ဒီနှစ်တော့ G.Fatt နဲ့ Ice Cold က “ခွက်စောင်းခုတ် ချက်” ဆို တဲ့ သင်္ကြန်ဟစ်ဟော့ပ် သီချင်းတစ်ပုဒ်ကို အွန်လိုင်း ကနေ ဖြန့်ချိနိုင်ခဲ့ပါတယ်။ သင်္ကြန်ဆိုရင် ပျော် တာပဲဆိုတဲ့ သင်္ကြန်ပျော် G.Fatt ကို ဒီသီ ချင်းက G.Fatt ရဲ့ ပထမဆုံး သီချင်းသစ် လားလို့ မေးတဲ့အခါ…
“ရှေ့မှာတော့ သင်္ကြန်သီ ချင်းတွေ လုပ်ဖူးခဲ့ပါတယ်။ ၂ဝ၁၁ခုနှစ် လား၊၂ဝ၁၂ ခုနှစ်လားတော့ မသိဘူး။ “သင်္ကြန်မှာ ရင်ခုန်တာပေါ့” ဆိုတဲ့ အတွဲ ခွေမှာ “ရေတွေစိုကုန်ပြီ” ဆိုတဲ့ သီချင်းတစ် ပုဒ်ပါဖူးတယ်။ ပြီးသွားရင် သင်္ကြန်မိုး ဆိုတဲ့ သီချင်းတစ်ပုဒ်ကို လွန်ခဲ့တဲ့ ၂နှစ်တုန်းက ဖြန့်ချိဖူးတယ်။ သင်္ကြန်သီချင်း ကတော့ ၂ပုဒ်လောက်တော့ လုပ်ဖူးတယ်။ အတိအကျကြီး ကိုယ့် Solo သင်္ကြန်သီချင်းရယ် လို့တော့ မလုပ်ဖူးသေးဘူး။ “ခွက်စောင်းခုတ်ချက်” ကတော့ ကျွန် တော်နဲ့ Ice Cold ရဲ့ ဒီနှစ်အတွက် သင်္ကြန် သီချင်းသစ်ပေါ့” လို့ သူကပြောပါတယ်။ G ဆိုတာ Gaetto ၊ Fatt ဆိုတာ ငယ်ငယ်တုန်းက ပိန်လို့သူငယ်ချင်း တွေက ပြောင်းပြန် လှန်ပြီး Fatty လို့ ခေါ်ရာကနေ အနုပညာ အလုပ် လုပ်ဖြစ်တော့ G.Fatt ဆိုပြီး အနုပညာနာမည်ပေး ဖြစ် တာလို့ G.Fatt က ပြောခဲ့ဖူးပါတယ်။ အခုချိန်ထိ လည်း သူကပိန်ပိန်ပါးပါး နဲ့ပဲနော်လို့ ဆိုတော့ သူက ရယ်ပါတယ်။
“ကျွန်တော်က ပိန်တော့ ကျွန်တော့စိတ်ထဲမှာ ဝချင်တယ် ဆိုတဲ့ စိတ်တော့ဖြစ်မိတယ်။ ဒါပေမဲ့ ကျွန် တော့်ခန္ဓာ ကိုယ်ကို ကျွန်တော် သဘောကျပါတယ်။ Gym တွေဘာတွေ ကစားဖို့ ကျတော့လည်း အချိန် မပေးနိုင်တာ ရော၊ ကိုယ်ပျင်းတာရော ဆိုတော့ သိပ်ပြီး မကစားဖြစ်ဘူး။ နောက်ပိုင်းတော့ ခပ်တောင့်တောင့် လေးဖြစ် အောင်တော့ ကစားရမှာပေါ့” လို့ G.Fatt က ပြောပြခဲ့ပါတယ်။
မျိုးမောင်