Wednesday, May 6, 2026

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...
HomeEntertainmentBusinessလူငယ်တွေအတွက် ကြည့်သင့် ကြည့်ထိုက်တဲ့...

လူငယ်တွေအတွက် ကြည့်သင့် ကြည့်ထိုက်တဲ့ ဇာတ်ကားမျိုးဖြစ်အောင်မအိမ်ကံကို ရိုက်ကူးပုံဖော်သွားမယ့် ဒါရိုက်တာ ဦးငြိမ်းမင်း

ဇာတ်ညွှန်းနဲ့ဒါရိုက်တာ ဦးငြိမ်းမင်းက ဆရာမခင်ခင်ထူးရဲ့ မအိမ် ကံ ဝတ္တုကို ရိုက်ကူးဖို့အတွက် စီစဉ်လျက်ရှိပါတယ်။ အခုအချိန်မှာတော့ ရိုက်ကူးရေးအတွက် Pre Production ပိုင်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး အဲဒါပြီးတာနဲ့ သရုပ်ဆောင်ရွေးချယ်မှုတွေကို စတင်မယ်လို့လည်း သိရပါတယ်။

”ပွင့်ပွင့်လင်းလင်းပြောရရင် မအိမ်ကံဆက်တင်ကိစ္စကို နည်းနည်း စောင့်ကြည့်နေတာပါ။ နိုင်ငံတော်ကမြေပေးမယ်။ အဲဒီမြေပေါ်မှာ သူကြီး အိမ်တွေဘာတွေဆောက်မယ်ဆိုရင်တော့ နည်းနည်းလေးအချိန် ပြန်စောင့်နေတာပါ။ အဲဒါကြောင့်မို့ ဆရာတို့ချိန်ဆနေတာပါ။ သရုပ် ဆောင်ရွေးချယ်ဖို့ကလည်း ဆက်တင်ပြီးမှပဲ ရွေးချယ်လို့ရမှာပါ။ စဉ်းစား ထားတာတော့အများကြီးပေါ့လေ။ A တို့ Bတို့ Cတို့ရှိတာပေါ့လေ”လို့ မ အိမ်ကံနဲ့ ပတ်သက်လို့ လက်ရှိလုပ်ဆောင်နေမှုအပိုင်းကို ဆရာဦးငြိမ်း မင်းကပြောပါတယ်။ ဆရာမခင်ခင်ထူးရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္တုတွေထဲက တစ်ပုဒ်ဖြစ်တဲ့ မအိမ်ကံကို ရိုက်ကူးတော့မယ်လို့ သတင်း ကြားကြားချင်းမှာပဲ ပရိသတ်တွေကြားထဲမှာ အသံတွေထွက်ပေါ်လာခဲ့ ပါတယ်။ ဝတ္တုကိုမီချင်းမမီချင်းတွေနဲ့အတူ ဝတ္တုအတိုင်းပဲထားစေချင်တဲ့ပရိသတ်တွေကလည်းရှိနေပြန်ပါတယ်။ အဲဒီအသံတွေအပေါ်မှာ ဆရာဦးငြိမ်းမင်းရဲ့ ခံစားချက်ကိုမေးတဲ့အခါမှာတော့ . . .

”စိတ်ဝင်စားတာကို ကျေးဇူးတင်ပါတယ်။ တို့နိုင်ငံမှာသိရမှာက နိုင်ငံတကာနဲ့ မတူတဲ့အချက်က ပညာအားနည်းကြတယ်။ စာတတ် ဦးတော့ စာမဖတ်နိုင်ဘူး။ စီးပွားရေးကြောင့်လေ။ အဲဒီလိုစာမဖတ်တဲ့ လူတွေအတွက်ကော ဒီလိုရည်ရွယ်ချက်ကောင်းတဲ့ ဒီလိုမြန်မာမှုတွေ ပါတဲ့ ဝတ္တုမျိုးတွေကိုပေးမသိစေချင်ဘူးလား။ စာဖတ်ထားတဲ့လူက ဒါကိုရိုက်လိုက်ရင်တော့ ပျက်မှာပဲကွာဆိုတာလေးတစ်ခုတည်းနဲ့ သူတို့ ပဲဖတ်ထားမယ်၊ စာမတတ်တဲ့လူတွေ ဘာမှမသိရဘူးကွာဆိုရင် မျှဝေရာ ဘယ်ရောက်တော့မလဲ။ ဆရာတို့အနေနဲ့ ၁ဝဝ ရာခိုင်နှုန်းပြည့် သရုပ် ဖော်နိုင်ချင်မှ ဖော်နိုင်မယ်လေ။ ၅ဝ ရာခိုင်းနှုန်းဖော်နိုင်လည်း သူတို့ဆီ ၅ဝ ရာခိုင်နှုန်းရောက်သွားမှာပေါ့။ ၂၅ရာခိုင်နှုန်းပဲဖော်နိုင်မယ်ဆိုရင် ၂၅ ရာခိုင်နှုန်းပဲ ရောက်သွားမှာပေါ့။ အဲဒါကိုဝိုင်းပြီးတော့ ဆရာတို့ကို ဝန်းရံပေးပါ။ ကူညီပေးပါလို့ ဆရာက ပြောချင်တယ်” လို့ ပြောပါတယ်။ မအိမ်ကံကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက်ကိုလည်း ဆရာ ဦးငြိမ်းမင်းက အခုလိုထပ်ပြောခဲ့တာက..

”ဖတ်တဲ့လူတွေထဲမှာ တစ်ဝက်ကမျှော်နေကြတယ်။ တစ်ဝက်က မရိုက်ကူးပါနဲ့လို့ ပြောနေတယ်။ အဲဒီလို ဂယက်တွေကတော့ အများကြီး ပေါ့။ ဒါပေမဲ့ ဆရာတို့ကတော့ ဆရာတို့တတ်တဲ့ပညာလေးနဲ့ လူငယ် တွေအတွက် မြန်မာနိုင်ငံအတွက် အားလုံးကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ် ကားလေးတစ်ကားဖြစ်အောင်တော့ ကြိုးစားနေပါတယ်”လို့ ပြော ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်  ချေးငွေထုတ်ချေးပေးရာ၌ အချိန်အကန့်ဖြင့်ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးသွားမည်ဟု ပြောသည်။ ထို့ကြောင့် MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အမျိုးသား(၂)ဦးမောင်းနှင်လိုက်ပါလာသောကုန်တင်ကားသည် မိုင်တိုင်အမှတ် ၁၉၇/၅ နှင့် ၁၉၇/၆ အရောက် ရှေ့ဘီးပေါက်၍လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်ခဲ့ပြီး လိုက်ပါလာသူ(၂)ဦး၌ထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအားအသုံးပြုမောင်းနှင်နေကြသည့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ကြံ့ခိုင်မှုအား  လမ်းပေါ်မရောက်မှီ သေချာစွာစစ်ဆေးကြရန်၊ ကုန်တင်ယာဥ်များ တစ်နာရီ ၆၀ ကီလိုမီတာ/ ၄၈ မိုင်နှုန်းသာအများဆုံးမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။                         

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀‌ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀‌ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအ တွက် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀‌ ပေ‌ x အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071