Sunday, July 5, 2026

လာအိုနိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာဖြင့် မြန်မာနိုင်ငံတော်သမ္မတ...

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ စတင်၍ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့...

ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေး ဆက်လက်မြှင့်တင်ပြီး ကျိုင်းတုံ-လွန်ပရာဘန်...

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong...

လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် “ဝပ်စီယမ်သုန်” ဘုရားအား...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက လွန်ပရာဘန်မြို့ရှိ...

လာအိုရိုးရာ ဘာစီမင်္ဂလာကြိုးဖြူချည်နှောင်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းက လွန်ပရာဘန်မြို့ရှိ...
HomeNewsLocal Newsလာအိုရောက် မြန်မာအလုပ်သမားများအတွက် CI...

လာအိုရောက် မြန်မာအလုပ်သမားများအတွက် CI ထုတ်ပေးရေးနှင့် အခွင့်အရေးကာကွယ်ရေး နှစ်နိုင်ငံဆွေးနွေး

လာအိုနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား Certificate of Identity (CI) ထုတ်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပိုမိုရရှိစေရေးအတွက် မြန်မာနှင့် လာအို အလုပ်သမားဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ လိုက်ပါလာသော အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ဇူလိုင် ၄ ရက်က လာအိုနိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီး Mr. Phoxay Sayasone နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် လာအိုနိုင်ငံ၌ ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား CI ထုတ်ပေးနိုင်ရေး၊ မြန်မာအလုပ်သမားများ ရသင့်ရထိုက်သည့် အလုပ်သမားအခွင့်အရေးများနှင့် ဥပဒေအရ အကာအကွယ်များ အပြည့်အဝရရှိစေရေးတို့အတွက် နှစ်နိုင်ငံ ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော အလုပ်သမားဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြန်မာအလုပ်သမားများအား ပိုမိုထိရောက်သော ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရေးနှင့် အဆင့်မြင့်အရာရှိများအကြား ပုံမှန်ညှိနှိုင်းအစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရေးတို့ကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုနိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာဖြင့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ စတင်၍ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၅ ရက် နေ့လည်ပိုင်းတွင် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ လွန်ပရာဘန်ပြည်နယ်ပါတီကော်မတီ...

ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေး ဆက်လက်မြှင့်တင်ပြီး ကျိုင်းတုံ-လွန်ပရာဘန် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong နှင့် တွေ့ဆုံစဉ် ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ရန်နှင့် ကျိုင်းတုံ-လွန်ပရာဘန်အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးကို ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတက နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် တူညီမှုများစွာရှိသဖြင့်...

လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် “ဝပ်စီယမ်သုန်” ဘုရားအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဖူးမြော်ကြည်ညို

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် "ဝပ်စီယမ်သုန်" (Wat Xieng Thong) ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ထိုသို့ ဖူးမြော်ရာတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဘုရားအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကြည်ညိုဖူးမြော်ခဲ့ကြပြီး ဘုရား၏ ရှေးဟောင်းဗိသုကာလက်ရာများ၊ လာအိုနိုင်ငံ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်များနှင့် ထူးခြားသည့် အနုပညာလက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။ ဝပ်စီယမ်သုန်ဘုရားသည် လွန်ပရာဘန်မြို့၏ အထင်ကရ သမိုင်းဝင်ဗုဒ္ဓဘုရားကျောင်းတစ်ဆူဖြစ်ပြီး လာအိုနိုင်ငံ၏ အရေးပါဆုံး ဘာသာရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071