Sunday, April 19, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeNewsLocal Newsရေဒီယိုသတ္တိကြွပစ္စည်းတွေ့ရှိမှုကြောင့်အင်ဒိုနီးရှားပုစွန်ပို့ကုန်ထိခိုက်

ရေဒီယိုသတ္တိကြွပစ္စည်းတွေ့ရှိမှုကြောင့်အင်ဒိုနီးရှားပုစွန်ပို့ကုန်ထိခိုက်

         သြဂုတ်လအတွင်းကအမေရိကသို့ တင်ပို့ခဲ့သော ပုစွန်များတွင် ရေဒီယိုသတ္တိကြွပစ္စည်းပါဝင်‌ေနသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ပုစွန်ပြုပြင်ထုတ်လုပ်မှု သည် ၃၀ မှ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း နိုင်ငံ၏ ပုစွန်မွေးမြူသူများအသင်းက အောက်တိုဘာလ ၃ ရက် နေ့တွင် ပြောကြားခဲ့သည်။

         အဆိုပါ ပုစွန်များကို ဂျကာတာအနီးရှိ စက်မှုဇုန်တစ်ခုတွင် ပြုပြင်ထုပ်ပိုးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ရေဒီယိုသတ္တိကြွ ဆက်စီယမ် ၁၃၇ ကို စစ်ဆေးတွေ့ရှိခဲ့သည်။

       ရေဒီယိုသတ္တိကြွမှု သက်ရောက်ခဲ့သည့် ဧရိယာ အကျယ်အဝန်းကို တိကျစွာသိရရန် အင်ဒိုနီးရှားနျူကလီးယားအေဂျင်စီက ကြိုးပမ်းနေသည်။

        အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ပဉ္စမမြောက် ပုစွန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ တင်ပို့မှု၏ ၆ ရာခိုင်နှုန်းရှိသည်။ ၎င်း၏ ပုစွန်ပို့ကုန် သုံးပုံနှစ်ပုံခန့်ကိုအမေရိကန်ပြည်ထောင်စုသို့ တင်ပို့သည်။

        ရေဒီယိုသတ္တိ ကြွပစ္စည်းတွေ့ရှိမှုသည်  ကုမ္ပဏီတစ်ခုဖြစ်သော PT Bahari Makmur Sejati(BMS) ၏ ပုစွန်တင်ပို့ရောင်းချမှုတွင်သာဖြစ်သော်လည်း အမေရိကနှင့် အခြားသော နိုင်ငံခြားဝယ်လက်များသည် အင်ဒိုနီးရှားမှ ပုစွန်များအားလုံး ဘေးကင်းမှုရှိမရှိကို ဆုံးဖြတ်ရန် စောင့်ဆိုင်းနေကြသည်ဟု အင်ဒိုနီးရှား ပုစွန်မွေးမြူသူများအသင်း အကြီးအကဲမစ္စတာ အန်ဒီ တမ်ဆီလ်က ပြောကြားခဲ့သည်။

         ဒေသအချို့တွင် ပုစွန်ဈေးနှုန်းသည် ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

          “အမေရိကန် အက်ဖ်ဒီအေက BMS ကို အနီရောင်အဆင့် သတိပေးမှုစာရင်းမှာ ထည့်သွင်းလိုက်တာကြောင့် မွေးမြူရေးသမားတွေဆီက ပုစွန်ဝယ်ယူမှုဟာ ၃၀ ကနေ ၃၅ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားပါတယ်” ဟု မစ္စတာ တမ်ဆီးလ်က ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃ နာ ရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ပေးခြင်း၊ အခမဲ့မျက်စိကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှုပေးခြင်းများပြုလုပ်ပေးရာ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော ဘိုး/ဘွားများအားတွေ့ဆုံပြီး အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်းအတွင်းရှိ ဘိုး/ဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီး အစားအစာများကိုကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သောလူမှုဘဝကိုပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုနာ့စ်သည် ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေရန်နှင့် ရေနံဝယ်ယူရန် ရုရှားနှင့် ညှိနှိုင်းရန်အသင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စနေနေ့တွင် ပြောကြားခဲ့သည်ဟု သယ်စတား သတင်းစာက ဖော်ပြခဲ့သည်။         ယခင်က ရုရှားကို ပိတ်ဆို့အရေးယူခဲ့သော ဥရောပနှင့် အမေရိကနိုင်ငံများစွာသည်ပင် ယခုအခါ ရုရှားရေနံကို ဝယ်ယူနိုင်ရေး ယှဉ်ပြိုင်နေကြကြောင်း အန်ဝါက ထောက်ပြခဲ့သည်။        ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071