Tuesday, June 16, 2026

မြန်မာ-တရုတ် ဆက်ဆံရေး အခန်းကဏ္ဍသစ်ဆီသို့ ဦးတည်သည့်...

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေးနွေးသဘောတူခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များနှင့် စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို ဇွန် ၁၆ ရက်က ပေကျင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ...

မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၄)ဆိုင်ကို ရှောင်တခင်စစ်ဆေး

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်ကို ဇွန် ၁၅ ရက်တွင် ရေနံထွက်ပ စ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးတိုင်း ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးက မန္တလေးတိုင်း ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီး ကြပ်ရေးဆပ်ကော်မတီ၏ကြီးကြပ်မှုဖြင့်...

ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် Great Hall...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Great Hall...

Great Hall အတွင်း မြန်မာနိုင်ငံတော်သမ္မတအား...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံက တရားဝင်ကြိုဆိုဂုဏ်ပြုမည့် အခမ်းအနားအတွက် ပေကျင်းမြို့ရှိ Great Hall of...
HomeNewsLocal Newsရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ်...

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က ဝင်ရောက်ဖမ်းဆီးမှုစတင်

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို ယနေ့ နံနက်ပိုင်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါတပ်၏ တာဝန်ရှိသူများထံမှ သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၁၄) ရက် နံနက် (၆) နာရီအချိန်မှစတင်ကာ ရွှေကုက္ကိုလ်ဒေသရှိ ကျားဖျန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းကာ စစ်ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

” မနက် (၆) နာရီလောက်မှာ စလုပ်တာပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တရုတ်နှင့် ထိုင်း အစိုးရ အာဏာပိုင်တို့က ရွှေကုက္ကိုလ်ဒေသရှိ ကျားဖျန့်ဂိုဏ်းများကို နှိမ်နှင်းရန် ဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ကရင်နယ်ခြားစောင့်တပ် ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်နိုင်ရန် ထိုင်းဘက်က ပြင်ဆင်မှုများ လုပ်ဆောင်နေချိန်လည်းဖြစ်သည်။

ယင်းကဲ့သို့ ဖိအားပေးမှုများ ပြင်းထန်လာချိန်တွင် အဆိုပါဒေသရှိ ကျားဖျန့်လုပ်ငန်းများအား အရေးယူနှိမ်နှင်းမှုများ တိုးမြှင့်လုပ်ဆောင်မည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF) ဘက်ကလည်း တရားဝင် ထုတ်ပြောထားပြီး ဖြစ်သည်။

ယင်းကဲ့သို့ အရေးယူမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၂) ရက်က BGF ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးလုပ်ကာ ကျားဖျန့်နှင့်လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ (၄)ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ထိုသို့ ဖွဲ့စည်းလိုက်သည့် အဖွဲ့(၄) ဖွဲ့ထဲတွင် စစ်ဆင်ရေးအဖွဲ့ (၃) ဖွဲ့ပါဝင်ပြီး ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးအဖွဲ့တစ်ဖွဲ့လည်း ပါဝင်ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) ထံမှ သိရသည်။

ထိုသို့ ဖွဲ့စည်းပြီး (၂) ရက်အကြာ ယနေ့နံနက်ပိုင်းတွင် ရွှေကုက္ကိုလ် ဒေသရှိ တရုတ်လုပ်ငန်းရှင်များပိုင်ဆိုင်သည့် လုပ်ငန်းများကို BGF က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်ကာ စစ်ဆေးခြင်း ၊ ဖမ်းဆီးခြင်းများကို တပြိုင်နက်တည်း ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ ကျားဖျန့် နှိမ်နှင်းရေးနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြော၍ မရသေးကြောင်းနှင့် မကြာမီသတင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

” ကျွန်တော်တို့ အဲဒါကို အလုံးစုံပြီးသွားတဲ့အခါကျရင် သတင်းထုတ်ပြန်ပေးမယ်။ အခုလောလောဆယ်က အလုပ်လုပ်နေဆဲကာလဆိုတော့ ပြောရတာ နည်းနည်းခက်တယ်။ အချိန်တန်ရင် ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးပါ့မယ်” ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

လက်ရှိတွင် ရွှေကုက္ကိုလ် ဒေသသို့ အဝင်အထွက် လမ်းများအားလုံးကိုလည်း ပိတ်စို့ထားပြီး စစ်ဆေးမှုများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကာ ပိတ်မိနေသည့် နိုင်ငံခြားသားများအား ထိုင်း အာဏာပိုင်များထံအပ်နှံကာ လာရာလမ်းအတိုင်း ပြန်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မြဝတီမြို့နယ်အတွင်းရှိ ကျောက်ခတ်ဒေသရှိ ကျားဖျန့်လုပ်ငန်းများတွင် ပိတ်မိနေသည့် နိုင်ငံခြားသား ရာနှင့်ချီကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပို့ကာ ထိုင်းအာဏာပိုင်များထံ ပြန်လည်အပ်နှံခဲ့သေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် ဆက်ဆံရေး အခန်းကဏ္ဍသစ်ဆီသို့ ဦးတည်သည့် သဘောတူညီချက်များ လက်မှတ်ရေးထိုး

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေးနွေးသဘောတူခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များနှင့် စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို ဇွန် ၁၆ ရက်က ပေကျင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တက်ရောက်ခဲ့ကြသည်။ ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံကြား သဘောတူစာ ချုပ်နှင့်နားလည်မှုစာချွန်လွှာ(၁၈)ခုကို သက်ဆိုင်ရာကဏ္ဍအလိုက် နှစ်နိုင်ငံတာဝန်ရှိသူများက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၄)ဆိုင်ကို ရှောင်တခင်စစ်ဆေး

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်ကို ဇွန် ၁၅ ရက်တွင် ရေနံထွက်ပ စ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးတိုင်း ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးက မန္တလေးတိုင်း ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီး ကြပ်ရေးဆပ်ကော်မတီ၏ကြီးကြပ်မှုဖြင့် ရှောင်တခင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။ စက်သုံးဆီအရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချနေသော စက်သုံးဆီများ၏ အရည်အသွေးပြည့်မီမှန်ကန်မှုရှိ/မရှိ၊ အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိ/မရှိနှင့် သတ် မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိတို့အား ဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့်စစ်ဆေးခဲ့ကြကြောင်း သိရသည်။ စက်သုံးဆီအရောင်းဆိုင်များတွင် အရည်အသွေးပြည့် မီမှုမရှိခြင်း၊ အခြင်အတွယ်ပြည့်မီမှုမရှိခြင်း၊ သတ် မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုမရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိရပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် Great Hall ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရှီကျင့်ဖျင် တွေ့ဆုံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး) တွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲမတိုင်မီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပြီး နိုင်ငံတော်အလံအား အလေးပြုကာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့သည်။ တွေ့ဆုံပွဲ ကျင်းပရာ Great Hall of the People...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071