Friday, September 18, 2026

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတု‌ဖောက်ပြန်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။ ရာသီဥတုပြောင်းလဲမှုကို...

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ...

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား...

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား...

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...
HomeNewsFootballရှုံးပွဲမရှိ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီဖြစ်သည့်...

ရှုံးပွဲမရှိ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီဖြစ်သည့် ရှမ်းယူနိုက်တက်အသင်း

၂၀၂၄-၂၀၂၅ မြန်မာနေရှင်နယ်လိဂ်
ဘောလုံးရာသီအတွင်း ရှုံးပွဲမရှိ ချန်ပီယံဆုကို ရှမ်းယူနိုက်တက်က ဆွတ်ခူးခဲ့ရရှိပြီဖြစ်သည်။

ယနေ့ မတ်လ (၁ )ရက် တောင်ကြီးမြို့ ပြည်နည်အားကစားကွင်း၌ ကျင်းပခဲ့သည့် ရာသီပိတ်နောက်ဆုံးပွဲစဉ် (၂၂) ကို ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရာအိမ်ရှင် ရှမ်းယူနိုက်တက်အသင်းက (၄) ဂိုးပြတ်သွင်းယူ၍ အနိုင်ရရှိခဲ့သည်။

ပွဲစဉ်အပြီးတွင် ချန်ပီယံဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနေရှင်နယ်လိဂ် ၂၀၂၄-၂၅ ဘောလုံးပြိုင်ပွဲတွင် သွင်းဂိုး (၁၅) ဂိုးဖြင့် ဂိုးသွင်းအများဆုံးဆု ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၂၃) ရန်ကျော်ထွေးအား ဆုကြေးငွေကျပ် (၁၀) သိန်းနှင့် အထိမ်းအမှတ်ဆုတံဆိပ်ကို အားကစားနှင့် ကာယပညာဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတွင် ရမှတ် (၄၄)မှတ်ဖြင့် တတိယရရှိခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်းအား တစ်ဦးချင်းကြေးတံဆိပ်ဆုချီးမြှင့်ခြင်းကို မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်းက ချီးမြှင့်ပြီး တတိယဆုအတွက် ဆုကြေးငွေကျပ်သိန်း (၃၀၀) ကို ရှမ်းပြည်နည်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်က ချီးမြှင့်ပေးခဲ့သည်။

ထို့အတူ ရမှတ် (၅၁) ဖြင့် ဒုတိယဆုရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆု ချီးမြှင့်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ဒုတိယဆုအတွက် ဆုကြေးငွေကျပ်သိန်း (၅၀၀) ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းတို့က ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲတွင် ရမှတ် (၆၂) မှတ် ရရှိကာ ရှုံးပွဲမရှိချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုချီးမြှင့်မှုကို အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ချီးမြှင့်ပေးခဲ့သည်။

တဆက်တည်း ပထမဆုအတွက် ဆုကြေး ငွေကျပ်သိန်း (၇၀၀) ချီးမြှင့်ခြင်းကို ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတွင် တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်မှတ်တမ်းရရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား Undefeated Champions ဆုဖလားထပ်ဆောင်းချီးမြှင့်မှုကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်နာယကကြီး ဦးအောင်ကိုဝင်းက ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအား ချန်ပီယံဆုဖလားချီးမြှင့်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၂၄-၂၅ အမှတ် ပေးဘောလုံးပြိုင်ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် (၆၂) မှတ်ဖြင့် အဆင့်(၁)၊ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် (၅၁) ဖြင့် အဆင့်(၂)နှင့် ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် (၄၄) မှတ် ဖြင့် အဆင့်(၃) နေရာရရှိခဲ့သည်။

ထို့အတူ အဆင့်(၄)နေရာကို ရမှတ် (၄၀) ရရှိသည့် ဒဂုံစတားယူနိုက်တက်နှင့်အဆင့် (၅)နေရာအား ရမှတ် (၃၃) မှတ် ရရှိသည့် မဟာယူနိုက်တက်အသင်းတို့က ရပ်တည်နိုင်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် အမှတ် ပေးချန်ပီယံဆုကို (၆)ကြိမ်မြောက် (၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄-၂၅) ရရှိခြင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတု‌ဖောက်ပြန်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။ ရာသီဥတုပြောင်းလဲမှုကို အပူချိန် ဖြည်းဖြည်းချင်းနဲ့ ခန့်မှန်းလို့ရရုံ မြင့်တက်လာမယ့် ဝေးဝေးက ခြိမ်းခြောက်မှုတစ်ခုလို့ပဲ ထင်ရလွယ်ပါတယ်။ ဒါပေမဲ့ သုတေသနအသစ်တွေအရ ပိုပြီး အရေးတကြီးရင်ဆိုင်ရမယ့် အမှန်တရားတစ်ခုက ရှိနေပါတယ်။ အဲဒါကတော့ ရာသီဥတုဘေးအန္တရာယ်ဟာ တိတ်တဆိတ် စတင်နေပြီ ဆိုတာပါပဲ။ ဒီသတိပေးချက်ကို အဓိကပြ‌နေတာကတော့ မြေကမ္ဘာရဲ့ ရာသီဥတုကို ထိန်းညှိပေးပြီး အပူ၊ ကာဗွန်နဲ့ ရေတွေကို တစ်ကမ္ဘာလုံးဆီ...

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက လူမှုအကျိုးပြုထူးချွန်ဆုရရှိ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဇင်ဦးက "Impact of Online Crimes, Fake News and Misinformation on the Socio-economic Lives of Mekong-Langcang Regional Countries" ဆောင်းပါးဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ စက်တင်ဘာ ၁၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ကျင်းပသောဆုပေးပွဲတွင် Best Public Impact...

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား ခုနစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်း

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် အိန္ဒိယနိုင်ငံသား တစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ခုနစ်ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူလျက်ရှိသည်။ လက်ရှိ လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၃၄၄ ဦးအနက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071