Friday, June 12, 2026

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN...

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား...

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင်...

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း...

သီပေါမြိုနယ်အတွင်း ၂၄ နာရီ ဖုန်းလိုင်းများ...

ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်လျှင် ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရ သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ လုံလောက်စွာမရရှိသေးသည့် အခြေအနေများရှိနေပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်ကို ကျပ်သိန်း...
HomeNewsLocal Newsရွှေဈေးကစားသူများကို သိရှိနိုင်ရန် အတုံး၊...

ရွှေဈေးကစားသူများကို သိရှိနိုင်ရန် အတုံး၊ ရွှေခဲရောင်းဝယ်မှုကို Online Trading ဖြင့် ဆောင်ရွက်မည်

ဈေးကွက်အတွင်း ဈေးကစားသူများကို တိကျစွာသိရှိနိုင်ရန်အတွက် ရွှေအတုံး၊ ရွှေခဲရောင်းဝယ်မှုအား Online Trading ဖြင့် ဆောင်ရွက်ပြီး ဈေးနှုန်းနှင့် ငွေပေးချေမှုများကို စိစစ်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

ယမန်နေ့ ဩဂုတ်လ (၁၂) ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားငွေကြေးဈေးကွက်တွင် Online Trading အစီအစဉ်ဆောင်ရွက်သကဲ့သို့ ရွှေတုံး၊ ရွှေခဲရောင်းဝယ်မှုများအတွက် Online Trading အစီအစဉ် ဆောင်ရွက်ရန်လိုအပ်ပြီး ရွှေဈေးကွက်တည်ငြိမ်ခိုင်မာရေးအတွက် အလေးချိန်သတ်မှတ်ချက် စံချိန်စံညွှန်း၊ အရည်အသွေး သတ်မှတ်ချက်စံချိန် စံညွှန်းနှင့် ဈေးနှုန်းသတ်မှတ်တွက်ချက်သည့် လုပ်ငန်းအစီအစဉ်များအတိုင်း တရားဝင်မှတ်ပုံတင်လက်မှတ်ရှိသူများသာ Online Trading အစီအစဉ်တွင် တရားဝင် စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ရောင်းဝယ်ခွင့်ပြုမည်ဟုလည်း သိရသည်။

ကြီးကြပ်စစ်ဆေးသူများ အနေဖြင့်လည်း ဈေးနှုန်းများ မတည်ငြိမ်စေရန်နှင့် ကမောက်ကမဖြစ်စေရန် ဈေးကစားသူများတွင် ရွှေဆိုင်များပါဝင်နေခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များနှင့် လိုအပ်သည့် မှတ်ပုံတင်လက်မှတ်များ ရှိ/ မရှိ၊ အမှန်တကယ် တရားဝင်အရောင်းအဝယ်ပြုလုပ်နေသည့် ဈေးနှုန်းများ၊ ငွေပေးချေသည့် နည်းလမ်းများစသည့်အချက်များကို သေချာစွာစိစစ်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ပြည်တွင်း ရွှေဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် မြင့်တက်လျှက်ရှိရာ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် (၃၇) သိန်းကျပ်ကျော်အထိ မြင့်တက်နေပြီး ယင်းကဲ့သို့ မြင့်တက်နေရခြင်းမှာ ဒေါ်လာဈေးမတည်ငြိမ်မှု၏ အကျိုးဆက်ကြောင့်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ပြီးခဲ့သည့် လဆန်းပိုင်းက စတင်ခဲ့သည့် နှစ်သောင်းတန်ငွေစက္ကူသစ် ဂယက်နှင့် အာရှလမ်းသစ်ပျက်စီးမှုကြောင့် ထိုင်း – မြန်မာ ကုန်သွယ်မှုရပ်တန့်စေခဲ့သည့် ဖြစ်စဉ်ဂယက်ကြောင့် နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း ဈေးနှုန်းများ မတည်မငြိမ်ဖြစ်ပေါ်လျှက်ရှိရာ အမေရိကန်ဒေါ်လာဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် မြန်မာငွေ (၃၆၀၀) ကျော်အထိ မြင့်တက်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဒေါ်လာဈေး မြင့်တက်မှုကို အကြောင်းပြကာ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ကာ ရွှေဈေးကစားသူများက ဈေးစွဲတင်မှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းမှ အဆမတန် မြင့်တက်လာခြင်း ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ယင်းကဲ့သို့ ရွှေဈေး ကစားသူများ၏ မဟုတ်မမှန်ဈေးနှုန်း ဖော်ပြပြီး အကျိုးအမြတ်ရရှိစေရန် မသမာသော နည်းလမ်းဖြင့် ဆောင်ရွက်နေသူများအား စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာအရေး ယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်ရန်လည်း ဗဟိုဘဏ် ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်လာသည့် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးထားသည်။ အဆိုပါပွဲစဉ်တွင် အားကောင်းသည့် လက်သီးချက်များ ပိုင်ဆိုင်ထားသည့် ကျော်စွာဝင်း၏အောက်၌ ထိုင်းဖိုက်တာ SLATAN အလဲထိုးခံရမလားဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်နေသည်။ ONE Championship ပြိုင်ပွဲ၏ ရလဒ်မှတ်တမ်း (Record) များအရ ကျော်စွာဝင်းသည် (၂) ပွဲထိုး၊ (၁) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပြီး၊...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၄၀,၀၀၀ ဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်မှ ဇွန် ၃၀ ရက်အထိ ရောင်းချရန် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ ထို့ပြင် DI Ammonium Phosphate (DAP)...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာ့ကျောက်စိမ်း လေလံပွဲ ပထမဆုံးအကြိမ် နိုင်ငံပြင်ပ၌ ကျင်းပ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း (Myanmar Jade) ကို အထူးပြခန်းတစ်ခုအဖြစ် ထည့်သွင်းပြသထားပြီး မြန်မာ့ကျောက်စိမ်း လေလံပွဲကို နိုင်ငံပြင်ပ၌ ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။ Hall-7 ၌ ဖွင့်လှစ်ထားသည့် Myanmar Jade Auction Pavilion တွင် လုပ်ငန်း ၁၈ ခုမှ တင်ပြထားသည့် ကျောက်စိမ်းအကြမ်းထည်နှင့် အချောထည် လက်ဝတ်ရတနာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071