Sunday, July 5, 2026

ဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး သမဝါယမစနစ်ဖြင့်...

တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် စိုက်ပျိုးရေးအထွက်နှုန်း တိုးတက်လာပြီး ဝင်ငွေပိုမိုရရှိစေရန် လိုအပ်သည့် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် သမဝါယမစနစ်ဖြင့် စုပေါင်းဝယ်ယူကာ စုပေါင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သမဝါယမနှင့်...

လာအိုနိုင်ငံ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော...

လာအိုနိုင်ငံသမ္မတ H.E. Mr. Thongloun Sisoulith ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေး ဆက်လက်မြှင့်တင်ပြီး ကျိုင်းတုံ-လွန်ပရာဘန်...

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong...

လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် “ဝပ်စီယမ်သုန်” ဘုရားအား...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက လွန်ပရာဘန်မြို့ရှိ...
HomeNewsLocal Newsလာအိုနိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာဖြင့်...

လာအိုနိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာဖြင့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ စတင်၍ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၅ ရက် နေ့လည်ပိုင်းတွင် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။

လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ လွန်ပရာဘန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ထို့ပြင် လာအိုနိုင်ငံမှ ကျောင်းသားလူငယ်များကလည်း မြန်မာနှင့် လာအို နှစ်နိုင်ငံအလံများကို ဝှေ့ယမ်းကာ ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး သမဝါယမစနစ်ဖြင့် ရောင်းချပေးနေ

တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် စိုက်ပျိုးရေးအထွက်နှုန်း တိုးတက်လာပြီး ဝင်ငွေပိုမိုရရှိစေရန် လိုအပ်သည့် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် သမဝါယမစနစ်ဖြင့် စုပေါင်းဝယ်ယူကာ စုပေါင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြောကြားသည်။ အဆိုပါပြောကြားချက်ကို ဇူလိုင် ၃ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးစိန်လွင်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မိုးညှင်းမြို့နယ်ရှိ တောင်သူလယ်သမားများ စပါးအထွက်နှုန်းတိုးတက်စေရေးနှင့် မြို့နယ်၏ စပါးအထွက်နှုန်း လျော့ကျမသွားစေရေးအတွက်...

လာအိုနိုင်ငံ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား ဂုဏ်ပြုကြိုဆို

လာအိုနိုင်ငံသမ္မတ H.E. Mr. Thongloun Sisoulith ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၅ ရက် ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဇူလိုင် ၃ ရက်တွင် လာအိုနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့အား တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)...

ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေး ဆက်လက်မြှင့်တင်ပြီး ကျိုင်းတုံ-လွန်ပရာဘန် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong နှင့် တွေ့ဆုံစဉ် ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ရန်နှင့် ကျိုင်းတုံ-လွန်ပရာဘန်အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးကို ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတက နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် တူညီမှုများစွာရှိသဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071