Monday, July 13, 2026

ဝါစိုက်ပျိုးမှုသည် နိုင်ငံတော်အတွက်အကျိုးရှိသည့်လုပ်ငန်းဖြစ်ပြီး နိုင်ငံ့ GDP...

ဝါစိုက်ပျိုးမှုသည် နိုင်ငံတော်အတွက်အကျိုးရှိသည့်လုပ်ငန်းဖြစ်ကာ နိုင်ငံ့ GDP တိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၂...

နိုင်ငံတကာဈေးကွက်ဝင် ပေါ်ဆန်းမွှေးစပါးအပါအဝင်မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်ပေးနိုင်ရေး စမ်းသပ်သုတေသနပြုလုပ်ရန်...

နိုင်ငံတကာဈေးကွက်ဝင် ပေါ်ဆန်းမွှေးစပါးအပါအဝင်မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်ပေးနိုင်ရေး စမ်းသပ်သုတေသနပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ ဇူလိုင် ၁၂ ရက်တွင် စိုက်ပျိုးရေး၊...

စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်နေသည့် နည်းပညာတက္ကသိုလ်(မကွေး)ကို...

စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်နေသည့် မကွေးတိုင်း၊ မကွေးမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(မကွေး)ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၂ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ တက္ကသိုလ်...

စင်ကာပူသမ္မတ သာမန် ရှန်မူဂါရတ်နမ် မလေးရှားနိုင်ငံသို့...

စင်ကာပူသမ္မတ သာမန် ရှန်မူဂါရတ်နမ်သည် မလေးရှားဘုရင် စူလ်တန် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်အထိ...
HomeNewsLocal Newsရှီ နှင့် တွေ့ဆုံရန်ကို...

ရှီ နှင့် တွေ့ဆုံရန်ကို ဘယ်တော့မှဖျ-က်သိ-မ်းမည်မဟုတ်ကြောင်း ထရမ့်ပြောကြား၊ သို့သော် မည်သည့်အခါတွေဆုံမည်ဆိုသည်မှာ မသေချာသေးဟုဆို

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေး၌ တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံရန် အစီအစဉ်ကို ဖျ-က်သိ-မ်းခြင်းမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သော်လည်း မည်သည့်အခါတွင် တွေ့ဆုံပွဲ ဖြစ်မြောက်မည်ဆိုသည်ကိုမူ သေချာစွာမသိသေးကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးကို ဖျ-က်သိ-မ်းလိုက်ပြီလားဟု သတင်းထောက်များက မေးမြန်းရာတွင် “ကျွန်တော် မဖျ-က်သိ-မ်းပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့တွေ့ဖြစ်မလားဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော် အဲဒီကို သွားမှာဆိုတော့ တွေ့ဖြစ်မယ်လို့ ယူဆပါတယ်” ဟု အမေရိကန်သမ္မတက ပြန်လည်‌ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒါက ဘာအကြောင်းမှမရှိဘဲ ရုတ်တရက်ကြီး ပေါ်လာတာပါ။ ရုတ်တရက်ကြီးပါ။ သူတို့က ဒီလိုသွင်းကုန်-ပို့ကုန်ဆိုင်ရာ အယူအဆအသစ်တစ်ခုလုံးကို ထုတ်လာတယ်။ ဘယ်သူမှ၊ ဘယ်သူမှ မသိခဲ့ဘူး” ဟုလည်း သူက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်အစိုးရက ‌မြေရှားသတ္တုထုတ်လုပ်ရေးအတွက် အသုံးပြုသည့် စက်ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်း အမျိုးအစားများစွာကို ပို့ကုန်ထိန်းချုပ်မှုများ တိုးချဲ့ခဲ့ခြင်းအပေါ် သူကပြောကြားခြင်းဖြစ်သည်။

သောကြာနေ့ အစောပိုင်းတွင် ထရမ့်က တရုတ်၏ လုပ်ဆောင်ချက်များကြောင့် ရှီနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန် စီစဉ်ထားသည့် လိုအပ်ချက်ကို မေးခွန်းထုတ်ခဲ့သည်။

ထရမ့်သည် အောက်တိုဘာ ၇ ရက်က အောက်တိုဘာလနှောင်းပိုင်းမှ နိုဝင်ဘာလအစောပိုင်းအတွင်း ကျင်းပရန် စီစဉ်ထားသည့် APEC ထိပ်သီးအစည်းအဝေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် ရှီနှင့် ဆွေးနွေးမှုများပြုလုပ်ရန် မျှော်လင့်ထားကြောင်း အတည်ပြုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝါစိုက်ပျိုးမှုသည် နိုင်ငံတော်အတွက်အကျိုးရှိသည့်လုပ်ငန်းဖြစ်ပြီး နိုင်ငံ့ GDP တိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ဝါစိုက်ပျိုးမှုသည် နိုင်ငံတော်အတွက်အကျိုးရှိသည့်လုပ်ငန်းဖြစ်ကာ နိုင်ငံ့ GDP တိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ပြည်တွင်း ဝါစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများတိုးမြှင့်လာစေရန်ရည်ရွယ်ကျင်းပသည့် "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့"ဆွေးနွေးပွဲအား မကွေးမြို့၌ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် Agro-based Industreis ကိုဆောင်ရွက်ပြီး ကုန်ကြမ်းပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်ခြင်းဖြင့် နိုင်ငံအတွက်ဝင်ငွေပိုမိုရရှိမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမည်ဟု ပြောသည်။ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးသုံးခု တစ်ခုနှင့်တစ်ခုအပြန်အလှန်ချိတ်ဆက်လျက်ရှိ၍ အားလုံးတိုးတက်မှသာ နိုင်ငံ့ GDP တိုးတက်လာမည်ဖြစ်ရာ ဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း...

နိုင်ငံတကာဈေးကွက်ဝင် ပေါ်ဆန်းမွှေးစပါးအပါအဝင်မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်ပေးနိုင်ရေး စမ်းသပ်သုတေသနပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှာကြား

နိုင်ငံတကာဈေးကွက်ဝင် ပေါ်ဆန်းမွှေးစပါးအပါအဝင်မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်ပေးနိုင်ရေး စမ်းသပ်သုတေသနပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ ဇူလိုင် ၁၂ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မကွေး)အား ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများကိုမှာကြားခဲ့ခြင်းဖြစ်သည်။ ဌာနမှထုတ်လုပ်ထားသည့် စပါး၊ မြေပဲ၊ ပဲတီစိမ်း၊ ဝါ၊ နှမ်း၊ နေကြာမျိုးစေ့များနှင့် နည်းပညာမြင့် Organic မြေဩဇာနှင့် သဘာဝပိုးသတ်ဆေးရည်စမ်းသပ်ထုတ်လုပ်မှု၊ Nano Technology For Seed Treatment အခန်းအတွင်း အရည်အသွေးပြည့်မီသည့် မျိုးစေ့များထုတ်လုပ်နိုင်ရေးအတွက် Cold Plasma...

စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်နေသည့် နည်းပညာတက္ကသိုလ်(မကွေး)ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုစစ်ဆေး

စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်နေသည့် မကွေးတိုင်း၊ မကွေးမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(မကွေး)ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၂ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ တက္ကသိုလ် ဒု-ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်မှု၊ အားကစားကွင်း၊ စာကြည့်တိုက်နှင့် အခြားအခြေခံအဆောက်အဦများတည်ဆောက်နိုင်ရေး တက္ကသိုလ်ပိုင်မြေလိုအပ်လျက်ရှိမှုနှင့် သင်ကြားရေးဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်သမ္မတက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက္ကသိုလ်အတွင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် မင်းဘူးခရိုင် အားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်နေမှု၊ မကွေးတက္ကသိုလ်ရှိ ဘက်စုံခန်းမ၊ သိပ္ပံသုတေသနစင်တာနှင့် စာကြည့်တိုက်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071