ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်မှုလုပ်ငန်း (၈) ခုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၈) ခုကို ခွင့်ပြုပေးခဲ့ကြောင်း ကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှ သိရှိရခြင်း ဖြစ်သည်။
ကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈)ခု၊ ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန်ဒေါ်လာ (၁၈.၁၉၀) သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၈)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၇.၅၉၂)သန်း အပါအဝင် ကျပ်သန်း (၄၆၂၁၆.၃၀၁)ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအနေဖြင့် ပြည်တွင်းတွင် (၁၆၉၈)ဦးနှင့် ပြည်ပတွင် (၇၈)ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံလိုသည့်လုပ်ငန်းများနှင့် ပတ်သတ်၍ ခွင့်ပြုနိုင်မည့် ကိစ္စရပ်များကိုလည်း တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသေးသည်။
