ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုပ်ငန်းရှင်စုစုပေါင်း (၁၉၃) ဦးမှ MSME ထုတ်ကုန်များ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေး ပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ရည်ရွယ်၍ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခ မ်းအနားကို ဖေဖော်ဝါရီ (၁၀) ရက်မှ (၁၄) ရက်အထိ ကျင်း ပသွားမည်ဖြစ်သည်။
MSME ပြိုင်ပွဲကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန် ကြီးဌာန ရုံးအမှတ် (၁၆) ၌ ဖေဖော်ဝါရီ (၇) ရက်မှ (၉)ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသေးစား (Micro) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်င န်းရှင် (၂၉) ဦး၊ အငယ်စား(small) ထုတ်ကုန်ဆုအတွက် ပြို င်ပွဲဝင်လုပ်ငန်းရှင် (၃၄) ဦး၊ အလတ်စား(medium) ထုတ် ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် (၂၈)ဦး၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လု ပ်ငန်းရှင် (၃၅) ဦး၊ ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်ဆုအတွက် သမဝါယမအသင်း (၂၅) သင်း၊ အသေးစားစက်မှုလက်မှုထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် (၄ ၂)ဦး စုစုပေါင်း (၁၉၃) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီးပြို င်ပွဲအမျိုးအစား ခြောက်မျိုးအတွက် ဆု (၃၁) ဆု ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရရှိသည့် လုပ်ငန်းရှင်များကို ဖေ ဖော်ဝါရီ (၁၄) ရက်တွင် ပြည်ထောင်စုအဆင့် MSME ထုတ် ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပသည့် တပေါင်းကွင်း၌ ဆုချီးမြှင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
