ဩဂုတ် ၂၀
မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ရေတပ်တ်ို-က်ခို-က်ရေးဒုံးကျည် ၄၈ ခုကို ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် ပေးအပ်နိုင်တော့မည်ဖြစ်ကြောင်း မလေးရှားပါလီမန်သို့ ပြောကြားခဲ့သည်။
“ဒီစီမံချက်က အတောမသ-တ်နိုင်တဲ့ လေ့လာမှုတွေနဲ့ နှစ်အတော်ကြာအောင် နှောင့်နှေး ကြန့်ကြာနေတာကြောင့် ၂၀၂၅ မှာ ရရှိဖို့ ကျွန်တော် အထူးအလေးထားပါတယ်၊ အခုတော့ စီမံခန့်ခွဲမှုကပိုပြီးတော့ စနစ်တကျဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။
မူလတို-က်ခို-က်ရေးသင်္ဘောအစီအစဉ်သည် ပထမဆုံး စစ်သင်္ဘောကို ၂၀၁၉ ခုနှစ်တွင် စေလွှတ် တာဝန်ပေးရန်ဖြစ်သော်လည်း စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ကုန်ကျစရိတ် အလွန်အကျွံများလွန်ပြီး နှောင့်နှေးမှုများကို ဖြစ်စေခဲ့သည်။ အစိုးရက အဆိုပါအစီအစဉ်ကို ၂၀၂၂ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ပြီး နောက်ပိုင်းတွင် အခြေအနေသည် တိုးတက်မှု လက္ခဏာများ ပြသခဲ့သည်။
ကေဒီ မဟာရာဂျာ လီလာ ဟု အမည်ပေးထားသည့် ပထမဆုံး ဖရီးဂိတ် စစ်သင်္ဘောကို ၂၀၂၄ ခုနှစ် မေလတွင် ရေချခဲ့ပြီး ၎င်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပင်လယ်ရေကြောင်း စမ်းသပ်မှုများ ပြုလုပ်ရန် စီစဉ်ထားသည်။ ဒုတိယ တို-က်ခို-က်ရေးသင်္ဘောကို မေလ ၂၀၂၅ တွင် ရေချခဲ့ပြီး ပဉ္စမနှင့် နောက်ဆုံး သင်္ဘောကို ၂၀၂၉ ခုနှစ်တွင် ရေချရန် စီစဉ်ထားသည်။
တချိန်တည်းမှာပင် ကာကွယ်ရေးဝန်ကြီး မိုဟာမက် ခါလတ် နိုဒင် က အရှေ့အာဆီယံ ၏ရေတပ်များကို ပြင်ပဖိအား များမှ ကာကွယ်ဖို့ ဒေသတွင်းရေပြင်ကို တစ်ခုတည်းသောရေပြင်အဖြစ် သတ်မှတ်ဆောင်ရွက်ဖို့ တို-က်တွန်းခဲ့ပါသည်။ “အာဆီယံက အခုမှ မဆောင်ရွက်ရင် ကျွန်တော်တို့ရဲ့ ရေကြောင်းတည်ငြိမ်အေးချမ်းမှုကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ်။ ကျွန်တော်တို့ အချုပ်အခြာအာဏာပိုင်တဲ့ ရေကြောင်းဇုန်တွေကို အင်အားကြီး တိုင်းတပါး နိုင်ငံတွေရဲ့ လက်ထဲမကျရောက်စေရဘူး” ဟု ပီနန်တွင် ကျင်းပ ပြုလုပ်သည့် ၁၉ ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးဖွင့်ပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
ခါလတ် သည် “စစ်ရေးမဟုတ်သောနည်းပရိယာယ်၊ တိုင်းတပါး၏ ကျုးကျော်မှု၊ ပင်လယ်ရေကြောင်းဆိုင်ရာ အကျပ်ကိုင်မှုနှင့် အချုပ်အခြာအာဏာ ကို ထိပါးမှု” အပါအဝင် ပြင်ပစိန်ခေါ်မှုများကြားတွင် ဗဟိုချုပ်ကိုင်မှုနှင့် ကြားနေမှုကို လက်ကိုင်ထားရန်လည်း တောင်းဆိုခဲ့သည်။
ထိုအဆိုများသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများအကြား မကြာသေးမီက ထိပ်တို-က်တွေ့မှုများ ဖြစ်ပွါးပြီးနောက်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၁၁ ရက် နေ့က တရုတ်ကမ်းခြေစောင့်တပ် ကိုဗက်တီ ‘၃၁၀၄’အမျိုးအစား ၀၅၆ သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်၏ ၀၅၂ဒီ အမျိုးအစား ဖျက်သင်္ဘော ဂူလင် ‘၁၄၆’ နှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
အာဆီယံရေတပ် ရှစ်ခုမှ သင်္ဘော ၁၀ စင်းသည် တတိယအကြိမ်မြောက် အာဆီယံနိုင်ငံပေါင်းစုံ ရေတပ်လေ့ကျင့်မှုတွင် ပါဝင်ဆင်နွှဲလျက်ရှိပြီး မြန်မာ့ရေတပ်ကိုယ်စားပြုသင်္ဘောများဖြစ်သော ကျန်စစ်သား ဖရီးဂိတ် နှင့် ဆင်ဖြူရှင် သင်္ဘောများ ပါဝင်လာခဲ့သည်။
Ref: အာဆီယံမီလစ်ထရီရီဗျူး
