Thursday, June 18, 2026

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု...

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန်...

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်...
HomeNewsLocal Newsရုရှားဝေဟင်ပေါ် ဖြတ်ကျော်ပျံသန်းမှုကိုပိတ်ပင်မည့်အစီအစဉ်ကိုရုပ်သိမ်းရန်တရုတ်လေကြောင်းလိုင်းများကထရမ့်ပ်အစိုးရကိုတိုက်တွန်း

ရုရှားဝေဟင်ပေါ် ဖြတ်ကျော်ပျံသန်းမှုကိုပိတ်ပင်မည့်အစီအစဉ်ကိုရုပ်သိမ်းရန်တရုတ်လေကြောင်းလိုင်းများကထရမ့်ပ်အစိုးရကိုတိုက်တွန်း

အမေရိကန်ပြည်ထောင်စုသို့ အသွားအပြန် ပျံသန်းကြသည့် လေယာဉ်ခရီးစဉ်လမ်းကြောင်းများကို ရုရှားဝေဟင်ပေါ် မှ ဖြတ်‌ကျော်ပျံသန်းခြင်းမပြုရန် ပိတ်ပင်မည့် ထရမ့်ပ်အစိုးရအဖွဲ့၏ အဆိုပြုချက်ကို ပြန်ရုပ်သိမ်းရန် တရုတ်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းများက ထရမ့်အစိုးရကိုတိုက်တွန်းခဲ့ပြီး ယင်းလုပ်ရပ်သည် ပျံသန်းချိန်၊ လေယာဉ်ခနှင့် ခရီးလမ်းကြောင်းအနှောင့်အယှက်များကို ပိုတိုးလာစေလိမ့်မည်ဟု သတိပေးခဲ့ကြသည်။

ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့ဒ-ဏ်ခတ်မှုများအရ အမေရိကန်လေကြောင်းလိုင်းများကို ရုရှားဝေဟင်ပေါ်မှ ဖြ-တ်ကျော်ပျံသန်းခြင်း မပြုရန် ပိတ်ပင်ထားရာ ယင်းကန့်သတ်ချက်က တရုတ်လေကြောင်းလိုင်းများကို အသာစီးရစေသဖြင့် မမျှတဟူသော စောဒကတက်မှုများကြောင့် အမေရိကန်သယ်ယူပို့ဆောင်ရေးဌာန(ယူအက်စ်ဒီအိုတီ) က ပြီးခဲ့သော သီတင်းပတ်တွင် အဆိုပါ ကန့်သတ်ချက်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။

ချိုင်းနားအီစတန်၊ အဲရ်ချိုင်းနား နှင့် ချိုင်းနား ဆော့သန်း အပါအဝင် တရုတ်လေကြောင်းလိုင်းခြောက်ခုက ယူအက်စ်ဒီအိုတီကို ကန့်ကွက်လွှာတင်ခဲ့ရာတွင် အဆိုပါအစီအစဉ်သည် လေကြောင်းပြေးဆွဲမှုများကို ဆိုးရွားစွာ အနှောင့်အယှက်ဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့ကြသည်။

အဆိုပါ ပိတ်ပင်မှုကအဓိကခရီးစဉ်လမ်းကြောင်းများကို အချိန်နှစ်နာရီမှ သုံးနာရီအထိ ပို၍ရှည်ကြာစေမည်ဖြစ်သကဲ့သို့ အဆက်အသွယ်ပြ-တ်တေ-ာက်နိုင်သည့် အန္တရာယ်တိုးလာစေကာ လောင်စာဆီကုန်ကျစရိတ်သည်လည်း သိသိသာသာမြင့်တက်သွားနိုင်ကြောင်း ချိုင်းနားအိစတန် လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

ယင်းအဆိုပြုချက်သည် နှစ်နိုင်ငံစလုံးရှိ ခရီးသည် အတော်များများကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း အဲရ်ချိုင်းနားနှင့် ချိုင်းနားဆော့သန် လေကြောင်းလိုင်းများက ပြောကြားခဲ့ကာ ခရီးသွားအထွတ်အထိပ်ကာလဖြစ်သော နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ခရီးသွား ၂,၈၀၀ ခန့်သည် ပြန်လည်ဘွတ်ကင်လုပ်ရန် လိုအပ်လိမ့်မည်ချိုင်းနားဆော့သန်းက ခန့်မှန်းခဲ့သည်။

ရုရှားလေကြောင်းလိုင်းများအပေါ် ဝါရှင်တန်က ဝေဟင်ပိုင်နက်ဖြတ်သန်းခွင့် ပိတ်ပင်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် ရုရှားသည် ယူအက်စ်နှင့် အနောက်နိုင်ငံလေကြောင်းလိုင်းများစွာကို ၎င်း၏ ဝေဟင်ပိုင်နက် အသုံးပြုခွင့်ကို ပိတ်ပင်ထားခဲ့သည်။ တရုတ်လေကြောင်းလိုင်းများသည် ယင်းပိတ်ပင်ချက်ကို ကင်းလွတ်ခွင့်ရခဲ့သဖြင့် ပြိုင်ဘက်အမေရိကန်လေကြောင်းလိုင်းများ အသုံးပြုခွင့်မရသည့် ခရီးစဉ်တို့ နှင့် ဈေးသက်သော လမ်းကြောင်းများမှတဆင့် အကျိုးအမြတ်များရရှိခဲ့သည်။

Ref: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု မြင့်တက်လာမည်ဟု ထိုင်းမျှော်လင့်

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် ဆက်စပ်သည့် နယ်စပ်ဂိတ်ကို ၂၀၂၅ ခုနှစ် သြဂုတ်လကတည်းက ပိတ်ထားခဲ့ရာမှ မြန်မာဘက်က ၂၀၂၆ ခုနှစ် မေ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ DFT ညွှန်ကြားရေးမှူးချုပ် မစ္စ အာရာဒါ ဖူအန်ထောင်က အဆိုပါဂိတ် ပြန်လည်ဖွင့်လှစ်မှုသည် နယ်စပ်ကုန်သွယ်ရေးအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို တောင်ကိုရီးယားသမ္မတ တိုက်တွန်း

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါပြောကြားချက်ကို ကနေဒါနိုင်ငံ၌ ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးအတွင်း ခေါင်းဆောင်နှစ်ဦး တွေ့ဆုံနှုတ်ဆက်စဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကန်းယူဂျန်း၏ အဆိုအရ ထရမ့်ပ်က မြောက်ကိုရီးယားနှင့် လက်ရှိဆက်ဆံရေးအခြေအနေများကို မေးမြန်းခဲ့ရာ သမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်၏ ခေါင်းဆောင်မှုအခန်းကဏ္ဍ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်ပ်ကလည်း မြောက်ကိုရီးယားနှင့်...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန် ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်မြင့်တက်

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားအစီအစဉ်နှင့် စီးပွားရေးပိတ်ဆို့မှုများ လျှော့ပေါ့ရေးဆိုင်ရာ ဆွေးနွေးမှုများ မစတင်မီ နှစ်ရက်အလိုတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ၌ ဇွန် ၁၉ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အကောင်းမြင်မျှော်လင့်ချက်များ မြင့်တက်လာသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရေနံတင်ပို့မှုနှင့် သိုလှောင်မှုဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်လေ့လာသည့် Tanker Trackers...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071