Sunday, March 16, 2025

နွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်...

၂၀၂၅ ခုနှစ် နွေရာသီမှာ အပူချိန် မများနိုင်သော်လည်း နွေ ရာသီကာလ ဖြစ်လေ့ရှိသော ပူပြင်းခြောက်သွေ့သည့် လေ ပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုနေထိုင်ရန်...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏...

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏...

စွမ်းအင်၊ ဓါတ်သတ္ထုများဆိုင်ရာ ဒေါ်လာဘီလျံချီသော စာချုပ်များကို...

ဗီယက်နမ်ခေါင်းဆောင်များသည် အမေရိကနှင့် ကုန်သွယ်မှု မညီမျှခြင်းကို လျှော့ချနိုင်ရေး၊ ထရမ့်ပ်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုဒဏ်ခံရနိုင်ခြေကို သက်သာစေရေး ကြိုးပမ်းချက်အဖြစ် အမေရိကနှင့် အကြီးစားသဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ဗီယက်နမ်...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အ မျိုးသား (၂) ဦး၊ အမျိုးသမီး(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရထားကြောင်း...
HomeNewsLocal Newsရွှေဒင်္ဂါးများ ​ရောင်း​ပေး​တော့မည်ဖြစ်၍မနက်ဖန်တွင် ဒေါ်လာဈေး...

ရွှေဒင်္ဂါးများ ​ရောင်း​ပေး​တော့မည်ဖြစ်၍မနက်ဖန်တွင် ဒေါ်လာဈေး ၃၀၀၀ အောက်ကျဆင်းနိုင်

​ရွှေဒင်္ဂါးများ ​ရောင်း​ပေး​တော့မည်ဖြစ်၍မနက်ဖန်တွင် ဒေါ်လာဈေး ၃၀၀၀ အောက်ကျဆင်းနိုင်

ဩဂုတ်လ (၃၁) ရက် ဈေးကွက်ပိတ်ချိန် (၁) ဒေါ်လာ ၄၅၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည့် ကန်ဒေါ်လာ ငွေလဲဈေးနှုန်းမှာ စက်တင်ဘာ (၁) ရက်ဈေးကွက်ပိတ်ချိန်တွင်  (၁) ဒေါ်လာလျင် ၃၅၀၀ ကျပ်အထိ ကျဆင်းသွားကြောင်း သိရသည်။

မနက်ဖြန် ​ရွှေ​စျေး ၂,၈၀၀,၀၀၀ အထိဆင်းမည်ဟု ​ကုန်သည်များခန့်မှန်းထားသည်။ရွှေ ၂,၈၀၀,၀၀၀ ဖြစ်လျှင် ငွေစျေး ၃၁၀၀ ဟုခန့်မှန်းထားကြပြီး ဗဟိုဘဏ်က ထပ်တိုးအစီအမံများကြေညာလာပါက ငွေစျေး ၃၀၀၀ အောက်ရောက်မည်ဟုခန့်မှန်းထားသည်ဟု ကုန်သည်အသိုင်းဝိုင်းမှသိရသည်။

ယခုည ၉ နာရီတွင်ရရှိ​သော သတင်းအရရွှေဒင်္ဂါးများသတ္တုတွင်းဝန်ကြီးဌာနမှရောင်းချပေးမည်ဟု သိရှိရသည်။

‌ကန်‌ဒေါ်လာ သန်း ၂၀၀ ကျော်ကို ဈေးကွက်အတွင်း လည်ပတ်ငွေအဖြစ် အသုံးပြုနိုင်ရန် ထုတ်ချေးပေးမည်ဟု ဩဂုတ်လ (၃၁) ရက် ညပိုင်းက ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ထုတ်ပြန်ခဲ့ပြီး နောက်တစ်ရက်အတွင်း စက်တင် ဘာလ (၁) ရက်တွင် နံနက်ပိုင်း အဖွင့်ဈေးအနေဖြင့် ၄၀ ၀၀ ကျပ်ဖြင့် ဈေးဖွင့်ကာ အရောင်းအဝယ် ပြုလုပ်ခဲ့သော်လည်း ညနေပိုင်းတွင် ၃၅၀၀ ကျပ်အထိ ထပ်မံ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားငွေ ဈေးကွက်အတွင်း၌ ဒေါ်လာလိုအပ်ချက် မြင့်မားနေမှုကို အခွင့်ကောင်းယူကာ ဈေးကစားမှုများကြောင့် ရက်ပိုင်းအတွင်း ဈေးအဆမတန်မြင့်တက်ခဲ့မှုကို ထိန်းချုပ်သည့် အနေဖြင့် ဗဟိုဘဏ်က စက်သုံးဆီ နှင့် စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများကို AD ဘဏ်များမှတဆင့် ဒေါ်လာ ထုတ်ချေးရန် ပြင်ဆင်ခဲ့ခြင်း ဖြစ် သည်။

ယင်းသို့ လုပ်ဆောင်ခြင်းကြောင့် ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း ကျဆင်းသွားမည်ဟု ခန့်မှန်းကြောင်း ဗဟိုဘဏ် တာဝန်ရှိသူက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

“လက်ရှိတွင် စက်သုံးဆီကုမ္ပဏီများမှ နိုင်ငံခြားငွေလို အပ်ချက်မှာ အများဆုံးဖြစ်သဖြင့် ယင်းကဏ္ဍကို ပံ့ပိုးပေးခြင်းဖြင့် နိုင်ငံခြားငွေဈေးကွက်တွင် ဝယ်လိုအား လျော့နည်း သွားနိုင်ပြီး ဈေးကွက်သဘောတရားအရ ဝယ်လိုအား လျော့နည်းပါက ငွေလဲလှယ်နှုန်း မြင့်တက်ခြင်းကို ထိန်းသိမ်းနိုင်မည်ဟု ခန့်မှန်းပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်၏ ဒေါ်လာငွေလဲနှုန်း ရည်ညွှန်းဈေးမှာ ၂၁၀၀ ကျပ် သတ်မှတ်ကာ အဆိုပါ ဈေးနှုန်းနှင့် ၃ ရာခိုင်နှုန်းသာ ကွာဟ ရောင်းဝယ်ရန် ညွှန်ကြားထားသော်လည်း ပြင်ပဈေးကွက် ပေါက်ဈေးနှင့် ၁၄၀၀ ကျပ် ကွာဟနေဆဲဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ် အထူးဂရုပြုနေထိုင်ရန် လိုအပ်ဟုဆို

၂၀၂၅ ခုနှစ် နွေရာသီမှာ အပူချိန် မများနိုင်သော်လည်း နွေ ရာသီကာလ ဖြစ်လေ့ရှိသော ပူပြင်းခြောက်သွေ့သည့် လေ ပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုနေထိုင်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်း ပြောဆိုချက်အရ သိရသည်။ လက်ရှိ နွေရာသီကာလအတွင်းသို့ ဝင်ရောက်လာနေပြီဖြစ်သောကြောင့် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာသော်လည်း အယ်လ်နီညိုဖြစ်ခဲ့သည့် ၂၀၂၄ ခုနှစ်လောက် ၂၀၂၅ ခုနှစ် နွေရာသီတွင် အပူချိန်မများနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ရေးထားသည်။ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖြစ်လာနိုင်သည့် အပူချိန်ကြို တင်ခန့်မှန်းချက်အရ မန္တလေးတိုင်း၊...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် လူဦးရေသုံးသောင်းကို စတုဒိသာ ကျွေးမွေးသွားမည်

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏ သက်တော် (၈၅) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကုသိုလ်ကို ပူဇော်သော အားဖြင့် အများကောင်းမှု အဖြစ် လူဦးရေ (၃) သောင်းစာ စတုဒိသာ အာဟာရဒါနအလှူအဖြစ် ပေါ်ဆန်းမွှေး ထမင်းဖြူနှင့်အတူ ကြက်သားဟင်း၊ သီးစုံချဉ်ရည်ဟင်း၊ ပုဇွန်ခြောက်ထောင်းအစပ်ကြော်၊ ကြက်သဲမြစ် ပဲကြာဇံကြော်၊ ခရမ်းချဉ်သီးချက်တို့ကို ကျွေးမွေးသွားမည်ဖြစ်သည်။ စတုဒိသာ အလှူတော်မင်္ဂလာကို ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ အောင်ချမ်းသာရပ်ကွက်ရှိ...

စွမ်းအင်၊ ဓါတ်သတ္ထုများဆိုင်ရာ ဒေါ်လာဘီလျံချီသော စာချုပ်များကို အမေရိကနှင့် ဗီယက်နမ် ကုမ္ပဏီများ လက်မှတ်ရေးထိုး

ဗီယက်နမ်ခေါင်းဆောင်များသည် အမေရိကနှင့် ကုန်သွယ်မှု မညီမျှခြင်းကို လျှော့ချနိုင်ရေး၊ ထရမ့်ပ်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုဒဏ်ခံရနိုင်ခြေကို သက်သာစေရေး ကြိုးပမ်းချက်အဖြစ် အမေရိကနှင့် အကြီးစားသဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး၏ အမေရိကခရီးစဉ်အတွင်း ဗီယက်နမ် ကုမ္ပဏီများသည် စွမ်းအင်၊ ဓါတ်သတ္ထု့ဆိုင်ရာ သဘောတူညီချက်များကို အမေရိက ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာနှင့် သက်ဆိုင်ရာ ကုမ္ပဏီတစ်ခုတို့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဗီယက်နမ်ကုမ္ပဏီများသည် အမေရိက ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ရည်များဝယ်ယူရန် ဆွေးနွေးခဲ့သည်ဟု သဘောတူညီချက်တစ်ခုတွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံပိုင် PetroVietnam Power ကုမ္ပဏီက ပြောဆိုခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071