ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ် (၂၇)ရပ်ကွက် လှော်ကားဥယျာဉ်လမ်း၊ ကံဦးကျောင်းတိုက်အနီးတွင် ယာဉ်(၃)စီး တို-က်မှုဖြစ်ပွားပြီး ကုန်ကားပေါ်မှ ယာဉ်အကူ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် နယ်မြေခံ ပရဟိတအသင်းထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ (၁၈)ရက်၊ ညနေပိုင်းအချိန်က ကုန်ကား (၂)စီးနှင့် အခြားယာဉ်တစ်စီတို့ တို-က်မိမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ We Love Care လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ကုန်တင်ကားပေါ်မှ ယာဉ်အကူအမျိုးသား တစ်ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့သဖြင့် ကိုနိုင်လှော်ကားပရဟိတအသင်းမှ ရှေးဦးလူနာပြုစုပေးခဲ့ရပြီး We Love Care လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ (၁၆)ရက်၊ ည (၈)နာရီအချိန်ခန့်ကလည်း ရွှေပြည်သာမြို့နယ်၊ (၂)ရက်ကွက်၊ အမှတ်(၄) လမ်းမ၊ ရွှေပြည်သာကွေ့မီးပွိင့်တွင် ယာဉ်(၃)စီး ဆင့်တို-က်မှု ဖြစ်ပွားပြီး အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာများရခဲ့ပြီး (၁)ဦးမှာ ဒဏ်ရာအပြင်းထန်ရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၊ ဒေသခံများနှင့် နယ်မြေခံ ပရဟိတအသင်းတို့ထံမှ သိရသည်။
ဖေဖော်ဝါရီ (၁၇)ရက်၊ နံနက် (၁၀)နာရီခွဲအချိန်ခန့်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်၊ သံသုမာလမ်းပေါ် ယာဉ် (၄)စီး ရှေ့နောက် ဆင့်တို-က်မိမှု ဖြစ် ပွားရာ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁)ဦးတို ထိခိုက်ဒ ဏ်ရာများရခဲ့ကြောင်း ဖြစ်စဉ်ကို သွားရောက် ကူညီခဲ့သည့် လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။
