တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးဖြစ်၍ စစ်ဘေးရှောင်ဒေသခံများသည် နေရပ်သို့ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသောဒေသခံများအား ယနေ့ မေ ၂၇ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာသန်းစိုးကတွေ့ဆုံကာ အားပေးစကားပြောကြားပြီး မြို့ပြန်လည်ထူထောင်ရေးအတွက် သွပ် (၂,၇၉၀)ချပ်၊ ဘိလပ်မြေ(၁၂၀)အိတ်၊ သွပ်ရိုက်သံ(၆) ဖာတို့ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နေရပ်ပြန်အိမ်ထောင်စု(၇၃)စုအတွက် ကယ် ဆယ်ရေးပစ္စည်းများနှင့် လူဦးရေ(၁၂၁)ဦးအတွက် ထောက်ပံ့ငွေများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒု-ဝန်ကြီးသည် ဖလမ်းမြို့ပြည်သူ့ဆေးရုံ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုနှင့် ကျောင်းအပ်နှံမှု၊ ဖလမ်းမြို့ပြည်သူ့ဆေးရုံ ယာယီဆေး ကုသသည့်နေရာနှင့် မြို့တွင်းထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
