Sunday, May 10, 2026

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင်...

စစ်ပွဲအဆုံးသတ်တော့မည်ဟုထင်ကြောင်းနှင့်ဇလန်းစကီးနှင့်တွေ့ရန်ဆန္ဒရှိကြောင်းပူတင်ပြော

ယူကရိန်းစစ်ပွဲသည် အဆုံးသတ်တော့မည့်အနေအထား ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး အကယ်၍သာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ် နိုင်လျှင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့်...

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...
HomeNewsLocal Newsလူကူးမျဉ်းကြားမှ မဖြတ်ကူးသူများကို မေလ...

လူကူးမျဉ်းကြားမှ မဖြတ်ကူးသူများကို မေလ ၁၄ ရက်မှစတင်၍ ထိရောက်စွာ အရေးယူမည်၊ ဒဏ်ငွေ ၃၀,၀၀၀ ကျပ်အထိ ပေးဆောင်ရနိုင်

ရန်ကုန်မြို့အတွင်း သွားလာနေကြသည့် ပြည်သူများအနေဖြင့် လမ်းဖြတ်ကူးရာတွင် စနစ်တကျ ဖြစ်စေ ရေး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးထုတ်ပြန်လိုက်သည်။

စည်းကမ်းထိန်းသိမ်းရေးနှင့် Campaign ယနေ့ (မေလ ၈ ရက်) နံနက်ပိုင်းက ပြုလုပ်သည့် “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားများ စနစ်တကျ အသုံးပြုရေး Campaign”တွင် YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အောက်ပါအတိုင်း ပြောကြားခဲ့သည် –
“ယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု ဥပဒေမှာ လမ်းဖြတ်ကူးရင် သတ်မှတ်ထားတဲ့ လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားတွေကပဲ ကူးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပညာပေးကာလ ရက်သတ္တပတ်ပြီးရင် မေလ ၁၄ ရက်ကစပြီး စည်းကမ်းမလိုက်နာသူတွေကို ဥပဒေအရ ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ထက်မပိုသော ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ပါတယ်”

ပြည်သူများ လူကူးမျဉ်းကြားကို အသုံးမပြုလိုကြသည့် အကြောင်းရင်းအချို့

လမ်းဖြတ်ကူးသူများကို အရေးယူတော့မည်ဖြစ်သော်လည်း လက်တွေ့တွင် ပြည်သူများ လူကူးမျဉ်းကြား သို့မဟုတ် ခုံးကျော်တံတားများကို အသုံးမပြုရသည့် အခြေခံအကြောင်းရင်း အချို့ရှိနေကြောင်း လေ့လာတွေ့ရှိရသည် –

၁။ ယာဉ်မောင်းသူများ၏ စည်းကမ်းမဲ့မှု:

လူကူးမျဉ်းကြားတွင် လူဖြတ်ကူးရန် စောင့်နေသော်လည်း ကားများက အရှိန်မလျှော့ဘဲ မရပ်ပေးခြင်းကြောင့် လူကူးမျဉ်းကြားသည် ဘေးကင်းသည်ဟု ပြည်သူများက မယုံကြည်ကြခြင်း။

၂။ ခုံးကျော်တံတားများ၏ အခက်အခဲ:

ခုံးကျော်တံတားများမှာ မြင့်မားလွန်းခြင်း၊ အတက်အဆင်းလှေကားများမှာ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများအတွက် အဆင်မပြေခြင်း။

၃။ အဆင်ပြေသည့်နေရာမှ ကူးလိုခြင်း:

လူကူးမျဉ်းကြားများမှာ တစ်ခုနှင့်တစ်ခု ဝေးကွာလွန်းသဖြင့် ပြည်သူများက အချိန်ကုန်သက်သာစေရန် နီးစပ်ရာနေရာမှ စွန့်စားဖြတ်ကူးကြခြင်း။

အကြံပြုချက်

အရေးယူမှုများ မပြုလုပ်မီ ယာဉ်မောင်းသူများအနေဖြင့်လည်း လူကူးမျဉ်းကြားတွင် လူဖြတ်ကူးပါက ဦးစားပေးရပ်တန့်ပေးသည့် ယဉ်ကျေးမှုရှိလာအောင် ထိန်းကျောင်းပေးရန် လိုအပ်သကဲ့သို့၊ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ အသက်အန္တရာယ်ကင်းရှင်းစေရန် ဒဏ်ငွေကြောင့်မဟုတ်ဘဲ စည်းကမ်းကို လိုက်နာရန် အရေးကြီးပါသည်။

ဤသတင်းဖတ်ရှုနေသူများလည်း မိမိတို့၏ အကြံပြုချက်များကို မှတ်ချက်ပြုပေးကြခြင်းဖြင့် အဖြေဝိုင်းရှာပေးကြရန် တိုက်တွန်းပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ MOFA အမြဲတမ်းအတွင်းဝန်ပြောကြားခဲ့

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးဖြစ်ပေါ်တိုးတက်မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်း စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဆီယံအသိုက်အဝန်းထူ ထောင်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။ အစည်းအဝေးတက်ရောက်လာကြသူများက ဒေသတွင်းစွမ်းအင်ဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အရှေ့အလယ်ပိုင်းဒေသရောက်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေး၊ ပထ ဝီနိုင်ငံရေးတင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် ရေ နံထောက်ပံ့မှုနှင့် ဈေးနှုန်းမတည်ငြိမ်မှု၏သက်ရောက်မှုများကို...

စစ်ပွဲအဆုံးသတ်တော့မည်ဟုထင်ကြောင်းနှင့်ဇလန်းစကီးနှင့်တွေ့ရန်ဆန္ဒရှိကြောင်းပူတင်ပြော

ယူကရိန်းစစ်ပွဲသည် အဆုံးသတ်တော့မည့်အနေအထား ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး အကယ်၍သာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ် နိုင်လျှင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တတိယနိုင်ငံတစ်ခုတွင် တွေ့ဆုံသွားရန် ဆန္ဒရှိကြောင်း သူကထုတ်ဖော်ပြောဆိုခဲ့သည်။ ရုရှား၏ နှစ်များစွာအတွင်း အင်အားအနည်းဆုံးပမာဏဖြင့် ကျင်းပခဲ့သည့် စစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် ပူတင်က ယူကရိန်းတွင် အောင်ပွဲခံမည်ဟု ကတိပြုခဲ့ပြီး နာရီပိုင်းအကြာ စနေနေ့က သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားနှင့် ယူကရိန်းတို့ သည် သုံးရက်ကြာ အပစ်အခတ်ရပ်စဲမှု စတင်ခဲ့ကာ အကျဉ်းသား ၁,၀၀၀ ကို...

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စနေနေ့က တိုက်ခိုက်မှုအပြီး ရိုက်ကူးထားသော ဓာတ်ပုံများအရ ရဲစခန်းအဆောက်အအုံသည် အပျက်အစီးပုံအဖြစ်ပြိုကျသွားခဲ့ပြီး အုတ်ခဲများ၊ မီးလောင်ကျွမ်းနေသော အပျက်အစီးများနှင့် ပျက်စီးနေသော ယာဉ်များသည် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ပြိုကျနေသော ရဲကင်းစခန်းအောက်မှ ရဲ ၁၄ ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရဲသုံးဦးကိုမူ အသက်ရှင်လျက်တွေ့ရှိခဲ့သဖြင့် သူတို့ကို ဆေးရုံသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071