Monday, September 7, 2026

TOYOTA MARK ll ကားလမ်းချော်ပြီး...

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် TOYOTA MARK ll ကားလမ်းချော်ပြီး ကုက္ကိုပင်ဝင်တိုက်မိခဲ့မှု ယနေ့ စက်တင်ဘာ ၇ ရက်ည ၆...

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ Control Center စောင့်ကြည့်စစ်ဆေးချက်အရ...

သြဂုတ်လအတွင်း ဓာတ်အားခိုးယူသုံးစွဲသူ(၉၅)ဦးကိုဖော်ထုတ်နိုင်ခဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ Control Center များမှစောင့်ကြည့်စစ်ဆေးချက်အရ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲသည့် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်မှ SKY MAN သံရည်ကျိုလုပ်...

ရန်ကုန်တိုင်း၌ မနက်ဖြန် စက်တင်ဘာ ၈...

ရန်ကုန်တိုင်း၌ မနက်ဖြန် စက်တင်ဘာ ၈ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ ၇ ရက်ညနေ ၄...

ရန်ကုန်တိုင်း၌ မနက်ဖြန် စက်တင်ဘာ ၈...

ရန်ကုန်တိုင်း၌ မနက်ဖြန် စက်တင်ဘာ ၈ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ ၇ ရက်ညနေ ၄...
HomeNewsLocal Newsရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရသည့် လေးမျက်နှာနှင့်...

ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရသည့် လေးမျက်နှာနှင့် ဟင်္သာတမြို့နယ်တို့မှ ကျေးရွာ(၈)ရွာတွင် လျှပ်စစ်မီးပြန်လည်ရရှိ

ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် ဧရာဝတီတိုင်း၊ လေး မျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့ရှိ ရေပြန်လည်ကျဆင်းသွားသော ကျေးရွာ(၈)ရွာတွင် လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာ၊ ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာ၊ တောင်ပို့တန်းကျေးရွာ၊ ကညင်ငူကျေးရွာ၊ အုတ်ပုံကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ငနုတ်ဆည်ကျေးရွာ၊ သင်္ကန်းတောကျေးရွာတို့တွင် လျှပ်စစ်မီးပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရေကြီးရေလျှံစဥ် ဒေသခံများ လျှပ်စစ်အန္တရာယ်မကြုံတွေ့စေရေးအတွက် သက်ဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားများကို သြဂုတ် ၄ ရက်မှစတင်ကာ ယာယီဖြတ်တောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

TOYOTA MARK ll ကားလမ်းချော်ပြီး ကုက္ကိုပင်ဝင်တိုက်(၂)ဦး ‌ေ-သဆုံးခဲ့မှု ရန်ကုန်-ပုသိမ်လမ်းတွင်ဖြစ် ပွား

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် TOYOTA MARK ll ကားလမ်းချော်ပြီး ကုက္ကိုပင်ဝင်တိုက်မိခဲ့မှု ယနေ့ စက်တင်ဘာ ၇ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်၊ ရိုးကြီးကျေးရွာရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းအတိုင်း ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော TOYOTA MARK ll ကားသည် မိုင်တိုင်အမှတ် ၃၄/၀ နှင့် ၃၄/၁ ကြားအရောက်လမ်းချော်ပြီး ကုက္ကိုပင်ကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသော အမျိုးသား(၂)ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းများအား သစ္စာရှင်လူမှုကယ်ဆယ်ရေးအသင်းက ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ Control Center စောင့်ကြည့်စစ်ဆေးချက်အရ ဓာတ်အားခိုးယူသုံးစွဲသည့် မြောင်းတကာစက်မှုဇုန်မှ SKY MAN သံရည်ကျိုလုပ်ငန်းစက်ရုံကိုပိတ်သိမ်းခဲ့

သြဂုတ်လအတွင်း ဓာတ်အားခိုးယူသုံးစွဲသူ(၉၅)ဦးကိုဖော်ထုတ်နိုင်ခဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ Control Center များမှစောင့်ကြည့်စစ်ဆေးချက်အရ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲသည့် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်မှ SKY MAN သံရည်ကျိုလုပ် ငန်းစက်ရုံကိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၃ ရက်က မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်းတွင်သုံးစွဲနေသော မီတာအမှတ်(YN-17431)၌ Alarm ပေါ်နေသဖြင့် တာဝန်ရှိသူများမှစစ်ဆေးပြီး မီတာကိုဖြုတ်ယူ၍ Test Lab ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ မီတာအားပြုပြင်ပြီးဓာတ်အားခိုးယူသုံးစွဲထားကြောင်းစစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် စက်ရုံအား ချက်ချင်းပိတ်သိမ်း၍ နိုင်ငံတော်ကနစ်နာဆုံးရှုံးခဲ့သော လျှပ်စစ်ဓာတ်အား ယူနစ်(၂၃ ဒသမ ၃၆)သန်းအတွက်...

ရန်ကုန်တိုင်း၌ မနက်ဖြန် စက်တင်ဘာ ၈ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်

ရန်ကုန်တိုင်း၌ မနက်ဖြန် စက်တင်ဘာ ၈ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ ၇ ရက်ညနေ ၄ နာရီတွင် အသိပေးထုတ်ပြန်ခဲ့သည်။ ရန်ကုန်တိုင်းနည်းတူ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်၍မိုးကြီးနိုင်ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071