Monday, April 20, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeInternationalရှီနှင့် ပူတင်တို့ G...

ရှီနှင့် ပူတင်တို့ G 20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟု ဂျိုကိုဝီဒိုဒို ပြော

ရှီနှင့် ပူတင်တို့ G 20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟု ဂျိုကိုဝီဒိုဒို ပြော

တရုတ်နှင့် ရုရှား ခေါင်းဆောင်များဖြစ်သည့် ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တိုသည် နို၀င်ဘာလ၌ ဘာလီတွင်ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဘလွန်းဘတ် သတင်းဌာနသို့ သြဂုတ် ၁၈ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ရှီကျင့်ဖျင် လာမယ်။ သမ္မတပူတင်ကလည်း သူလာမယ်လို့ ကျွန်တော်ကို ပြောထားပါတယ်” ဟု ဂျိုကိုဝီက ဘလွန်းဘတ်သို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်း တုံပြန်ခြင်းမရှိခဲ့ချေ။ အလားတူ အင်ဒိုနီးရှား သမ္မတအိမ်တော်မှ တာဝန်ရှိသူများကလည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်းများ မရှိခဲ့ပေ။

ကရင်မလင်းခေါင်းဆောင် ပူတင်၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သည့် အခြားအရာရှိတစ်ဦးက ပူတင်သည် ယခုလက်ရှိ အစည်းအဝေးသို့ လူကိုယ်တိုင်တက်ရောက်ရန် စီစဉ်နေကြောင်း အတည်ပြုခဲ့သည်။

ပူတင်နှင့် ဂျိုကိုဝီတိုသည် ဘာလီ၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရမည့်အရာများကို ကြာသပတေးနေ့တွင် ဖုန်းခေါ်ဆိုကာ ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင် အဆိုပါအစည်းအဝေးသို့ ရုရှားခေါင်းဆောင် တက်ရောက်မည်၊ မတက်ရောက်မည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ယူကရိန်းသမ္မတကိုလည်း ဘာလီသို့ လာရောက်ရန် ဖိတ်ကြားထားသောကြောင့် အကယ်၍အဆိုပါ အစည်းအဝေးပွဲသို့ ပူတင်တက်ရောက်ပါက ရုရှား-ယူကရိန်း အရေးအခင်း နောက်ပိုင်း ဇလန်းစကီးနှင့် ပူတင်တို့နှစ်ဦး ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမည့် အစည်းအဝေး ဖြစ်လာနိုင်သည်။

အင်ဒိုနီးရှားသည် အဓိကစီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ (G20) အဖွဲ့၏ ဥက္ကဌအဖြစ် ဆောင်ရွက်နေပြီး ၎င်း၏အစိုးရသည် ယူကရိန်းအရေးအခင်းကြောင့် ပူတင်အား ဖိတ်ကြားထားသည်ကို ရုပ်သိမ်းရန်အတွက် အနောက်နိုင်ငံများ၏ ဖိအားပေးခြင်းများကို ရင်ဆိုင်နေရသည်။

Source: CNA/ SouthChinaMorningPost

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃ နာ ရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ပေးခြင်း၊ အခမဲ့မျက်စိကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှုပေးခြင်းများပြုလုပ်ပေးရာ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော ဘိုး/ဘွားများအားတွေ့ဆုံပြီး အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်းအတွင်းရှိ ဘိုး/ဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီး အစားအစာများကိုကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သောလူမှုဘဝကိုပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုနာ့စ်သည် ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေရန်နှင့် ရေနံဝယ်ယူရန် ရုရှားနှင့် ညှိနှိုင်းရန်အသင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စနေနေ့တွင် ပြောကြားခဲ့သည်ဟု သယ်စတား သတင်းစာက ဖော်ပြခဲ့သည်။         ယခင်က ရုရှားကို ပိတ်ဆို့အရေးယူခဲ့သော ဥရောပနှင့် အမေရိကနိုင်ငံများစွာသည်ပင် ယခုအခါ ရုရှားရေနံကို ဝယ်ယူနိုင်ရေး ယှဉ်ပြိုင်နေကြကြောင်း အန်ဝါက ထောက်ပြခဲ့သည်။        ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071