အဘူဒါဘီ၊ မေ ၁
ယူအေအီးသမ္မတ မိုဟာမက်ဘင်ဇာယက်အယ်လ်နာယန်ကရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်ဖုန်းပြောခဲ့ပြီး ရုရှား-ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် ၎င်း၏နိုင်ငံကကူညီမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်ဟုသိရသည်။
ဖုန်းပြောစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်ဖက်ဆက်ဆံရေးနှင့် အရေးပါသော မဟာမိတ်ဆက်ဆံရေးမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။
ယူအေအီးသမ္မတကပဋိပက္ခတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုများကိုဆက်လက်လုပ်ဆောင်မည့် ကတိကဝတ်များကို အလေးပေးပြောကြားခဲ့ပြီး ယခင်ကကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းမှုများကိုအောင်မြင်စေရန် မော်စကို၏ပူးပေါင်းဆောင်ရွက်မှုအတွက်ကျေးဇူးတင်ရှိကြောင်းလည်းပြောကြားခဲ့သည်။
ရုရှားနှင့်ယူကရိန်းတို့ကြား အကျဉ်းသားလဲလှယ်နိုင်ရေးအတွက် ယူအေအီး၏ကြားဝင်ဖျန်ဖြေပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းလည်း သမ္မတပူတင်ကပြောကြားခဲ့သည်။
ဧပြီလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ယူအေအီး၏ ကြားဝင်ဖြန်ဖြေရေးကြိုးပမ်းမှုသည် ပဋိပက္ခစတင်ကတည်းက အကြီးမားဆုံးအကျဉ်းသားလဲလှယ်မှုလဲဖြစ်သွားကြေငြာခဲ့သည်။
အဆိုပါလဲလှယ်မှုတွင် ယူကရိန်းအကျဉ်းသား ၂၄၆ ဦးနှင့် ရုရှားအကျဉ်းသား ၂၄၆ ဦးတို့ပါဝင်ပြီး ဒဏ်ရာရယူကရိန်းစစ်သည် ၃၁ ဦးနှင့် ဒဏ်ရာရ ရုရှားစစ်သား ၁၅ ဦးတို့ကို နေရပ်ပြန်ပို့နိုင်ခဲ့ကာစုစုပေါင်းလဲလှယ်ပေးသည့် အကျဉ်းသား အရေအတွက် ၃,၇၇၁ ဦးအထိရှိလာခဲ့သည်။
Source : ရှင်းဟွာ