မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေ/တူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကမ်းလွန်လုပ်ကွက် အမှတ်(M5/M6) တွင် တွင်းတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ခြင်းကြောင့် ရေကြောင်းသတိပေးချက်ကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထားသည်။ လာမည် နိုဝင်ဘာ(၁)ရက်နေ့ကနေ ၂၀၂၇ ခုနှစ် မတ်လ(၃၀)ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်ပြီး တည်နေရာအသေးစိတ်ကိုလည်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည် ဧရိယာအကျယ်ဝန်းနှင့် တည်နေရာများကနေ (၄)ကီလိုမီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန်အတွက်လည်း ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားသည်။
