းမိသွားတယ် ဆိုရင်လည်း သေဒဏ်ကလွဲလို့ တ ခြားဘာပြစ်ဒဏ်မှမရှိပါဘူး။ နောက် ဆုံးတစ်ခု အကြံပေးချင်တာကတော့ အနုပညာသမားပဲဖြစ်ဖြစ်၊ တခြားလူ တစ်ယောက်ပဲဖြစ်ဖြစ် မူးယစ်ဆေးဝါး ဆိုတာ မသုံးစွဲသင့်ပါဘူး။ ပြီးတော့ ဘုရားဟောခဲ့တဲ့ တရားတော်တွေနဲ့ လည်းမညီပါဘူး။ ဒါကြောင့်ဖြစ်နိုင် သမျှရှောင်ကြပါလို့ အကြံပြုချင်ပါ တယ်ခင်ဗျ။

 

ကိုဖြိုးထက်ကျော်

မူးယစ်ဆေးဝါးသားကောင်ဘဝ က ဘယ်လိုရုန်းထွက်ရမှာလဲဆိုတော့ မူးယစ်ဆေးဝါးသုံးစွဲနေသူရဲ့ မိသား စုက ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင် ပြီး ဆေးဖြတ်ခိုင်းသင့်ပါတယ်။ မူး ယစ်ဆေးဝါးသားကောင်ဘဝက လွတ်မြောက်ချင် စိတ်ဖြစ်လာအောင် လည်း မိသားစု၊ ပတ်ဝန်းကျင်က မူး ယစ်ဆေးဝါးဆိုးကျိုးတွေကို ပြော ပေးရပါမယ်။ ကမ္ဘာမှာ မူးယစ်ဆေး ဝါးသုံးစွဲမူကို အတတ်နိုင်ဆုံး ပျောက် ကွယ်သွားအောင် နိုင်ငံတော်က မြို့ နယ်၊ ကျေးရွာများကို မူးယစ်ဆေးဝါး နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ မူး ယစ်ဆေးဝါးသုံးစွဲခြင်းရဲ့ ဆိုးကျိုး တွေကို စာစောင်များဖြန့်ဝေခြင်းဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုကို များသော အားဖြင့် လျော့နည်းစေမယ်ထင်ပါ တယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နေ့မှာလည်း ကျောင်းတွေမှာ မူးယစ် ဆေးဝါးနဲ့ပတ်သက်တဲ့ ဟောပြောပွဲ များ၊ စာစီစာကုံးပြိုင်ပွဲများ၊ ပန်းချီ ပြိုင်ပွဲများပြုလုပ်ခြင်းဖြင့် မျိုးဆက် သစ်လူငယ်တွေမှာ မူးယစ်ဆေးဝါး သုံးစွဲခြင်းရဲ့ ဆိုးကျိုးများကို သိရှိနား လည်စေမယ်လို့ မြင်မိပါတယ်။

 

ကိုဂျွန်စိုင်း

မူးယစ်ဆေးသည် စွဲလမ်းစေ သောအရာဖြစ်ပါတယ်။ သုံးမိလို့ စွဲ သွားရင်လည်း ဖြတ်ရခက်တယ်။ ဆိုး ကျိုးတွေကတော့ ဦးနှောက်ထိခိုက်ပြီး ဘယ်အရာကိုမှ အကောင်းအဆိုး၊ မစဉ်းစားမတွေးခေါ်နိုင်ခြင်း၊ ငွေ ကုန်ခြင်း၊ မကောင်းတဲ့နည်းတွေနဲ့ ငွေမရရအောင်ရှာဖွေလာခြင်း၊ ဆေး ကို အကြောထဲထိုးသွင်းတဲ့အခါ ဆစ် ဖလစ်ရောဂါ၊ အသည်းရောင်အသား ဝါ(ဘီပိုး)နှင့် AIDS ရောဂါများ ရရှိ လာနိုင်ခြင်းနှင့် မူးယစ်ဆေးကြောင့် ထုံထိုင်းလာပြီး ကျောင်းပျက်၊ အလုပ် ပျက်ခြင်းတွေဖြစ်လာပြီး ဆေးစွဲသွား ရင်လည်း ငွေကိုမရမက ရှာဖွေသဖြင့် နောက်ဆုံး ရာဇဝတ်မှုတွေ ကျူးလွန် လာသည်အထိ ဖြစ်တတ်ပြီး ဥပဒေ တွေအရ အရေးယူခံရနိုင်တာကြောင့် ဘဝတစ်ခုလုံးကိုပါ အညွန့်တုံးစေ ပါတယ်။ ပြည်သူလူထုတွေရဲ့ အပြု အမူ၊ အနေအထိုင်အများစုမှာလည်း အနုပညာရှင်တွေ ရှေ့ဆောင်လမ်း ပြမှုမှာ အထိုက်အလျောက်သက်ဆိုင် နေပါတယ်။ လူငယ်တွေ အတုယူ အားကျရတဲ့ အနုပညာရှင်တွေဟာ လူငယ်တွေ စံထားရလောက်အောင် အတုယူမှားစရာ မဖြစ်အောင်နေသင့် ပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲ သူတွေကိုလည်း အနုပညာရှင်မှ မဟုတ် မည်သူမဆို ခွဲခြားစရာမလိုဘဲ ဥပဒေအတိုင်း ထိရောက်စွာအရေးယူ သင့်တယ်လို့ထင်ပါတယ်။ နောက်ဆုံး အနေနဲ့ မူးယစ်ဆေးလုံးဝပပျောက် ဖို့ဆိုရင် တစ်ဦးတစ်ယောက်တည်း ကြိုးပမ်းနေရုံနဲ့ မရပါဘူး။ အားလုံး စုပေါင်းတိုက်ဖျက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အစိုးရအနေနဲ့ ဥပဒေ တိတိကျကျချမှတ်ပြီး ထိရောက်စွာ အရေးယူပေးရမယ်။ လူငယ်တွေ အတုယူမမှားအောင် ဆွေးနွေးဟော ပြောပွဲတွေလုပ်သင့်သလို အနုပညာ ရှင်တွေကလည်း ပညာပေးတင်ဆက် မှုတွေနဲ့ အားလုံးပူးပေါင်း တိုက်ဖျက် သင့်ပါတယ်။
အဓိက ပြောချင်တာကတော့ ‘အမျိုးသားစည်းကမ်းအစ စာသင် ကျောင်းက’ ဆိုတဲ့စကားအတိုင်း မူး ယစ်ဆေးရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကို စာသင်ကျောင်းတွေမှာကအစ ထိထိရောက်ရောက် သင်ကြားပေး သင့်ပါတယ်။ သို့မှသာ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမယ့် လူငယ် တွေရဲ့အနာဂတ်ဟာ သာယာလှပ လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါ တယ်ဗျာ။

 

မအေးငယ်ငယ်စိုး

မူးယစ်ဆေးဝါး သုံးစွဲသူ တွေ့ဖူး မြင်ဖူးပါတယ်။ အမှုသည်တွေပါ ကိုယ်တိုင်တော့ မသုံးစွဲဖူးပါဘူး။ ကြောက်ဖို့ကောင်းပြီး ပတ်ဝန်းကျင် တွေကို အန္တရာယ်ပြုတတ်တဲ့ လူ စိတ်ပျောက်နေတယ်။ လူတွေဆိုတာ တော့ သိရပါတယ်။ မူးယစ်ဆေးဝါးကို ကိုယ်တိုင်မသုံးစွဲဖူးပေမယ့် စာပေ တွေကနေ ပတ်ဝန်းကျင် ဗဟုသုတ အရ သိရသလောက်ကတော့ လူညွန့် ပါတုံးစေနိုင်တဲ့ အန္တရာယ်ဆိုတာ အ ထင်အရှားသိရပါတယ်။ မူးယစ်ဆေး ဝါးကို လုံးဝပပျောက်ဖို့ဆိုတာကတော့ အားလုံးက စည်းစည်းလုံးလုံးနဲ့ တညီ တညွတ်တည်း မကောင်းဆိုးဝါးအဖြစ် နဲ့ ဝိုင်းဝန်းတွန်းလှန်လိုက်ကြဖို့ အ ရေးကြီးဆုံးဖြစ်ပါတယ်။ အနုပညာ ရှင်တွေ မူးယစ်ဆေးနဲ့ ဖမ်းဆီးခံနေရ တဲ့အပေါ် သူတို့ကိုသနားမိပါတယ်။ စိတ်ဖိစီးမှု၊ ပင်ပန်းမှုတွေကို လွဲမှား တဲ့ထွက်ပေါက်နဲ့ ဖြေသာမိတော့ ဖြစ် လာတဲ့ ဆိုးကျိုးတွေအတွက် သူတို့ ကိုယ်တိုင်လည်း နောင်တရပြီး အမှန် ကို ပြင်ဆင်နိုင်ကြလိမ့်မယ်လို့ မျှော် လင့်ထင်မြင်မိပါတယ်။ မူးယစ်သား ကောင်အဖြစ်က လွတ်မြောက်ဖို့ဆို ရင်တော့ မိဘအသိုင်းအဝိုင်း၊ ပတ် ဝန်းကျင် အသိုင်းအဝိုင်းကပါ အသိ ပညာပေးပြီးတော့ မိမိစိတ်ဆန္ဒအသိ စိတ်ဝင်လာပြီး ကိုယ်တိုင် လွတ် မြောက်ချင်လာတဲ့ စိတ်ရှိလာတဲ့အခါ လက် တွဲကူညီပြီး ကယ်တင်ပေးကြဖို့ လိုပါတယ်ရှင့်။

 

ကိုလင်းခန့်

ကျွန်တော်ကိုယ်တိုင်ကတော့ မသုံးစွဲဖူးသလို ဘယ်တော့မှ လည်း သုံးစွဲမှာမဟုတ်ဘူးဗျ။ ဘာလို့ဆို ကျွန်တော့်မိသားစုကိုချစ်တယ်။ ကျွန်တော့် ဘဝတက်လမ်းကို ချစ် တယ်။ ကျွန်တော့်အတွက်တော့ ကျွန်တော့်ဘဝတက်လမ်းကို ဖျတ် ဆီးနိုင်တဲ့ အရာအားလုံးဟာ ကျွန် တော်ရဲ့ အကြီးမားဆုံးရန်သူတွေပါ ပဲ။ မူးယစ်ဆေးဝါးဆိုးကျိုး အ ကြောင်းဆိုရင်တော့ ၄င်းဟာ ဘယ် လောက်ထိ ကြောက်စရာကောင်း သလဲဆိုရင် နိုင်ငံတကာ အများစုက တားမြစ်ထားတဲ့ ရန်သူတော်ကြီး ဖြစ်ပါတယ်။ စစ်ရှုံးရင်တိုင်းပြည် ပျက်သလိုပဲ မူးယစ်ဆေးဝါးရန် သူအောက်မှာ ရှုံးသွားရင်တော့ တိုင်း ပြည်ပါပျက်စီးသွားနိုင်ပါတယ်။ မူး ယစ်ဆေးဝါးဟာဆို သုံးစွဲသူရဲ့ တစ် ဘဝလုံးကို အနုနည်းလေးနဲ့ ဖျက် ဆီးတဲ့ ဆိုးရွားတဲ့အရာဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ လူငယ်တွေ အနာဂတ်မှာ ရင်ဆိုင်ရမယ့် ရန်သူ တွေထဲမှာ တစ်ခုအပါအဝင်ဆိုလည်း မမှားနိုင်ပါဘူး။ တွေးတောတတ်တဲ့ စိတ်၊ အမှားအမှန် ခွဲခြားတတ်တဲ့စိတ် တွေကို ပျောက်သွားနိုင်အောင် စွမ်း အားကြီးမားလွန်းပါတယ်။ တင် စားရမယ်ဆိုရင် သူဟာ စွမ်းအား ရှင်ကြီးပေါ့။ လူ့ဘဝတွေကို ဖျက်ဆီး နိုင်တဲ့စွမ်းအားရှင်၊ အမည်းရောင်စွမ်း အားရှင်ကြီးပေါ့ဗျာ။ အကြံပေးရ မယ်ဆိုရင်တော့မူးယစ်ဆေးဝါးကို မစူးစမ်းသင့်ပါဘူး။ စူးစမ်းတဲ့ နေရာမှာ ကောင်းသောစူးစမ်းခြင်းနဲ့ မကောင်းတဲ့ စူးစမ်းခြင်းတွေရှိပါ တယ်။ မကောင်းတဲ့စူးစမ်းခြင်းမှာ တချို့အရာတွေဆို ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကို မစူးစမ်းသင့်ပါဘူး။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊ အိမ်ခြေ (၅၀၀) ကျော်အတွက် ရေအလှူရှင်များလိုအပ်နေ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့် သောက်ရေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အခြေအနေအပေါ် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်) ၏ ယနေ့ ကွင်းဆင်းလေ့လာချက်အရ ဒလမြို့ပေါ်ရပ်ကွက်အချို့တွင် သုံးရေ အဆင်ပြေသေးသော်လည်း မြို့အစွန်ပိုင်းရှိ ကျေးရွာများတွင်မူ အခြေအနေ ဆိုးရွားနေခြင်းဖြစ်သည်။ ကျေးရွာရှိ အဓိကရေသိုလှောင်ကန်မှာ လုံးဝခန်းခြောက်နေပြီဖြစ်ကာ ဒေသခံများအနေဖြင့် ရေရရှိရန်အတွက် အလွန်ဝေးကွာသော နေရာများသို့ သွားရောက်ခပ်ယူနေရကြောင်း သိရသည်။ အိမ်ခြေ...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ မိုးသီးကြွေနိုင်ဟု မိုး/ဇလ သတိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ ဖြစ်ပေါ်နေသဖြင့် မိုးရွာသွန်းမှုနှင့်အတူလေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပွားနိုင်သဖြင့် သတိပြုကြရန်လည်း အသိပေးထားသည်။ ရန်ကုန်အပြင် ပဲခူး၊ ဧရာဝတီနှင့် မွန်ပြည် နယ်တို့တွင်လည်း နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ နောက် (၂) ရက်အတွင်း ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်သည့် အခြေအနေဆက်လက်ရှိနေသည်ဟု မိုး/ဇလက ခန်းမှန်းထားသည်။...

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၂၀) ဦးကျော် ထပ်မံရောက်ရှိ

တားမြစ်ပစ္စည်းများသယ်ဆောင်ခြင်းမပြုရန် မြန်မာသံရုံးသတိပေး ​အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ တစ်ဆင့် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွှတ်ခဲ့သော မြန်မာကုန်ထုတ်လုပ်သားသစ် (၁၂၃) ဦးသည် ဧပြီ ၂၈ ရက်က အင်ချွန်းလေဆိပ်သို့ဆိုက်ရောက်ခဲ့သည်။​ကိုရီးယားလေကြောင်းလိုင်း KE492 ဖြင့်ရောက်ရှိလာသော မြန်မာအလုပ်သမားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက လေဆိပ်၌ကြိုဆိုခဲ့သည့်အပြင် မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်က Video Call မှတစ်ဆင့် မြန်မာအလုပ်သမားများကိုနှုတ်ဆက်ခဲ့သည်။  သံအမတ်ကြီးက အလုပ်သမားများအနေဖြင့် လုပ်ငန်း ခွင်ဘေးကင်းရေးနှင့် ကျန်းမာရေးကိုအထူးဂရုစိုက်ရန်၊ ​နှစ်နိုင်ငံတည်ဆဲဥပဒေများနှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်၊ ​မိမိတို့၏ မူလရည်ရွယ်ချက်ပန်းတိုင်များဆီသို့ ကြိုးစားအားထုတ်ရန်၊ ​အခက်အခဲရှိပါက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071