Monday, May 11, 2026

ရမည်းသင်းနှင့် ပျော်ဘွယ်တွင် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန်...

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များတွင် စပျစ်စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် စပျစ်ဇုန်စီမံကိန်း တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီး၏ ကွင်းဆင်းဆွေးနွေးမှု စိုက်ပျိုးရေး၊...

၂၀၂၆ခုနှစ် ပထမ (၃) လပတ်အတွင်း...

ယခုနှစ်တွင် ယခင်နှစ်ထက် ခရီးသွားဝင်ရောက်မှု နှစ်ဆတိုးရန် ခန့်မှန်း ၂၀၂၆ ခုနှစ် ပထမ (၃) လပတ်အတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ခရီးသွားဧည့်သည် (၉) သောင်းနီးပါး...

မြန်မာ့ဆန်နှင့် ဆန်ကွဲကို တရုတ်နှင့် မဒါဂတ်စကာအပါအဝင်...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမဆုံးလဖြစ်သော ဧပြီလအတွင်း ပို့ကုန်ကုမ္ပဏီ ၄၄ ခုမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁၇၀,၀၀၀ ခန့်ကို...

ရန်ကုန်-မန္တလေး DEMU ရထား ခရီးစဉ်သစ်...

ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားများကို ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့မှ...
HomeNewsLocal Newsရှီ-ထရမ့် တွေ့ဆုံပွဲမတိုင်မီ အမေရိကန်နှင့်...

ရှီ-ထရမ့် တွေ့ဆုံပွဲမတိုင်မီ အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်တို့ တောင်ကိုရီးယားတွင် ဆွေးနွေးမည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံရန်အတွက် အမေရိကန်သမ္မတထရမ့်သည် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယခုအပတ် ပေကျင်းခရီးစဉ်မတိုင်မီ ကုန်သွယ်ရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် တရုတ်နှင့် အမေရိကန် ကိုယ်စားလှယ်များသည် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပေကျင်းရှိ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ကြေညာခဲ့သည်။

တရုတ်ဒုတိယဝန်ကြီးချုပ် ဟဲလိဖုန်းသည် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အထိ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်သို့ သွားရောက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် နှစ်ဖက်အကျိုးတူ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့်ကလည်း အဆိုပါ တွေ့ဆုံမှုကို လူမှုကွန်ရက် ပလက်ဖောင်း X တွင် အတည်ပြုခဲ့သည်။

ဘဲဆင့်က ၎င်းအနေဖြင့် “ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ဆက်တိုက်ပြုလုပ်မည့် အစည်းအဝေးများအတွက်” တနင်္လာနေ့တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူသည် အင်္ဂါနေ့တွင် တိုကျိုမြို့၌ ဂျပန်ဝန်ကြီးချုပ် စနာအေ တာကာအီချီ နှင့် တွေ့ဆုံကာ နှစ်နိုင်ငံစီးပွားရေး ဆက်ဆံရေးကို ဆွေးနွေးရန် စီစဉ်ထားသည်။ ဗုဒ္ဓဟူးနေ့တွင်မူ ဆိုးလ်မြို့၌ ခေတ္တရပ်နားကာ ဒုတိယဝန်ကြီးချုပ် ဟဲ နှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံမည့် သမ္မတထရမ့်၏အဖွဲ့ထံသို့ သွားရောက်ပူးပေါင်းမည်ဖြစ်ကြောင်း ဘဲဆင့်က ရေးသားခဲ့သည်။

ဘဲဆင့်နှင့် ဟဲတို့သည် ယခင်ကပြုလုပ်ခဲ့သော ညှိနှိုင်းဆွေးနွေးပွဲများတွင်လည်း ၎င်းတို့နိုင်ငံများကို ကိုယ်စားပြု တက်ရောက်ခဲ့ကြသူများ ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ကုန်သွယ်ရေးအငြင်းပွားမှုကြောင့် အပြန်အလှန် အခွန်တိုးမြှင့်မှုများ ဖြစ်ပေါ်ခဲ့သည်။ တရုတ်နိုင်ငံက အဓိကကုန်ကြမ်းပစ္စည်းများအပေါ် ပို့ကုန်ကန့်သတ်မှုများဖြင့် တုံ့ပြန်ခဲ့ရာ ကမ္ဘာတစ်ဝန်းရှိ စက်မှုလုပ်ငန်းများကို ဆိုးကျိုးသက်ရောက်စေခဲ့သည်။

အောက်တိုဘာလကုန်ပိုင်းက တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ပြုလုပ်ခဲ့သော ရှီနှင့် ထရမ့်တို့၏ တွေ့ဆုံမှုက အခွန်တိုးမြှင့်မှု အငြင်းပွားမှုကို ယာယီရပ်တန့်စေခဲ့သည်။ သို့သော်လည်း မြေရှားသတ္တု တင်ပို့မှု ကန့်သတ်ချက်များကဲ့သို့သော တားမြစ်ချက်များမှာမူ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရမည်းသင်းနှင့် ပျော်ဘွယ်တွင် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန် စပျစ်ဇုန်စီမံကိန်း အကောင်အထည်ဖော်မည်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များတွင် စပျစ်စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် စပျစ်ဇုန်စီမံကိန်း တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီး၏ ကွင်းဆင်းဆွေးနွေးမှု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မေလ (၁၀) ရက်နေ့က ရမည်းသင်းမြို့နယ်၊ သဲကျွန်းကျေးရွာသို့ သွားရောက်ကာ စပျစ်စိုက်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြေယာအသုံးချမှု ဆည်ရေသောက်လယ်မြေများပေါ်တွင် စပျစ်စိုက်ပျိုးနေမှုများကို ဥပဒေနှင့်ညီညွတ်အောင် စနစ်တကျ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ စီးပွားဖြစ်စိုက်ပျိုးရေး ဒေသတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ထိရောက်စွာ အသုံးပြု၍ ဝိုင်စပျစ် (Wine...

၂၀၂၆ခုနှစ် ပထမ (၃) လပတ်အတွင်း နိုင်ငံတကာခရီးသွား ၉ သောင်းနီးပါး ဝင်ရောက်၊

ယခုနှစ်တွင် ယခင်နှစ်ထက် ခရီးသွားဝင်ရောက်မှု နှစ်ဆတိုးရန် ခန့်မှန်း ၂၀၂၆ ခုနှစ် ပထမ (၃) လပတ်အတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ခရီးသွားဧည့်သည် (၉) သောင်းနီးပါး ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်မြို့ UMFCCI၌ ကျင်းပသည့်"Airlines & Tourism Indus try Forum" အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ထည့်သွင်းပြောကြားခဲ့သည်။ ယခုနှစ် ပထမ (၃) လအတွင်း ဧည့်သည် ဝင်ရောက်မှုနှုန်းအရ ၂၀၂၆ ခုနှစ်ကုန်မှာ ခရီးသွားအရေအတွက်သည် ယခင်နှစ်ထက် နှစ်ဆနီးပါးအထိ...

မြန်မာ့ဆန်နှင့် ဆန်ကွဲကို တရုတ်နှင့် မဒါဂတ်စကာအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမဆုံးလဖြစ်သော ဧပြီလအတွင်း ပို့ကုန်ကုမ္ပဏီ ၄၄ ခုမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁၇၀,၀၀၀ ခန့်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။ ​တင်ပို့မှု အခြေအနေ အဆိုပါ ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၈၁,၁၄၂ တန်နှင့် ဆန်ကွဲတန်ချိန် ၈၈,၄၁၇ တန်တို့ကို တင်ပို့ခဲ့ခြင်းဖြစ်ပြီး တင်ပို့မှုအားလုံးနီးပါးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ​အဓိက ဈေးကွက်များနှင့် နိုင်ငံများ ဆန်တင်ပို့မှုတွင် မဒါဂတ်စကာနိုင်ငံသို့ အများဆုံး တင်ပို့နိုင်ခဲ့ပြီး တရုတ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071