Tuesday, April 21, 2026

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind...

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို...

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့်...

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀...

ပဲခူးတိုင်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့နှစ်သစ်ကူးတရားအလှူတော်(တတိယည)တွင် ပဲခူးမြို့၊...

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား...
HomeNewsLocal Newsလန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအောက်တွင် မြန်မာနိုင်ငံ၏...

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအောက်တွင် မြန်မာနိုင်ငံ၏ ဆိုလာ PV စံချိန်စံညွှန်းနှင့် စမ်းသပ်ရေးစင်တာ စီမံကိန်း စတင်

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင် အစည်းအဝေးကျင်းပခဲ့သည့် (၁၀) နှစ်ပြည့်အခါသမယအဖြစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပံ့ပိုးကူညီသည့် “Establishing Myanmar’s Solar PV Industry Technical Standards and Solar PV Testing Center” စီမံကိန်း စတင်ခြင်းအခမ်းအနားနှင့် ဆိုလာလုပ်ငန်း စံချိန်စံညွှန်း သတ်မှတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၄ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ဒေါက်တာ Zheng Zhihong၊ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုး အပါအဝင် သက်ဆိုင်ရာ အစိုးရအရာရှိများ၊ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့် ဧည့်သည်တော်ပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သံမှူးကြီး ဒေါက်တာ Zheng Zhihong က အမှာစကားပြောကြားရာ၌ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အပြည့်စုံဆုံး ဆိုလာစက်မှုလုပ်ငန်း ဂေဟစနစ်ကို တည်ဆောက်ထားနိုင်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် လန်ချန်း-မဲခေါင် မိတ်ဖက်နိုင်ငံများနှင့်အတူ ဆိုလာလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် တွန်းအားပေးဆောင်ရွက်လိုကြောင်းနှင့် စွမ်းအင်သစ်ကဏ္ဍတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ချဲ့ထွင်လိုကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်မှလည်း တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ ယင်းစီမံကိန်းသည် မြန်မာနိုင်ငံတွင် ဆိုလာထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန်၊ ဆိုလာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်၊ စွမ်းအင်လွတ်လပ်မှု ရရှိစေရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတပြော

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏ ပညာရေးအားနည်း ချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော်အသုံးချလုပ်ဆောင်ခဲ့သဖြင့် နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား (Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လွတ်လပ် ရေးမရမှီနှင့် လွတ်လပ်ရေးရပြီးချိန်တို့၌ ပညာရေးအား နည်းချက်များရှိခဲ့၍ "အ"သုံးလုံးလှုပ်ရှားမှုများဆောင် ရွက်ခဲ့ရမှု၊ ကျောင်းပညာသင်ကြားရေးမှာ လူများစုပညာရေးဖြစ်ခဲ့သော်လည်းကောင်းမွန်ခဲ့မှု၊ နိုင်ငံတကာအဆင့်မီ...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ် ပေးမည်ဖြစ်ကာ စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့အား (၃) သိန်းကျပ်အထိ၊ အခြားသီးနှံ (၁၈)မျိုးကို (၂)သိန်းခွဲကျပ်အထိ၊ ပန်းနှမ်း၊ ဆီ မုန်ညှင်း၊ ဂုံလျှော် တို့အား (၁) သိန်းခွဲကျပ်အထိတိုးမြှင့်ချေးပေးမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာချေးငွေအား ကျပ်သိန်း (၃,၀၀၀)အထိတစ်ကဏ္ဍ၊ ကျပ်သိန်း(၃,၀၀၀)အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်သည်။  လမ်းပန်းဆက်သွယ်ရေးတွင် အနီးစခန်းလေဆိပ်အ ဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင်ဆောင်ရွက်ခြင်း၊...

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် 

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအ ဝေး၌ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ PDF များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းနှင့် ငြိမ်း ချမ်းရေးအတွက်အလင်းဝင်ရန်ပြောထားကာ လက်ရှိအချိန်တွင်လည်း အလင်းဝင်လာသူအများအပြားရှိပြီး အလင်းဝင်ရန်တောင်းဆိုခြင်းများရှိရာ မိမိတို့အနေဖြင့်ကြိုဆိုသည်ဟု ပြောသည်။ " PDF နဲ့ပတ်သက်ပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာလာပြီးငြိမ်းချမ်းရေးအတွက်လာကြပါ။ ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်းဝင်လာကြဖို့ဖိတ်ခေါ်ပါတယ်။ နိုင် ငံရေးအရလည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ PDF တွေအနေနဲ့ အသုံးချမခံရအောင်နေကြဖို့ပြောလိုပါတယ်"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071