Thursday, May 14, 2026

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...
HomeCelebrities' Newsလက်ရှိမှာတော့ ချစ်သူ မရှိပါဘူး...

လက်ရှိမှာတော့ ချစ်သူ မရှိပါဘူး ရဲလေး

ရဲလေးက ဖေ ဖေါ်ဝါရီလ ထဲမှာတော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက် ကူးဖို့လက်ခံထားပါတယ်။ ဇာတ်ရုပ်ကိုလည်း သူနဲ့ လိုက် ဖက် မယ့်ဇာတ်ရုပ်မျိုးတွေကို အဓိကရွေး ချယ်ရိုက်ကူးလေ့ရှိပြီး ပါဝင်ရမယ့် Scence အနည်းအများ ကို ကြည့်ဖြစ်ကာ ပါရင်ပြီးရောဆိုတာ မျိုးကိုတော့ လက်မခံဖြစ်ကြောင်း သူက ပြောပါတယ်။

”ကိုယ့်အတွက်နေရာ အများကြီးမရရင် တောင် နေရာနည်းနည်းလေးရရင်လည်း ကိုယ်လုပ်ကွက် ရမယ့်နေရာလေး ကိုတော့ကြည့် ပါတယ်။ ဘာမှလုပ်ကွက် လည်း မရဘူး၊ ဘာမှနေရာလည်းမရဘူး ပါရုံဆိုလောက်ပုံစံမျိုး ကျတော့လည်း လက်မခံဖြစ်တာများပါတယ်။အားလုံးနဲ့ ညှိနှိုင်း ပြီးတော့ပဲ ရုပ်ရှင်ဇာတ်ကားတွေကို လက်ခံဖြစ်ပါတယ်။ အခုရိုက် ကူးပြီးသမျှ အကုန်လုံးကိုတော့ ကျေနပ်ပါတယ်”လို့ ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါဇာတ်လမ်းရွေး ချယ်မှုအပိုင်းကို ရဲလေးကပြောပါတယ်။

ဇာတ်ကားတွေမှာ မိန်းမလျာပုံစံ မျိုးလေးတွေလည်း ရိုက်ကူးထား တာ တွေ့ရတဲ့အတွက် ဒီဇာတ်ရုပ်နဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဘယ် လို လက်ခံရိုက်ကူးဖြစ်သွားဦးမလဲလို့ ရဲလေးကိုဆက်မေးတော့…

”နာမည်ကြီးမင်းသားတွေ အကုန်လုံးက ထိန်းပြီးတော့ သရုပ် ဆောင်နေကြတာပါပဲ။ လောလောဆယ် ကျွန်တော့်အနေနဲ့မလုပ်တော့ဘူးလို့တော့ ယတိပြတ်ကြီး မပြောချင်ဘူး။ အခန်းတစ်ခန်းလည်း ပါရင်ပါမယ်၊ နှစ်ခန်းလည်းပါရင်ပါ မယ်ပေါ့။ လောလောဆယ်တော့ အဲဒီလိုဇာတ်တော့ လက်ခံထားတာ မရှိသေးပါဘူး။ ယောက်ျားလေး ဆန်ဆန်ဇာတ်တွေပဲရှိပါသေးတယ်။ ကျွန်တော်ကတော့ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီးတော့ပဲ ဆုံးဖြတ်ပါတယ်။ မလုပ်ဘူးလို့လည်း မပြောဘူး။ လုပ် မယ်လို့လည်း မပြောဘူး။ အချိန်အနေပဲကြည့်ပြီးတော့ပဲ မလုပ်ဘူးလုပ်မယ် ဆုံးဖြတ်ဖြစ်သွား ပါတယ်။ ယတိပြတ်ကြီးတော့ မပြောချင်ဘူး။ ထမင်းကိုကုန်အောင်တော့စားပါတယ်။ စကားကိုတော့ ကုန်အောင်မပြောချင်ပါဘူး” လို့ ပြောပါတယ်။

သီချင်းတွေကိုတော့ ရိုက်ကွင်းမရှိ တဲ့ရက်တွေမှာ သီချင်းတွေရေးဖြစ်နေပြီး ဂီတကတော့ သူ့ရဲ့ပင်မ အလုပ် ဖြစ်နေတဲ့အတွက် မေ့ထားလို့ မရကြောင်း၊ နောက်ထပ် တစ်ကိုယ်တော်အခွေအတွက်လည်း သီချင်း တွေစုနေပြီ ဖြစ်ကြောင်း ရဲလေးက ပြောပါတယ်။

”၇ဝရာခိုင်နှုန်းလောက်ပြီးတဲ့ အချိန်ကျရင် တော့ ပရိသတ်တွေကို ပြောပြပေးပါ့မယ်။ စီးရီး Title နဲ့ ကျွန်တော့်ရဲ့ သီချင်းပုံစံတွေက ဘယ်လို အနေအထားရှိလဲဆိုတာပေါ့။ အခုကတော့ ကျွန်တော်စိတ်ကြိုက် ရွေးချယ်နေ တဲ့ကာလဖြစ်တာရယ်၊ မပြီးသေး တဲ့အတွက်ရယ်ကြောင့် ကျွန်တော်မပြောသေးတာပါ” လို့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်လို့ ရဲလေးကပြော ပါတယ်။

ဂီတ၊အငြိမ့်၊သရုပ်ဆောင် ဒီ ၃ မျိုးကို မျှအောင် လုပ် ဆောင်နေတဲ့သူ့ အနေနဲ့ အငြိမ့်ရှိ တဲ့နေ့တွေမှာ ရှိုးပွဲတွေကိုလက်လွတ်ရတာမျိုးရှိသလို ဇာတ်ကားရိုက်ကူးနေ တဲ့အချိန်တွေမှာလည်း ရှိုးပွဲတွေကို လက် လွှတ်ရတာ မျိုးတွေလည်းရှိကြောင်း၊ တစ်ခုလို ချင်ရင်တော့ တစ်ခုကိုလက်လွတ် ရတာမျိုး တွေတော့ရှိကြောင်း၊ တစ်ချိန်တည်းမှာပဲ နှစ်ခုစလုံး အဆင် ပြေအောင် လုပ်ဖို့ကျတော့ မလွယ်ကူကြောင်း သူကပြောပါတယ်။ ရဲလေးက သူ့အနေနဲ့ လက်ရှိမှာ တော့ ချစ်သူမရှိသေးဘဲ ချစ်သူမထားတော့ဘူး၊ မိန်းမမယူ တော့ဘူးလို့တော့ ယတိ ပြတ်ကြီးမပြော ချင်ပါဘူးလို့ သူက ဆိုပါတယ်။

”ခုနလိုပါပဲ။ ထမင်းကိုကုန်အောင်စား စကားကို ကုန်အောင်မပြောနဲ့ဆိုတာမျိုးပါပဲ။ ကျွန်တော်မိန်းမ မယူတော့ဘူးလို့လည်း သွားပြောလို့ မရသလို ရည်းစားမထားတော့ဘူးလို့လည်း ပြောလို့မရ ဘူး။ လက်ရှိကိုပဲပြောချင်ပါတယ်။ လက်ရှိမှာတော့ ကျွန် တော်ဘယ်သူမှမရှိဘူး။ ကျွန်တော်တစ်ယောက်တည်းပါပဲ။ လောလောဆယ်တော့ချစ်သူမရှိဘူး။ လောလောဆယ်ကိုပဲ ကျွန်တော်ပြော လို့ရတယ်။ ချစ်သူမထားတော့ဘူး၊ မိန်းမမယူတော့ဘူးလို့တော့ ယတိပြတ်ကြီး ကျွန်တော်မပြောချင်ဘူး။ ဘာလို့လဲဆိုတော့ ဘာဖြစ်လာမယ်မှန်း မသိဘူးလေ။ ကျွန်တော်တို့ရဲ့ ဘဝအခြေအနေ ဘာဖြစ်လာမယ်မှန်းမသိနိုင်တော့ ဒီလိုပဲပြောလို့ ရပါတယ်” လို့ ရဲလေးက ပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071