Monday, January 20, 2025

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်...

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်...

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက...

အီရန်ကမြေအောက်ရေတပ်စခန်းကို ထုတ်ဖော်ပြသ

တေရန်၊ဇန်နဝါရီ ၁၉ အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ရေတပ်သည် တိုက်ခိုက်ရေးရေယာဉ်များ အများအပြားထားရှိနိုင်သော မြေအောက်‌ေရတပ်အခြေစိုက်စခန်းတစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း IRGC ၏ တရားဝင်သတင်းထုတ်ပြန်ချက် Sepah...
HomeInterviewsလူငယ်နဲ့ Facebook

လူငယ်နဲ့ Facebook

Social Media မှာလူသုံး အများဆုံးဖြစ်နေတဲ့ Facebook ကို ပြည်တွင်းက လူငယ်တွေဘယ် လိုသုံးနေကြလဲဆိုတာအပြင် လူငယ်တစ်ယောက်ရဲ့ ဘဝမှာ Facebook က ဘယ်လောက်အထိလွှမ်းမိုးနိုင်လဲ၊ တကယ်လို့ Facebook များမရှိတော့ရင် ဘယ်လို Social Media တွေကို လူငယ်တွေ အသုံးပြုကြမလဲဆိုတဲ့ မေးခွန်းတွေကို ဒေသအသီးသီးက လူငယ်အချို့ကို မေးမြန်းပြီး စုစည်းဖော်ပြလိုက်ရပါတယ်။

မနန်​ဟီးခူရ်​ဘူ(ကချင်)

Facebook ကို ၂ဝ၁၇ခုနှစ်က စသုံးဖြစ်တာရှင့်​။ အကျိုးရှိ​စေ​တာက တော့ အပြင်မှာမသိတဲ့အရာ​တွေကို င်္Facebook ကတစ်ဆင့်​သိခွင့်​ရှိ​လို့ ညီမအတွက်​ အများကြီးအကျိုးရှိ​စေ​ပါတယ်။ တချို့လူ​တွေအတွက်​​ဆိုး ကျိုးဖြစ်​​ပေမယ့်တချို့လူတွေအတွက်​​တော့ ပညာ​တွေအများကြီးရ​စေမယ့် အရာတစ်ခု​လို့မြင်ပါတယ်။ င်္Facebook ကို စည်းကမ်းရှိရှိသုံးတတ်ဖို့ လိုမယ်ထင်ပါတယ်။ စည်းကမ်း တ ကျမသုံးရင်တော့ ဆိုးကျိုးတွေပဲရ မယ်ထင်ပါတယ်။တကယ်လို့ ဒီ Facebook ကြီးမရှိတော့ရင်တော့ တခြား Application တွေ ပြောင်းသုံး မယ့်အစီအစဉ်တော့မရှိပါဘူး။

မနော်ဖောမူး(ကရင်)

သမီးနာမည်ကတော့ နော်ဖေါ မူး ဖြစ်ပါတယ်ရှင့်။ Facebook ကို ၂ဝ၁၅ ခုနှစ်လောက်က စသုံးဖြစ် တယ်ရှင့်။ Facebook ကို ညီမ တို့လို လူငယ်တွေသာမက လူတွေ အားလုံးအနေနဲ့ အကျိုးရှိအောင် အသုံးပြုစေချင်ပါတယ်ရှင့်။Facebook ကိုသုံးတဲ့အခါ အကျိုးမရှိဆဲ ဆိုနေမယ့်အစား ကောင်းတဲ့ဘက်က နေပဲ အသုံးပြုကြစေချင်ပါတယ်။ညီမအထင်တော့ လူငယ်တွေ Facebook သုံးတာကတော့ တချို့ကောင်း တဲ့ဘက်က သုံးသလို တချို့ကျတော့မ ကောင်းတဲ့ဘက်က သုံးတာရှိနေတာ တွေ့ရပါတယ်။ တကယ်လို့ Facebook မရှိတော့ရင်တခြား Application တစ်ခုခုပြောင်းသုံးဖို့တော့ အစီအစဉ်မရှိပါဘူး။

ကိုဟန်ဇော်(ရန်ကုန်)

Facebook ကို၂ဝ၁၂ ခုနှစ် လောက်ကစပြီး သုံးဖြစ်ပါတယ်ဗျ။Facebook ကတော့ ကျွန်တော့်အ တွက်တော့ တအားအကျိုးရှိပါတယ်။ သင်ကြားမှုသင်ယူမှု လုပ်ငန်းမှာရော တချို့ တိုလီမိုလီသိချင်တာလေးက အစ Facebook က အထောက်အကူ ဖြစ်စေပါတယ်။ Facebook ကို အကျိုးရှိရှိလည်း သုံးသင့်သလို ပျော်ရွှင်စရာအပန်းဖြေစရာတစ်ခု အနေနဲ့လည်း သုံးသင့်တယ်လို့ မြင် ပါတယ်။ Facebook မရှိတော့ရင် ဘေကုန်သက်သာပါတယ်။ တခြား Instagram တို့လိုမျိုး အကျိုးရှိစေ တာ တစ်ခုခုသုံးဖြစ်မှာပါ။

ကိုဖြိုးရာဇာမင်း(ဘားအံ)

ကျွန်​​တော်​ Facebook ကို တက္ကသိုလ်​ဝင်​တန်း​အောင်​ပြီး ​နောက်​ပိုင်း စသုံးဖြစ်​ခဲ့ပါတယ်​။ဖေ့စ်ဘွတ်ခ်​က ကျွန်​​တော့်​အတွက်​ တအားအကျိုးရှိ​စေပါတယ်​။ ဘယ်​​နေရာ​တွေမှာ အကျိုး​ရှိ​စေသလဲဆို ရင်​ Facebook မှတစ်​ဆင့်​ ကျွန်​တော်တို့ သိချင်​တဲ့ ပညာ​ရေး၊ စီးပွား​ရေး၊ ဆက်​သွယ်​ရေး စ​သော ကိစ္စ အဝဝကို ​ဖေ့စ်ဘွတ်ခ်​မှ အလျင်​အမြန်​ ရယူနိုင်​​တဲ့အတွက်​​ကြောင့်​ ပါ။ ကျွန်တော့်အမြင်ကတော့ ဖေ့စ်ဘွတ်ခ်​ကြီး မရှိ​တော့ဘူးဆိုရင်​ ဘာမှလုပ်​​ဆောင်​ဖို့မလွယ်​ကူပါဘူး။ ဒီ​ခေတ်​လူ​တွေ​တော်​​တော်​များများက ​Facebook ကိုသာ ကျွမ်းကျွမ်းကျင် ကျင်​သုံးနိုင်​ကြတာပါ။ အခြား Instagram လိုမျိုး​တွေ ​ပြောင်း သုံးဖို့လည်း မဖြစ်​နိုင်​ပါဘူး။

မကြည်ဖြူမြတ်သော် (မြိတ်)

သမီးက Facebook ကို၂ ဝ၁၅ ခုနှစ်လောက်​မှစပြီးသုံးဖြစ်​တာပါ။ ညီမအတွက်တော့ င်္Facebook က အကျိုးရှိတယ်လို့ ပြောလို့ရပါတယ်။ဘာလို့လဲဆို ရင် ကိုယ်မသိတဲ့ အကြောင်းအရာတွေကို လေ့လာခွင့် ရစေပါတယ်။Facebook မှာ စိတ်ဓာတ်ခွန်အားဖြစ် စေမယ့် အကြောင်းတွေ မျှဝေတာမျိုးဆို အားပေးပါတယ်။ကြမ်းတမ်း ပြီး အကျိုးမရှိတဲ့ စကားလုံးတွေနဲ့ အကောင့်တွေလည်း ရှိနေတော့ ဒါတွေ ကျ အတုယူမမှားစေချင်ပါဘူး။Facebook မရှိတော့ဘူးဆိုရင် တ ခြား Application တွေ ပြောင်းသုံးဖို့တော့အစီအစဉ်မရှိပါဘူး။

မရတနာအောင်(မကွေး)

ကိုယ်က ​Facebook ကို အလုပ်​တစ်​ခုကိုသ​ဘောထားတာ မဟုတ်​ပါဘူး။ အဓိ ကက အခုကိုယ်​လုပ်​​နေတဲ့အလုပ်​ကို အ​ကောင်း ဆုံးလုပ်​နိုင်​ဖို့ပဲ။ ကိုယ်​Facebook သုံးပြီဆိုရင်​လည်း ကိုယ်​တကယ်​လိုအပ်​တာ​တွေ အရင်​ရှာ​ဖွေ စု​ဆောင်း​တော့တာပဲ။Facebook ကသုံးတတ်​ရင်​ တအား အကျိုးရှိပါတယ်​။ အကျိုးရှိစွာ အသုံးချတတ်​ကြပါ​စေလို့။ ခြုံ​ပြောရရင်​​တော့ Facebook ကို လိုအပ်​တဲ့အချိန်​မှပဲသုံးဖို့ပြောချင်​ပါတယ်​။ အချိန်​ကုန်​လူပင်​ပန်း ခံရ တာကို အကျိုးရှိ​စေချင်​ပါတယ်​။ အခု​လော​လောဆယ်​ Facebook သာ မရှိ​တော့ဘူးဆိုရင်​​ လူ​တွေကြား ထဲမှာ ‘ဟာခနဲ’ ‘ဟင်​ခနဲ’ ​တွေဖြစ်​ကုန်​မှာမြင်​​ယောင်​​သေးတယ်​။အခုက​တော့ Facebookကိုမသုံးတတ်​တဲ့လူ မရှိသ​လောက်​ရှားသွားပြီ​လေ။Facebook သာ မရှိ​တော့ဘူးဆိုရင်​တော့ ကိုယ်​လိုအပ်​မယ်​ဆိုရင်​​ပေါ့​လေ Instagram စသဖြင့်​​ပေါ့။ ​ပြောင်းသုံး ရမှာ​ပေါ့။ တချို့ကလည်း သုံးကြပါတယ်။ လူအများအတွက်​ကြည့်​ရင်​​တော့ သူတို့အတွက်​ကျ သုံးဖို့မလွယ်​ကူလှ​တော့ဘူး​လေ။

ကိုဖြိုးထက်ကျော် (မန္တလေး)

Facebook က သုံးတတ်ရင် အကျိုး အများကြီးရှိပါတယ်။ Facebook ကို သုံးတာကတော့ လူတိုင်းသုံးတတ်ပါတယ်။ သုံးတာချင်းမတူပါဘူး။ အကျိုးရှိတာကို သုံးတတ်ဖို့လိုပါ တယ်။Facebook ကြီးမရှိတော့ဘူး ဆိုရင် အခြား Chrome,Google,You Tube တွေမှာလည်း ကိုယ်လို ချင်တဲ့ အကြောင်းအရာတွေကို ရှာ ဖွေလို့ရပါတယ်။ လူငယ်တွေအတွက် Facebook က ကောင်းလားဆိုး လား ဆိုတာကတော့ အသုံးပြုနေတဲ့ လူပေါ်မှာ မူတည်ပါတယ်။ Facebook ကိုသုံးတတ်ရင်တော့ တအားအကျိုးရှိပါတယ်။

 

အောင်ပြည့်စုံ

Ads Space Available


Continue reading

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပ

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ၂ဝ၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို ယမန်နေ့ ဇန်နဝါရီ (၁၈) ရက် နံနက်ပိုင်းက The Eravati Sule Grand Yangon Hotel ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသော...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌ တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂) ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ပထမပိုင်းပွဲချိန်အတွင်း (၂)ဂိုး(၁) ဂိုးဖြင့် တရုတ်(တိုင်ပေ) အသင်းက ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း ပွဲချိန်အတွင်း ဗီယက်နမ်အသင်းက ချေပဂိုး(၁)ဂိုးသွင်းယူ၍ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ တရုတ်(တိုင်ပေ)အသင်းသည် အုပ်စုအဖွင့်ပွဲစဥ်၌ မကာအိုအသင်းကို (၁၈)ဂိုး ပြန်ဖြင့် သွင်းယူထားနိုင်ပြီး၊ ဗီယက်နမ်အသင်းသည် မြန်မာအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိထားသည်။ ထို့အတူ...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာ ကွယ်လွန်

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက အမေရိကန်ပြည်ထောင်စု ၊ မေရီလန်းပြည်နယ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဒေါက်တာဆိုင်မွန်သာသည် လွန်ခဲ့သည့် ၂၀၀၂ -၂၀၀၃ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် တပ်မတော်အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းပေးခဲ့ဖူးသူဖြစ်သလို အမျိုးသားညီလာခံသို့ တက်ရောက်ခွင့်ရခဲ့သူလည်း ဖြစ်သည်။ ဒေါက်တာဆိုင်မွန်သာသည် ကွန်လွန်ချိန်တွင် အသက် (၈၃) နှစ်ရှိပြီဖြစ်ပြီး သင်္သာတမြို့တွင် မွေးဖွားခဲ့သူဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071