လမ်းဘေးခွေးလေးတွေအတွက် အစားသောက်များကိုယ်တိုင်ချက်ပြုတ်နယ်ဖတ်ပြီး ေကျွးမွေးကုသိုလ်ယူနေတဲ့ သရုပ်ဆောင်ဘေဘီမောင်
သရုပ်ဆောင်ဘေဘီမောင်ကလမ်းဘေးနေခွေးလေး များအတွက်အစားသောက်များကိုသေချာချက်ပြုတ်ပြင်ဆင် နယ်ဖတ်ပြီး ကိုယ်တိုင်ကိုယ်ကျ လိုက်လံကျွေးမွေးရင်း အာဟာရ ကုသိုလ်ယူနေတာပဲဖြစ်ပါတယ်။
“နေ့စဉ်နေ့တိုင်းပြုတဲ့ကုသိုလ် ဆန်ကောင်းကောင်းလေးနဲ့အသားလေးတွေကိုသေသေချာချာ ချက်ပြုတ်နယ်ဖတ်ပီးကျွေးတာပါရှင့်ဟင်းလေးဆိုမွှေးနေရော တစ်ခါတလေကိုယ်ပါစားချင်တယ်” ဆိုပြီး သူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာရေးသားဖော်ပြခဲ့ပါတယ်။
အခုလက်ရှိမှာသရုပ်ဆောင်ဘေဘီမောင်အနေနဲ့ အလှူတန်းတွေနဲ့ပတ်သက်ပြီး လိုအပ်တဲ့နေရာလေးတွေမှာ လှူဒါန်းမှုလေးအဆက်မပြတ်လုပ်ဆောင်နေပြီး အာဟာရဒါန အနေနဲ့လမ်းဘေးနေခွေးလေးများအတွက် နေ့စဥ်ကျွေးမွေးကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။
Zaw Gyi
လမ်းဘေးခွေးလေးတွေအတွက် အစားသောက်များကိုယ်တိုင်ချက်ပြုတ်နယ်ဖတ်ပြီး ကျွေးမွေးကုသိုလ်ယူနေတဲ့ သရုပ်ဆောင်ဘေဘီမောင်