Tuesday, May 19, 2026

​အိန္ဒိယအသင်းကို (၂)ပွဲပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ ဆက်လက်တက်လှမ်းသွားသည့်...

​အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး​ပထမပွဲတွင် (၁၅-၉) ရလဒ်၊​ဒုတိယပွဲတွင် (၁၅-၅) ရလဒ်တို့ဖြင့် ​ပြိုင်ဘက်အိန္ဒိယအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည်...

ထိုင်းကိုအနိုင်ယူပြီး ကမ္ဘာ့ဖလားပိုက်ကျော်ခြင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည့်...

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ၂၀၂၆ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) တွင် မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းသည် နာမည်ကြီး...

အင်းလေးဖောင်တော်ဦးဘုရားကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဖူးမြှော်ကြည်ညို  သာသနိကအဆောက်အဦများကို...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီးတို့သည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေ သ၊ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦးဘုရားရုပ်ပွားတော်မြတ်(၅)ဆူကို ယနေ့ မေ ၁၈ ရက်ကဖူးမြော်ကြည်ညိုခဲ့သည်။ ထိုသို့ ဖူးမြှော်ကြည်ညိုပြီးနောက်...

ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေဌားဂရမ်ထုတ်ပေးနိုင်ရေး ရွှေဘိုမြို့နယ်၌ကွင်းဆင်းဆောင်ရွက်

ရက်(၁၀၀)စီမံချက်ဖြင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စု၊ မြောင်းကြီးကျေးရွာ၌ ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် မြေငှားဂရမ်ဆောင်ရွက်မည့်မြေနေရာများကို ယနေ့ မေ ၁၈ ရက်ကကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊...
HomeNewsLocal Newsရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များကို အသစ်ပြန်လည်...

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များကို အသစ်ပြန်လည် ဖွဲ့စည်းမည်

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ ဘောလုံးအား ကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်မြို့နယ်ဘော လုံးအဖွဲ့ချုပ်များကို အသစ်ပြန်လည်ပြင် ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အားကစားရေးရာဝန်ကြီးဌာနထံက သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်ဘော လုံးအဖွဲ့ချုပ်များကို စနစ်တကျ ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်မည့် လုပ်ငန်းစဉ်များ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်မှ ရှေ့ဆက်ဆောင်ရွ က်မည့် လုပ်ငန်းစဉ်များနှင့် ဘောလုံးပြိုင်ပွဲများ ကျင်းပပြု လုပ်မည့် အစီအစဉ်များ အားကစားကွင်းများနှင့်ပတ်သက် ၍ လိုအပ်သည့် ပြင်ဆင်မှုများနှင့် ရည်ရွယ်ချက်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်အဆင့်အဖွဲ့ချုပ်များကို ပြန်လည်ဖွဲ့စည်းခြင်းဖြင့် ရှမ်းပြည်နယ်အတွင်းရှိ လူငယ်ကစားသမားသစ်များ ပေါ် ထွက်လာရေးနှင့် ဒေသတွင်း ဘောလုံးပြိုင်ပွဲများ ပိုမိုစည် ကားလာစေရန် မျှော်လင့်လျက်ရှိကြောင်း ဆိုသည်။

ယင်း အစည်းအဝေးကို မေလ (၁၆) ရက်၊ နံနက် (၁၁) နာရီတွင် တောင်ကြီးမြို့ရှိ ရတနာနန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်(MFF) မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင် (ဂိုး)၊ ရှမ်းပြည်နယ် အား ကစားနှင့်ကာယပ ညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ရှမ်းပြ ည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် တာဝန်ရှိသူ များ၊ မြို့နယ်အသီးသီးမှ အားကစားမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လူကိုယ်တိုင် မတက်ရောက်နိုင်သည့် မြို့နယ်များမှ တာဝန်ရှိသူများကလည်း Zoom Meeting မှတစ်ဆင့် အွန်လိုင်းဖြင့် တက်ရောက်ကာ လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​အိန္ဒိယအသင်းကို (၂)ပွဲပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ ဆက်လက်တက်လှမ်းသွားသည့် မြန်မာ ပိုက်ကျော်ခြင်းအသင်း​​ယနေ့ည (၈) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် (၃) ယောက်တွဲ ပိုက်ကျော်ခြင်း ကွာတားဖိုင်နယ် ပွဲစဉ်တွင်လည်း မြန်မာအသင်းက အိန္ဒိယအသင်းကို (၂) ပွဲပြတ်ရလဒ်ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

​အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး​ပထမပွဲတွင် (၁၅-၉) ရလဒ်၊​ဒုတိယပွဲတွင် (၁၅-၅) ရလဒ်တို့ဖြင့် ​ပြိုင်ဘက်အိန္ဒိယအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပွဲချိန်တစ်လျှောက်လုံး အမှားအယွင်းမရှိ တိုက်စစ်နှင့် ခံစစ် မျှတစွာ ကစားနိုင်ခဲ့သည့်အတွက် ယခု ကဲ့သို့ ဂိုးပြတ်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ​အဆိုပါ အနိုင်ရရှိမှုကြောင့် မြန်မာပိုက်ကျော်ခြင်းအသင်းသည် ဆီမီးဖိုင်နယ် အ ဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီး နောက်တစ်ဆင့်အတွက် ဆက်လက် ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

ထိုင်းကိုအနိုင်ယူပြီး ကမ္ဘာ့ဖလားပိုက်ကျော်ခြင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည့် မြန်မာအသင်း

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ၂၀၂၆ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) တွင် မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းသည် နာမည်ကြီး ထိုင်းအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်အနိုင်ယူကာ ၄ ယောက်တွဲပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။ ယနေ့ကျင်းပပြုလုပ်သည့် Quadrant Event ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အာရှအင်အားကြီး ထိုင်းအသင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းအတွက် ပွဲထွက်လူစာရင်းတွင် အာဒစ်၊ ရှိန်းလေး၊ ကျောင်းတိုက် မျိုးလေးတို့က အမာခံကစားသမားများအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပွဲစဉ်တစ်လျှောက်နှစ်ဖက်အပြန်အလှန် အကြိတ်အနယ်ရှိခဲ့ပြီး မြန်မာအသင်းက ပွဲရလဒ် (၂) ပွဲ...

အင်းလေးဖောင်တော်ဦးဘုရားကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဖူးမြှော်ကြည်ညို  သာသနိကအဆောက်အဦများကို မူလလက်ရာမပျက်ပြင်ဆင်ထားမှုကိုကြည့်ရှုစစ်ဆေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီးတို့သည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေ သ၊ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦးဘုရားရုပ်ပွားတော်မြတ်(၅)ဆူကို ယနေ့ မေ ၁၈ ရက်ကဖူးမြော်ကြည်ညိုခဲ့သည်။ ထိုသို့ ဖူးမြှော်ကြည်ညိုပြီးနောက် ဘက်စုံပြုပြင်မွမ်းမံရန် အလှူငွေများပေးအပ်လှူဒါန်းပြီး အင်းလေးဖောင်တော်ဦးရင်ပြင်တော်ရှိ စိန်နှင့်မြကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ဘုရားရင် ပြင်တော်ရှိ နေပူခံကျောက်ပြားများကွဲအက်ပျက်စီးမှု၊ မုခ်ဦးများ၊ လှေကားများ၊ ကရဝိတ်ဖောင်တော်ထားရှိရာအဆောင်နှင့် အခြားသာသနိကအဆောက်အအုံများ ပြိုကျပျက်စီးမှုတို့ကို မူလလက်ရာမပျက်ပြန်လည်ပြု ပြင်ထားရှိမှုများအားကြည့်ရှုခဲ့သည်။ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကိန်းဝပ်သတင်းသုံးတော်မူရာ ရင်ပြင်တော်ရှိ သာသနိကအဆောက်အ အုံအချို့သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ နယ်မြေခံပြည်နယ်အင်ဂျင်နီယာများနှင့် အဖွဲ့များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်များဖြင့် ဆွေးနွေးတိုင်ပင်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071