နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများ ကိုစေလွှတ်ပေးရန် မြန်မာအစိုးရက အာဆီယံကို ဖိတ်ကြားထားရာအဆိုပါတောင်းဆိုချက်ကို ယခုလကုန်တွင် ကျင်းပမည့် ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် အာဆီယံက ဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ သို့ လေ့လာစောင့်ကြည့်သူများ ကို စေလွှတ်ရန် ဖိတ်ကြားမှုသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို ဖိတ်ကြားလိုက်ခြင်းဖြစ်သည်ဟု သောကြာနေ့ညကသတင်း ထုတ်ပြန်ချက်တွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲ ကို လေ့လာသူတွေကို စေလွှတ်ပေးဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးကို ဖိတ်ကြားထားတာကို နိုင်ငံခြားရေးဝန်ကြီးက မှတ်သားထားပါတယ်။ မလေးရှားနိုင်ငံအတွက် ဖိတ်ကြားချက်ကိုတော့ မလေးရှားရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ထားပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်တို့ ကြာသပတေးနေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
Ref: စီအင်န်အေ
