Thursday, June 25, 2026

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr....

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...
HomeNewsLocal Newsရှားပါးစာရင်းဝင် တောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းကာကွယ်နိုင်ရန်...

ရှားပါးစာရင်းဝင် တောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် အထူးလိုအပ်နေ

ရှားပါးစာရင်းဝင်အဖြစ် စာရင်းသွင်းခံထားရသည့် တောရိုင်းတိရိစ္ဆာန်များကို  ထိုတောရိုင်းတိရိစ္ဆာန်များရှိရာ မြေပြင်ရှိ လူထုကပါ ထိန်းသိမ်းပါဝင်လာနိုင်ရန် အရေးတကြီး လို အပ်လျက်ရှိနေသည်ဟု တောရိုင်းတိရိစ္ဆာန်များကို စောင့်ရှောက်ကာကွယ်နေသူများက ပြောသည်။

“တကယ်တော့ ဒီအခြေအနေမှာ မြေပြင်ထိသွားပြီး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပညာပေးဆောင်ရွက်ဖို့က သိတဲ့အတိုင်း အခက်အခဲတွေရှိနေပါတယ်၊ အဲတော့ အွန်လိုင်းကနေပဲ ထိန်းသိမ်းရေး အကြောင်းတွေ ဆောင်ရွက်နေရတာတွေရှိတယ်” ဟု ထိုသူက ဆိုသည်။

ထို့ကြောင့် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များသည် မျှော်မှန်းသလောက် အတိုင်းအတာကို ရောက်ရှိနိုင်ရန် အခက်အခဲများလည်း ရှိနေဆဲ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

မကြာသေးခင် ရက်ပိုင်းအတွင်းက မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ မြန်မာနိုင်ငံ၏ အရှားပါးဆုံးမျိုးစိတ်တခုဖြစ်ကာ နိုင်ငံတကာက ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် သတ်မှတ်ထားသည့် အင်းကျား တစ်ကောင် အပစ်ခံလိုက်ရသည့် ဖြစ်စဉ်ရှိသည်။

“ဖြစ်စဉ်က ဂျီထောင်တဲ့ သုတ်ကိုင်းမှာ မိရာက‌‌ မသိတော့ ကျား‌ပေါက်မှတ်လို့ လူကိုက်တတ်တယ်ဆိုပြီး တူးမီးနဲ့တွယ်ထည့်လိုက်တာတဲ့၊ မြန်မာနိုင်ငံရဲ့ အရှားပါးဆုံးမျိုးစိတ်မို့
နှမြောလိုက်သည့်ဖြစ်ခြင်း။ အတတ်နိုင်ဆုံး နောက်ကို ဒီလိုကောင်တွေ တွေ့ရင်မလုပ်ကြဖို့လှမ်းတော့ တားထားမိပါတယ်” ဟု ထိုဖြစ်စဉ်ကို သိရှိသူတစ်ဦးက လူမှုကွန်ရက်မှ တဆင့် အသိပေးထားသည်။

ထိုသို့သော ဖြစ်စဉ်များကြောင့် ရှားပါးစာရင်းဝင် တောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းရေးကို မြေပြင်တွင်ပါ အသိပညာပေးဆောင်ရွက်နိုင်ရန် လိုအပ်နေခြင်း ဖြစ်သည်ဟုလည်း တိရစ္ဆာန်ဆရာဝန်တစ်ဦးကလည်း မှတ်ချက်ပေးသည်။

“အဆင့်ဆင့်ပညာပေးဖို့လိုတယ်၊ ပညာပေးနိုင်ဖို့ ကျွမ်းကျင်သူတွေရှိဖို့လိုတယ်၊ ကျွမ်းကျင်သူတွေရှိဖို့ စီမံဖို့လိုတယ်၊ ပြောရရင်တော့ အများကြီးပါ” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအတွင်း၌ မြေပြင်ထိ အသိပညာပေး လှုပ်ရှားခဲ့ကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများရှိသောကြောင့်  ထိုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည်ဟု သူကဆိုသည်။

“မုဆိုးတွေဆိုရင်လည်း ဒီမုဆိုးတွေကို ဘယ်လို စည်းရုံးမလဲ၊ မုဆိုးတွေပါ ထိန်းသိမ်းရေးထဲ ပါလာအောင် ဘယ်လိုလုပ်မလဲ ၊ ဒါတွေပါ ထည့်တွေးနိုင်ဖို့ လိုတယ်” ဟု ၎င်းက ဆက်ပြောပြသည်။

ထိုနည်းတူ မျိုးတုန်းမည့် အန္တာရာယ်များအကြား ထိန်းသိမ်းရန်လိုအပ်လာသည့် ပန်ဒါနီများလည်း ရှိနေပြီး တောအတွ င်း၌ ရှိနေသည့် ပန်ဒါနီများကို မျိုးတုန်းမှုဘေးမှ ကာကွယိနိုင်ရန် ထိန်းသိမ်းကာကွယ်ရန်အတွက် ဒေသခံများ ပါဝင်ရန်အရေးကြီးကြောင်း၊ ဒေသခံများနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေပြုခြင်းနှင့် အသိပညာပေးခြင်းများကိုလ ည်း ပြုလုပ်သင့်ကြောင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ထောက်ပြပြောဆိုထားကြသည်။

ဓာတ်ပုံ – Lin Yone Man Fb

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယမန်နေ့ က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မပျက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး၊ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သံတမန်ရေးရာနှင့်ဥပဒေရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား...

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071