Friday, April 24, 2026

နေပြည်တော်စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံတွင် ဘက်ထရီလျှပ်စစ်ရထားတွဲ (BEMU) တည်ဆောက်နေ

မြန်မာ့မီးရထား၏ နေပြည်တော်စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၌ Battery Electric Locomotive (BEL) နှင့် ဘက်ထရီလျှပ်စစ်ရထားတွဲ (BEMU) တို့တည်ဆောက်နေမှုတို့ကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးမှ ဧပြီ...

မြောက်ကိုရီးယား-ရုရှား ကားလမ်းတံတားအသစ်ကို မကြာမီ ဖွင့်လှစ်မည်

      မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့သည် တူမန်မြစ်ကိုဖြတ်၍ နှစ်နိုင်ငံ ဆက်သွယ်ပေးသည့် လမ်းတံတားတစ်စင်းကို အမြန်ဆုံးဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ ကေစီအင်န်အေက ဧပြီလ ၂၃ ရက်နေ့တွင်...

ရန်ကုန်ယူနိုက်တက် နည်းပြချုပ်သစ်အဖြစ် အာဂျင်တီးနားနိုင်ငံသား မာဆယ်လိုစီရီလီကို...

မြန်မာနေရှင်နယ်လိဂ် အင်အားကြီးကလပ်တစ်ခုဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီတွင် အသင်းကို ဦးဆောင်ရန်အတွက် အာဂျင်တီးနားနိုင်ငံသား နည်းပြဖြစ်သူ ဂျူအန် မာဆယ်လိုစီရီလီ (Juan Mar celo...

မကွေး မြသလွန်စေတီတော် တွင် ကဆုန်လပြည့်နေ့...

မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲနှင့် သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာ ကျင်းပမည်ဖြစ်​ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း...
HomeMoviesလက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့ရှိပြီဖြစ်၍ NCA...

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့ရှိပြီဖြစ်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များကိုပြန်လည်ဆောင်ရွက်မည်

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များရှိပြီဖြစ် ၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် UPDJC၊ JMC လုပ်ငန်း စဉ်များကိုပြန်လည်ဆောင်ရွက်မည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ(NSPNC)အဖွဲ့ဝင်များ ဧပြီ ၂၃ ရက်ကတွေ့ဆုံ၍ လုပ်ငန်းစဉ်များဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ညှိနှိုင်းရေးကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ခုနှစ်ကပင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်(၇)ဖွဲ့၊ NCA လက်မှတ်မရေး ထိုးရသေးသည့် တိုင်းရင်းသားလက် နက်ကိုင်(၃)ဖွဲ့တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောသည်။

” အရင် NCA အရ ငြိမ်းချမ်းရေးကိုဆောင်ရွက်ဖို့ UPDJC ၊ JMC တွေနဲ့ဖွဲ့ စည်းထားပြီး ToR၊ SOP တွေနဲ့ဆောင် ရွက်ခဲ့ပါတယ်။ JMC မှာ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ဖို့ရှိလို့ JMC အရပ်သားကိုယ်စားလှယ်တွေ JMC-TSC တွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို လို အပ်သူတွေဆီရောက်အောင်ဆောင် ရွက်ပေးနေပါတယ်”ဟု ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

ထို့ပြင် ညှိနှိုင်းရေးကော်မတီအတွင်း ရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံများမှသဘောတူညီထားပြီး ပြည် ထောင်စုလွှတ်တော်မှအတည်ပြုထားသည့် အစိတ်အပိုင်း ၁ ၊ ၂ ၊ ၃ ပါ သ ဘောတူညီချက်(၇၂)ချက်အား ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် အခြားတည်ဆဲဥပ ဒေများနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီး ဆက်လက်အကောင်အထည်ဖော်ဆော င်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအား နိုင်ငံတော်အစိုးရအနေ ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေးရှုလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့်တွေ့ဆုံဆွေးနွေးမှုအရှိန်အ ဟုန်ကိုမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်သောလုပ်ငန်းစဉ်များချ မှတ်နိုင်ရန်နှင့် ရရှိပြီးဆွေးနွေးမှုရလဒ်များကို လက်တွေ့ကျကျအကောင်အ ထည်ဖော်နိုင်မည့် နည်းလမ်းများရှာဖွေဖော်ထုတ်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံတွင် ဘက်ထရီလျှပ်စစ်ရထားတွဲ (BEMU) တည်ဆောက်နေ

မြန်မာ့မီးရထား၏ နေပြည်တော်စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၌ Battery Electric Locomotive (BEL) နှင့် ဘက်ထရီလျှပ်စစ်ရထားတွဲ (BEMU) တို့တည်ဆောက်နေမှုတို့ကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးမှ ဧပြီ ၂၃ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စက်ခေါင်းထုတ် လုပ်တပ်ဆင်ခြင်းကို သတ်မှတ်စံချိန်စံညွှန်း၊ သတ်မှတ်အချိန်ဇယားတို့နှင့်အညီအချိန်မီပြီးစီးရေးဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မေ ၁ ရက်၌ ရန်ကုန် -မန္တလေးလမ်းပိုင်းတွင်စတင်ပြေးဆွဲမည့် DEMU အမြန်ရထားတွဲများကိုကြည့်ရှုစစ်ဆေးပြီး ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့စွာလိုက်ပါစီးနင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်မှာကြားခဲ့သည်။

မြောက်ကိုရီးယား-ရုရှား ကားလမ်းတံတားအသစ်ကို မကြာမီ ဖွင့်လှစ်မည်

      မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့သည် တူမန်မြစ်ကိုဖြတ်၍ နှစ်နိုင်ငံ ဆက်သွယ်ပေးသည့် လမ်းတံတားတစ်စင်းကို အမြန်ဆုံးဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ ကေစီအင်န်အေက ဧပြီလ ၂၃ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။      ၂၀၂၅ ခုနှစ်တွင် စတင်ခဲ့သော စီမံကိန်းသည် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် လူများ၏ ရွှေ့ပြောင်းသွားလာမှုအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အရေးကြီးသော လုပ်ငန်းဆောင်တာတစ်ခုဖြစ်ကြောင်း ကေစီအင်န်အေက ပြောကြားခဲ့သည်။        ရုရှား၏ အဝေးပြေးလမ်းမကြီးနှင့် ချိတ်ဆက်မည့် မီတာ ၈၅၀ ရှည်သော တံတားတည်ဆောက်ရေးကို ၂၀၂၄ ခုနှစ်က သမ္မတ ဗလာဒီမာပူတင်၏ မြောက်ကိုရီးယားခရီးစဉ်အတွင်း သဘောတူညီချက်...

ရန်ကုန်ယူနိုက်တက် နည်းပြချုပ်သစ်အဖြစ် အာဂျင်တီးနားနိုင်ငံသား မာဆယ်လိုစီရီလီကို ခန့်အပ်

မြန်မာနေရှင်နယ်လိဂ် အင်အားကြီးကလပ်တစ်ခုဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီတွင် အသင်းကို ဦးဆောင်ရန်အတွက် အာဂျင်တီးနားနိုင်ငံသား နည်းပြဖြစ်သူ ဂျူအန် မာဆယ်လိုစီရီလီ (Juan Mar celo Cirelli)ကို နည်းပြချုပ်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ နည်းပြသစ် မာဆယ်လိုစီရီလီသည် မြန်မာဘောလုံးလောကနှင့် ရင်းနှီးသူတစ်ဦးဖြစ်ပြီး ကစားသမားဘဝတွင် ဇေယျာရွှေမြေအသင်း၌ လာရောက်ကစားကာ ခြေစွမ်းပြခဲ့ဖူးသူဖြစ်သည်။ ၎င်းသည် အာဂျင်တီးနား၊ မလေးရှားနှင့် အင်ဒိုနီးရှားလိဂ်များတွင်လည်း ကျင်လည်ခဲ့သည့် နိုင်ငံတကာအတွေ့အကြုံရင့် ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်သည်။ နည်းပြဘဝ ဖြတ်သန်းမှုအရ အာဂျင်တီးနား U-15 လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးနောက် အာဂျင်တီးနားကလပ်များ၊ အင်ဒိုနီးရှားကလပ်များ၊ အီကွေဒေါနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071