Saturday, January 31, 2026

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို...

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...
HomeCelebrities' Newsလူငယ်တို့ဘဝ အောင်မြင်မှုနှင့် သင်တန်းများအခန်းကဏ္ဍ...

လူငယ်တို့ဘဝ အောင်မြင်မှုနှင့် သင်တန်းများအခန်းကဏ္ဍ (၂)

အနုပညာလောကထဲကို ဝင်ရောက်အခြေချကာ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှုရော စွမ်းဆောင်မှုပါ လိုအပ်သလို၊ အခြေခံကအစ စနစ်တကျ ပံ့ပိုးဖြည့်ဆည်းပေးတဲ့ အနုပညာရပ်ဆိုင်ရာ သင်တန်းများ တက်ရောက် သင်ကြားခြင်းကလည်း အကောင်းမွန်ဆုံးအရာတစ်ခုပါ။ သရုပ်ဆောင် သင်တန်း၊ မော်ဒယ်သင်တန်း၊ ကိုယ်ခံသင်တန်းတို့ဟာ ဒီနေ့ရာစုသစ်ခေတ်ကာလထဲမှာ အောင်မြင်ထင် ရှားသူတွေ၊ တတ်သိပညာရှင်တွေ၊ နယ်ပယ်အလိုက် အတွေ့အကြုံ ကောင်းရှိသူတွေ သင်ကြားပြသပေးကြတာမို့ အနုပညာရှင်ဖြစ်လိုသူ၊ မော်ဒယ်ဖြစ်လိုသူ အောင်မြင်ထင်ရှားလိုသူများအတွက် အထောက်အပံ့ကောင်းတွေအဖြစ် ရပ်တည်ပေးနေကြပြီဖြစ်ပါတယ်။ မိမိဖြစ်ချင်တဲ့ အောင်မြင်ကျော်ကြား လူမျိုးဖြစ်အောင် မိမိရောက်ရှိချင်တဲ့ နေရာအဆင့်မျိုး၊ ဘဝမျိုးရယူပိုင်ဆိုင်နိုင်အောင် အခြေခံကျကျ ပီပီပြင်ပြင် စနစ်တကျ တက်လှမ်းရယူစေနိုင်တာက သင်တန်းတက်ရောက်ခြင်းက မိမိတို့အတွက် အကျိုးများစေကြောင်း ပြောပြတဲ့အနုပညာရှင်လူငယ်တို့ရဲ့ ကိုယ်တွေ့စကားသံများကို စုစည်းဖော်ပြလိုက်ပါတယ်။

ထက်ထက်ထွန်း

“ထက်ဆိုလည်း မော်ဒယ်သင်တန်းတက်လာခဲ့တဲ့ သူတစ်ယောက်။ သင် တန်းတက်ထားတော့ ရှိုးလျှောက်တဲ့အခါမှာ ပထမပွဲမှာတော့ ကြောက်စိတ် ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ကိုယ်ကိုယ့်ကိုယ်ယုံကြည်မှုတွေရှိလာတယ်။ အဆင်ပြေတယ်ပေါ့နော်။ ဒါကသင်တန်းတက်ထားတဲ့အတွက် အားသာချက် ပေါ့။ မော်ဒယ်ကတော့ သင်တန်းတက်မှပေါ့နော်။ ထက်သရုပ်ဆောင်အတွက် ကျတော့ ထက်သင်တန်းမတက်ခဲ့ရဘူး။ ဒါပေမဲ့ ကိုယ့်ဖြစ်ချင်တဲ့စိတ်သင်ယူလို ချင်တဲ့စိတ်ကြောင့် ဒီလောကထဲစဝင်ကတည်းက ရိုက်ကွင်းပေါ်မှာ လေ့လာ သင်ယူခဲ့တယ်။ ဘာသင်တန်းမှမတက်ခဲ့ပေမယ့်လည်း သရုပ်ဆောင်မှုပိုင်းမှာ အဆင်ပြေနေတယ်ပေါ့နော်။ လိုအပ်ချက်တွေတော့ရှိကောင်းရှိမှာပါ။ အဲဒီ အတွက်ကိုလည်း ကိုယ့်ဘက်က အမြဲသင်ယူနေပါတယ်။ လေ့လာနေပါတယ်။ အဓိကကတော့ သင်တန်းတက်ရောက်သည်ဖြစ်စေ မတက်ရောက်သည် ဖြစ်စေ ကိုယ်ဝါသနာပါရာကိုလုပ်ကိုင်ပြီဆိုရင်တော့ ကိုယ်ကိုယ်တိုင်လည်း ကြိုးစားဖို့လိုတယ်။

*************

ဧငြိမ်းဖြူ

ညီမဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့အတွက် အခုကတည်းက အက သင်တန်းတွေတက်ရောက်ဖြစ်တယ်။ ဘယ်အနုပညာပဲလုပ်လုပ် အခုလိုကြို တင်ပြင်ဆင်တာ အကောင်းဆုံးပဲလို့ ညီမထင်တယ်။ ဒါပေမဲ့ အနုပညာသမား တိုင်းကတော့ အမြဲတမ်းကြိုတင်ပြင်ဆင်ကြပါတယ်။ ညီမအနေနဲ့ကလည်း အကသင်တန်းတက်တယ်ဆိုတာက အခုမှထွေထွေထူးထူးပြင်ဆင်ရတာ မဟုတ်ဘူး။ ငယ်ငယ်လေးကတည်းက ရင်းနှီးလာတာဆိုတော့ သိပ်ပြီးထွေထွေ ထူးထူးတော့ မပြင်ဆင်ရပါဘူး။ ဒါပေမဲ့ ကိုယ်ဘယ်လောက်ရင်းနှီးထားတဲ့ အလုပ်ဖြစ်နေပါစေ ကိုယ့်ဘက်ကတော့ အဲဒီအတွက် ကြိုတင်သင်ယူထားရင် အကောင်းဆုံးပဲလို့မြင်မိပါတယ်။

*************
ခိုင်သဇင်ငုဝါ

ညီမက တီချယ်မိုးတို့ဆီမှာ ၂ဝ၁၂ ခုနှစ်လောက်က မော်ဒယ်သင်တန်း တက်ခဲ့ရတယ်။ သင်တန်းမတက်ခင်ကတော့ အနုပညာမျိုးရိုးလည်းမရှိတော့ သင်တန်းတက်ရင်ကော အဆင်ပြေပါ့မလားလို့ ထင်မိတယ်။ ပြီးတော့လည်း အနုပညာလောကထဲဝင်မယ်လို့ မစဉ်းစားဖူးဘူး။ ပထမ ၁ဝ တန်းစာမေးပွဲ ပြီးရင် လေယာဉ်မယ်လုပ်မယ်လို့ ဆုံးဖြတ်ထားတာ။ နောက်ကျတော့ မေမေက ညီမနှစ်ယောက်လုံးကို မော်ဒယ်သင်တန်းကိုပို့တယ်။ အစကတော့ မော်ဒယ် လုပ်ဖို့လည်း ဝါသနာမပါဘူး။ ငါမော်ဒယ်လုပ်ရင် ခြေထောက်အနေအထားက ဘယ်လိုလုပ်ရမလဲမသိဘူး။ မသိတာတွေကအများကြီးပဲ။ အဲဒါ မော်ဒယ် သင်တန်းတက်မှ လမ်းလျှောက်ရင် ဘယ်လိုအနေအထားက ဘယ်လိုနေရတယ်၊ ပွဲတွေသွားရင် Dinner တွေစားရင် ဘယ်လိုခရင်း ကိုင်ရသလဲ၊ တူကိုင်ရသလဲ၊ အစအ ဆုံးသင်ပေးတယ်။ အဲဒါကြောင့် ပညာလဲရတယ်။ တကယ်လို့ ညီမတို့ သာ ဘယ်သင်တန်းမှ မတက်ဘဲနေခဲ့ရင် သာမန်အလုပ်လုပ်သလောက် သိတဲ့ အနေအထားတစ်ခုမှာပဲကျေနပ်နေရမှာပေါ့။ အခုညီမတို့ ဒီလိုသင်တန်းတွေ တက်တော့ ကိုယ်က နေတစ်ဆင့်လက်ဆင့်ကမ်းပေးချင်တဲ့သူတွေကိုလည်း လက်ဆင့်ကမ်းပေးလို့ရတဲ့အတွက် အရမ်းကောင်းပါတယ်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071