Friday, June 26, 2026

MSME ဖွံ့ဖြိုးရေး၊ AI နည်းပညာအသုံးချရေးနှင့်...

နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားကို ခိုင်မာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ AI နည်းပညာအသုံးချရေးနှင့်...

MISIS ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်းစတက်အတွင်း ရေးမှူးချုပ်တို့တွေ့ဆုံ  ဘင်းမ်စတက်မူဘောင်အောက်တွင်...

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအ ဖွဲ့(MISIS)ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့ ယနေ့ ဇွန်...

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု...

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel...

စာမေးပွဲလိမ်လည်မှုကြောင့် ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆,၆၆၉ ဦး...

ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ရွေးချယ်ခန့်အပ်ရေး စာမေးပွဲတွင် အကြီးစားလိမ်လည်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါခန့်အပ်ရေးလုပ်ငန်းစဉ်ကို ပယ်ဖျက်ရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း...
HomeNewsLocal Newsရွေးကောက်ပွဲသည် ပြည်သူတစ်ရပ်လုံး၏ ထွက်ပေါက်ဖြစ်သည်ဟု...

ရွေးကောက်ပွဲသည် ပြည်သူတစ်ရပ်လုံး၏ ထွက်ပေါက်ဖြစ်သည်ဟု ဒေါက်တာအေးမောင်ပြော

ရွေးကောက်ပွဲသည် ပြည်သူတစ်ရပ်လုံး၏ ထွက်ပေါက်ဖြစ်သည်ဟု ဒေါက်တာအေးမောင်ပြော

နစကမှ ဦးဆောင်ကျင်းပမည့် ၂၀၂၃ ခုနှစ် ရွေး ကောက်ပွဲသည် မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် ထွက် ပေါက်တစ်ခုအနေဖြင့်ထင်မြင်ယူဆကြောင်း ရခိုင့်ဦး ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက် တာအေးမောင်က ပြောသည်။

၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုအခြေအနေနှင့်ပတ်သက်၍ မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ရွေးကောက်ပွဲက မြန်မာလူထု တစ်ရပ်လုံးအတွက် ထွက်ပေါက်ဗျ။ ကျွန်တော်တို့ဘက်က မြင်တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖက်က ကြည့်ရင်လည်း ထွက်ပေါက်ဗျ။ အဲဒီလိုပဲ နစက ဘက်က ကြည့်ရင်လည်း ထွက်ပေါက်ဗျ။ အားလုံးရဲ့ ထွက် ပေါက်ဟာ ရွေး ကောက်ပွဲဗျ” ဟု ဒေါက်တာအေးမောင်က ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် မြန်မာတစ် နိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေရွေးကောက် ပွဲတစ်ရပ် ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း နစကမှ ဖွဲ့စည်း ပေးထားသည့် ရွေးကောက်ပွဲကော်မ ရှင်က တရားဝင် ထုတ်ဖော်ပြောဆိုထားပြီး ဖြစ် သည်။

လက်ရှိ နစက ကကျင်းပမည့် ရွေးကောက်ပွဲအ​ပေါ် တရားမျှတမှုရှိနိုင် မရှိနိုင် မေးခွန်း ထုတ်မှုများလည်း ရှိနေသည်။

ထိုသို့ မေးခွန်းထုတ်မှုများ ရှိနေသော်လည်း လာမည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးသည် တိုင်းပြည်၏ အနာဂါတ်အတွက် လွန်စွာအရေးကြီးသည့်အတွက် ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းကူညီသင့်ကြောင်းလည်း ၎င်းက သုံးသပ်ပြသည်။

လာမည့် ရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာထားပြီး ယင်းစနစ်ကျင့်သုံးမည်ဆိုပါက နိုင်ငံရေး ပါတီအချင်းချင်း ညှိနှိုင်းမှုများ လုပ်ဆောင်သွားရန် လိုအပ်ကြောင်းလည်း ဒေါက် တာအေးမောင်က ပြောသည်။

” PR သဘောက ရွေးကောက်ပွဲ မတိုင်ခင်ညှိနှိုင်း ဖို့ လိုတယ်ဗျ။ ရွေးကောက်ပွဲ ကာလမှာလည်းညှိနှိုင်းဖို့ လိုတယ်။ ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့ရင်လည်း ညှိနှိုင်းဖို့လိုတယ်။ တိုင်းရင်းသားအချင်း ချင်း ညီညွတ်တာက တစ်ပိုင်းလေ။ ပြည်မပါတီတွေနဲ့ တိုင်းရင်းသားပါတီကြားမှာ ယုံကြည်မှုနဲ့ ဘယ်လိုမျိုး အမျိုးသားညီညွတ် ရေးအစိုးရတစ်ရပ်ဆီ သွားမလဲဆိုတဲ့ ဆွေးနွေးညှိနှိုင်းမှုက အခုကတည်းက ရှိရမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ၎င်းတို့ ပါတီအနေဖြင့် ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြင်ဆင်မှုများ ပြုလုပ်နေပြီး ပြည်မပါတီများနှင့် မဟာမိတ်ဖွဲ့နိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

နစကက ဦးဆောင်ကျင်းပမည့် ၂၀၂၃ အထွေထွေ ရွေးကောက်ပွဲအ‌ပေါ် နိုင်ငံတကာနှင့် ပြည်တွင်း အတိုက်အခံအင်အားစုတွေက ဝေဖန်မှုများရှိနေသော် လည်း လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ တစ်ရပ်ဖြစ်အောင် လုပ်ဆောင်မည်ဟုလည်း နစက ၏ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြွေး ကြော်ထားသည်။

ထို့အပြင် လာမည့်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ အရည်အချင်းသတ် မှတ်ဖို့ရှိကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSME ဖွံ့ဖြိုးရေး၊ AI နည်းပညာအသုံးချရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေးကို နိုင်ငံတော်သမ္မတ အလေးထားမှာကြား

နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားကို ခိုင်မာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ AI နည်းပညာအသုံးချရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က MSME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတက နိုင်ငံတစ်ခု၏ စီးပွားရေးမောင်းနှင်အား အားကောင်းမှသာ တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် အရင်းအနှီးနည်းပါးစွာဖြင့် လုပ်ကိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကြမ်းများကို တန်ဖိုးမြှင့် (Value-added) ထုတ်ကုန်များအဖြစ်...

MISIS ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်းစတက်အတွင်း ရေးမှူးချုပ်တို့တွေ့ဆုံ  ဘင်းမ်စတက်မူဘောင်အောက်တွင် ပူးပေါင်းဆောင် ရွက်မှုများကိုပိုမိုတိုးမြှင့်ခိုင်မာစေရေးကိုဆွေးနွေး

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအ ဖွဲ့(MISIS)ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့ ယနေ့ ဇွန် ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် ဘင်းမ်စတက်မူဘောင်အောက်တွင် ပူး ပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ ဒေ သတွင်း မူဝါဒဆိုင်ရာဆွေးနွေးဖလှယ်မှုများအား ကောင်းလာစေရေးနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများကြား ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းသာယာဝပြောမှုတို့ဖော်ဆောင်ရန်ရည်ရွယ်သည့် ဘုံရည်မှန်းချက်များအကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်၊ 

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု ကျူးဘားသမ္မတစွပ်စွဲ

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel Diaz-Canel) က ပြောကြားခဲ့သည်။ "ကျူးဘားအပေါ် အမေရိကန်၏ ကျူးကျော်လုပ်ဆောင်မှုများသည် ဆက်လက်ဖြစ်ပေါ်နေပြီး ပိုမိုပြင်းထန်လာနေသည်။ အကြောင်းမှာ ကျွန်ုပ်တို့အား အနိုင်မယူနိုင်သည့်အတွက် ၎င်းတို့တွင် ဘာမျှမတတ်နိုင်တော့သောကြောင့် ဖြစ်သည်။ … အမေရိကန်အစိုးရသည် ယခုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲအလယ်တွင် မည်သည့်နိုင်ငံမျှ ရပ်တည်နိုင်မည်မဟုတ်၊ လည်ပတ်နိုင်မည်မဟုတ်ဟု ယုံကြည်နေသည်" ဟု ၎င်းက X (ယခင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071