Monday, December 15, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeNewsLocal Newsရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ...

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) အနေဖြင့်  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်လိုက်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူဖြစ်သည့် ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပေါ်ပြူလာနယူး(စ်)သို့ ပြောသည်။

SNLD ပါတီ အနေဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရမှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

SNLD ပါတီအနေဖြင့် မှတ်ပုံတင် ဥပဒေသစ်၏ ပေးထားချက်ဖြစ်သည့် (၂) လတာအတွင်း ၎င်းတို့၏ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရဖို့ အချိန်ကာလအားဖြင့်၄င်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအခြေအနေများအရ၄င်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့သည့်အတွက် အခက်အခဲတစ်ရပ်အနေဖြင့်ရှိခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထို့အပြင် UEC ကိုယ်၌ကပင် ရွေးကောက်ပွဲကျင်းပမည့် အချိန်အတိအကျ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသည့်အတွက် မတ်လ (၁၆) ရက်နှင့် (၁၇) ရက်တွင် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးက ပါတီအား မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

” မရေမရာ ဖြစ်နေတဲ့ အခြေအနေမှာ၊သာမန်အခြေအနေမဟုတ်တဲ့ ကာလမှာ ရွေးကောက်ပွဲဆိုတာထက် တိုင်းပြည်ပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက်ကို ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုအပ်ပါတယ်။ တိုင်းပြည် ပြန်လည်တည်ငြိမ်အေးချမ်းပြီးကာမှ ဒီမိုကရေစီအပြောင်းအလဲကို အာမခံနိုင်တဲ့ ရွေးကောက်ပွဲတစ်ခု၊ အားလုံးပါဝင်ဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းကို ဖန်တီးနိုင်တဲ့ ရွေးကောက်ပွဲတစ်ခု ၊ ဖက်ဒရယ်ဒီမိုကရေစီခရီးလမ်းဆီကို ဦးတည်တဲ့ အခြေအနေတစ်ခုပေါ်ပေါက်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်တယ်။ SNLD အနေနဲ့ကတော့ အဲဒီအခြေအနေပေါ်ဖို့အတွက်ဆိုရင် တတ်နိုင်တဲ့ဘက်က အမြဲတမ်းကြိုးပမ်းသွားမယ်ဆိုတာ အသိပေးတင်ပြလိုပါတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၂၆) ရက်တွင် အသစ်ပြဌာန်းခဲ့သည့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ ယခင်ရှိရင်းစွဲ ပါတီများအနေဖြင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုပါက (၂) လအတွင်း မှတ်ပုံပြန်တင်ရမည်ဖြစ်ပြီး အကယ်၍ မှတ်ပုံပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်မည်ဟု ပြဌာန်းထားခြင်း ဖြစ်သည်။

၎င်းတို့အနေဖြင့် ပါတီမှတ်ပုံပြန်မတင်သည့်အတွက် ပါတီမှတ်ပုံတင် အလိုအလျှောက် ပျက်ပြယ်သွားမည် ဖြစ်သော်လည်း ပါတီမှတ်ပုံမတင်ခြင်းသည် ပြစ်မှုတစုံတရာကျူးလွန်ခြင်း မဟုတ်သည့်အတွက် ထူးထူးခြားခြား ထိခိုက်နစ်နာစရာမရှိကြောင်း SNLD ဘက်ကဆိုသည်။

” နိုင်ငံရေးပါတီတစ်ရပ်က သူ့အနေနဲ့ မှတ်ပုံပြန်မတင်ဘူးဆိုရင်တော့ မှတ်ပုံတင် အလိုအလျှောက် ပျက်ပြယ်တာပေါ့ဗျာ။ သို့ပေမယ့်လို့ ကျွန်တော်တို့က ရွေးကောက်ပွဲအတွက် အဆင်သင့်မဖြစ်လို့ မှတ်ပုံဆက်မတင်လည်း ဒါဟာ ပြစ်မှုတစုံတရာကျူးလွန်တာ မဟုတ်ဘူး။ ပါတီနဲ့ ပတ်သက်လို့တော့ မှတ်ပုံတင် မရှိတော့ဘူး ။ သို့သော် ကျွန်တော်တို့ ကိုယ်တိုင်က ပြစ်မှုတစုံတရာကျူးလွန်တာ မဟုတ်တဲ့အတွက် ထူးထူးခြားခြားတော့ ထိခိုက်စရာမရှိဘူးလို့ ဒီအတိုင်းပဲ ယူဆပါတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။

လက်ရှိအချိန်ထိ နစက၏ ပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံပြန်တင်လာသည့် နိုင်ငံရေးပါတီ (၃၀) ဝန်းကျင် ရှိနေပြီး ထိုအထဲတွင် ပြည်ထောင်တစ်ဝန်း လှုပ်ရှားမည့် ပါတီမှာ (၁၀) ပါတီအောက်တွင်သာ ရှိနေသေးကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071