ISPE အမျိုးသားအသင်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ Lincang မြို့တွင် စက်တင်ဘာ ၃၀ ရက်မှစတင်ကာကျင်းပခဲ့သည့် (၃)နိုင်ငံ ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ၌ ရှုံးပွဲမရှိရလဒ်ဖြင့် ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ISPE အသင်းသည် ပြိုင်ပွဲတစ်လျှောက်၌ တရုတ်(ဟူလန်း) အသင်းနှင့် ၁ ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့သော် လည်း တရုတ်(ကွေ့ကျိုး)အသင်းကို ၈ ဂိုး ၂ ဂိုး၊ တရုတ် (လုံနိုင်)အသင်းကို ၇ ဂိုး ဂိုးမရှိ၊ တရုတ်(အား/ပညာ) အ သင်းကို ၃ ဂိုး၊ ဂိုးမရှိ၊ ဗီယက်နမ် Hanoi Xide FC အ သင်းကို ၁၁ ဂိုး ဂိုးမရှိတို့ဖြင့်နိုင်ပွဲများရရှိကာ (၄)ပွဲနိုင် (၁)ပွဲသရေ ရမှတ်(၁၃)မှတ်ရရှိပြီး ချန်ပီယံဆုဖလားရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲ၏ ဒုတိယဆုအား ရမှတ်(၉)မှတ်ဖြင့် ဗီယက်နမ် Hanoi Xide FC အသင်းကရရှိခဲ့ပြီး ပြိုင်ပွဲအား တရုတ်နိုင်ငံမှ အသင်း(၄)သင်း၊ မြန်မာနိုင်ငံမှ ISPE အသင်းနှင့် ဗီယက်နမ်နိုင်ငံမှ Hanoi Xide FC အသင်းတို့ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
