Friday, June 12, 2026

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN...

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား...

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင်...

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း...

သီပေါမြိုနယ်အတွင်း ၂၄ နာရီ ဖုန်းလိုင်းများ...

ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်လျှင် ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရ သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ လုံလောက်စွာမရရှိသေးသည့် အခြေအနေများရှိနေပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်ကို ကျပ်သိန်း...
HomeNewsLocal Newsရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်များ အတွက်...

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်များ အတွက် စတင်ခေါ်ယူနေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်အတွက် လျှောက်လွှာများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်သို့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အနည်းဆုံး စုစုပေါင်းရမှတ် (၃၆၀)နှင့် အထက်ရရှိသူများ လျှောက်ထားနိုင်ပြီး (၄)နှစ် တတ်ရောက်သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) (၄)နှစ် သင်တန်းအတွက် လျှောက်ထားလိုသူသည် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်ဖြစ်ပြီးတက္ကသိုလ်ဝင်စာမေးပွဲတွင် အနည်းဆုံး စုစုပေါင်းရမှတ် (၃၆၀)နှင့် အထက်ရရှိသူဖြစ်ရမည် ဖြစ်သည်။

ထို့ပြင် ကွင်းလက်တွေ့ လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်လေ့ကျင့်လုပ်ဆောင်ကြရမည်ဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ကျန်းမာရေး(က)အဆင့်ရှိသူနှင့် စိတ်ပါဝင်စားသူဖြစ်ရမည်ဖြစ်ကာ တက္ကသိုလ်မှ ချမှတ်သော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်အတွက် အမျိုးသားဦးရေ ၅၀ ရာခိုင်နှုန်းနှင့် အမျိုးသမီးဦးရေ ၅၀ ရာခိုင်နှုန်း လက်ခံသွားမည် ဖြစ်ကာ စုစုပေါင်း ကျောင်းသားကျောင်းသူ (၃၀၀) ဦး လက်ခံမည် ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့်လျှောက်လွှာပုံစံကို www.yau.edu.mm/event တွင် ရယူပြီး မိမိအစီအစဉ်ဖြင့် ( A4-Size) ကွန်ပျူတာစာစီစာရိုက်၍ဖြစ်စေ၊ Print ထုတ်၍ဖြစ်စေ လျှောက်ထားနိုင်ပြီး လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်းသက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)၊ အမှတ်စာရင်း(မိတ္တူ) (ကျောင်းအပ်နှံချိန်တွင်မူရင်းတင်ပြရမည်) ၊ သက်ဆိုင်ရာကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံ သားစိစစ်ရေးကတ်(မိတ္တူ)၊ လိုင်စင်ဓါတ်ပုံ(၃)ပုံ (ကျောင်းအ ပ်ချိန်တွင်ပေးအပ်ရန်)၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက် ခံချက်(မူရင်း) (သို့မဟုတ်) သက်ဆိုင်ရာ ရဲစခန်းထောက်ခံချက်(မူရင်း)တို့ကိုတင်ပြရမည်ဖြစ်ပြီး အောက်တိုဘာ (၂၅) ရက်နောက်ဆုံးထား၍ ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့မဟုတ်) Email လိပ်စာ [email protected] သို့ Scan ဖတ်၍ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးထားသည်။ အဆိုပါပွဲစဉ်တွင် အားကောင်းသည့် လက်သီးချက်များ ပိုင်ဆိုင်ထားသည့် ကျော်စွာဝင်း၏အောက်၌ ထိုင်းဖိုက်တာ SLATAN အလဲထိုးခံရမလားဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်နေသည်။ ONE Championship ပြိုင်ပွဲ၏ ရလဒ်မှတ်တမ်း (Record) များအရ ကျော်စွာဝင်းသည် (၂) ပွဲထိုး၊ (၁) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပြီး၊...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၄၀,၀၀၀ ဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်မှ ဇွန် ၃၀ ရက်အထိ ရောင်းချရန် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ ထို့ပြင် DI Ammonium Phosphate (DAP)...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာ့ကျောက်စိမ်း လေလံပွဲ ပထမဆုံးအကြိမ် နိုင်ငံပြင်ပ၌ ကျင်းပ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း (Myanmar Jade) ကို အထူးပြခန်းတစ်ခုအဖြစ် ထည့်သွင်းပြသထားပြီး မြန်မာ့ကျောက်စိမ်း လေလံပွဲကို နိုင်ငံပြင်ပ၌ ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။ Hall-7 ၌ ဖွင့်လှစ်ထားသည့် Myanmar Jade Auction Pavilion တွင် လုပ်ငန်း ၁၈ ခုမှ တင်ပြထားသည့် ကျောက်စိမ်းအကြမ်းထည်နှင့် အချောထည် လက်ဝတ်ရတနာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071