Home News Local News ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ် ဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိ

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ် ဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိ

0
212

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းများကို စနစ်တကျ ပိုမိုတိုးမြှင့် ဆောင်ရွက်စေလိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက လူထုအခြေပြု ဗဟိုဌာနများကို ပြည်သူလူထုက အားကိုးယုံကြည်ရသည့် ဗဟိုချက်နေရာများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ကြည့်ရှုစစ်ဆေးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် လူထုအခြေပြု ဗဟိုဌာနအတွင်း ပြသထားသည့် ပြတိုက်ငယ်ပြခန်း၊ စာကြည့်တိုက်၊ သင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမနှင့် ကလေးစာဖတ်ခန်းများကို အသေးစိတ် လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာလမ်းရှိ ဖလင်ပိဋကတ်တိုက်သို့ ရောက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ် (Digital Preservation) ဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဖလင်ပိဋကတ်တိုက်အတွင်း ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရုပ်ရှင်ဖလင်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here