Monday, September 14, 2026

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မည်

တောင်ကြီး၊ စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ...

သာကေတမြို့နယ်၌ AMI စနစ် အကောင်အထည်ဖော်ရန်...

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်း​ရန်နှင့် AMI စနစ်အကောင်အထည်ဖော်ရန်တို့အတွက် ခရိုင်အစုအဖွဲ့ဖြင့် Digital Smart Meter များကိုပြောင်းလဲတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြောင်းလဲတပ်ဆင်ပေးနေမှုများ၊ ၆၆/၃၃/၁၁...

စမ်းချောင်းမြို့နယ်ရှိ Bar 4 U...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ စက်တင်ဘာ ၁၃ ရက်ည ၈ နာရီ ၁၉ မိနစ်ခန့်က...

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet...

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက Online...
HomeNewsLocal Newsရုရှားရဲ့ ဒီဇယ်စက်ရုံတွေကို ပစ်မှတ်ထားတိုက်တာတွေ...

ရုရှားရဲ့ ဒီဇယ်စက်ရုံတွေကို ပစ်မှတ်ထားတိုက်တာတွေ ရပ်ဖို့ ယူကရိန်းကို ထရမ့်က ပြောကြား

ရုရှားရဲ့ ဒီဇယ်လောင်စာဆီတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလင်စကီးကို တိုက်တွန်းလိုက်ပါတယ်။ အဲဒီလိုတိုက်ခိုက်နေတာတွေက “ကမ္ဘာကြီးကို ထိခိုက်နစ်နာစေတယ်” လို့ သူက ဆိုပါတယ်။

​တနင်္ဂနွေနေ့က အိုင်ယာလန်နိုင်ငံကို တရားဝင်သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ ထရမ့်က “မစ္စတာဇီလင်စကီး လုပ်ရမယ့်အလုပ် တစ်ခုရှိတယ်။ အဲဒါက ရုရှားက ဒီဇယ်လောင်စာဆီတွေကို ပစ်မှတ်ထားနေတာကို ရပ်ဖို့ပါပဲ။ သူ့အနေနဲ့ တခြားပစ်မှတ်တွေကို တိုက်ချင်တိုက်ပါ၊ ဒီဇယ်ဆီတွေကိုတော့ မလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ သူက ဒီဇယ်ရှားပါးမှုကို ဖြစ်စေလို့ပါပဲ” လို့ ပြောခဲ့ပါတယ်။

​သူက ဆက်ပြီး “ဒါက အရှေ့အလယ်ပိုင်းကြောင့် ဖြစ်တာမဟုတ်ဘူး၊ ရုရှားနဲ့ ယူကရိန်းကြားမှာ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် ဖြစ်ရတာပါ” လို့လည်း သူကဆိုပါတယ်။

​အမေရိကန်၊ အီရန်နဲ့ အစ္စရေးတို့ အဓိကပါဝင်နေတဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ ထိုးတက်နေချိန်မှာပဲ ထရမ့်ရဲ့ အခုလို မှတ်ချက်စကား ထွက်ပေါ်လာတာပါ။ ဒီအကျပ်အတည်းက ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းသွားလာမှုတွေကို အထူးသဖြင့် ထိခိုက်စေခဲ့ပါတယ်။

​အရှေ့အလယ်ပိုင်းက တိုက်ပွဲတွေကြောင့် ရေရှည် ထောက်ပံ့မှုတွေ ပြတ်တောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အတွက် ဒီတစ်ပတ်မှာ ကမ္ဘာ့ရေနံဈေးက တစ်စည်ကို ၁၀၈ ဒေါ်လာအထိ တက်သွားပါတယ်။ အမေရိကန်မှာလည်း ဒီဇယ်ဈေးတွေက စံချိန်တင်မြင့်တက်သွားပြီး ပြီးခဲ့တဲ့သောကြာနေ့က သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလံကို ၆ ဒေါ်လာကျော်အထိ ရောက်သွားခဲ့ပါတယ်။

​ရေကြောင်းထောက်လှမ်းရေးကုမ္ပဏီ Kpler ရဲ့ အဆိုအရ ရုရှားဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဒီဇယ် ဒုတိယအများဆုံး ကမ္ဘာကိုတင်ပို့တဲ့ နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

​တစ်ဖက်မှာလည်း ရုရှားရော ယူကရိန်းပါ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီး အရှိန်မြှင့်နေကြပါတယ်။ တနင်္ဂနွေနေ့ မနက်ပိုင်းက ယူကရိန်းအနောက်မြောက်ပိုင်းက ပိုလန်နယ်စပ်အနီး ယဟိုဒင် (Yahodyn) မြို့မှာရှိတဲ့ ဓာတ်ဆီဆိုင်တစ်ဆိုင်ကို ရုရှားဒရုန်းတစ်စင်းက ဝင်တိုက်ခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

​ဓာတ်ဆီဆိုင်တွေကို တိုက်ခိုက်ခံရတာတွေက အရမ်းကိုများလာတဲ့အတွက် ယူကရိန်းက လုပ်ငန်းစုတစ်ခုဆိုရင် မြို့တော် ကိယက်ဗ်မှာရှိတဲ့ သူတို့ရဲ့ ဓာတ်ဆီဆိုင်တွေမှာ တိုက်ခိုက်ခံရရင် ထိခိုက်မှုသက်သာအောင် သံဇကာတွေတောင် တပ်ဆင်လာကြပါပြီ။

အဲ​ဒီနောက်ဆုံးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းဘက်က ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့ပါတယ်။

​တိုက်ခိုက်ခံရပြီးနောက်မှာ နယ်စပ်ဂိတ်ကို ခဏပိတ်ထားခဲ့ရပေမယ့် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာတော့ ပုံမှန်အတိုင်း ပြန်ဖွင့်ပေးခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မည်

တောင်ကြီး၊ စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။ ယခုတပ်ဆင်မည့် လမ်းညွှန်ဆိုင်းဘုတ်များတွင် တောင်ကြီးမြို့၏ အထိမ်းအမှတ်ဖြစ်သည့် မီးပုံးပျံရုပ်ပုံများ ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အရှေ့၊ အနောက် မြို့ပတ်လမ်းတစ်လျှောက်ရှိ လမ်းသွယ်များတွင် စတင်တပ်ဆင်သွားမည်ဖြစ်သည်။ ထို့ပြင် ပျ-က်စီးနေသည့် လူသွားစင်္ကြန် (ပလက်ဖောင်း) များကို ပြန်လည်ပြုပြင်သွားရန် စီစဥ်နေကြောင်းသိရသည်။ ဆေးရောင်လွင့်ပြယ်ပြီး မထင်မရှားဖြစ်နေသည့် "မဝင်ရ" တစ်လမ်းမောင်း ဆိုင်းဘုတ်များကိုလည်း အသစ်ပြန်လည် လဲလှယ်သွားမည်ဖြစ်သည်ဟု သိရသည်။

သာကေတမြို့နယ်၌ AMI စနစ် အကောင်အထည်ဖော်ရန် Digital Smart Meter များပြောင်းလဲတပ်ဆင်ပေး

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်း​ရန်နှင့် AMI စနစ်အကောင်အထည်ဖော်ရန်တို့အတွက် ခရိုင်အစုအဖွဲ့ဖြင့် Digital Smart Meter များကိုပြောင်းလဲတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြောင်းလဲတပ်ဆင်ပေးနေမှုများ၊ ၆၆/၃၃/၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ MOGE GIS ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်က စက်တင်ဘာ ၁၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှတာဝန်ရှိသူများက အရှေ့ပိုင်းခရိုင်အတွင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ AMI စနစ်သုံး Digital Smart Meter များ လဲလှယ်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ Level 1 အဆင့်မီးလောင်မှုတွင် အမျိုးသား(၂)ဦးသေဆုံးခဲ့

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ စက်တင်ဘာ ၁၃ ရက်ည ၈ နာရီ ၁၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရပြီး အမျိုးသား(၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်ရှိ Bar 4 U ဘီယာဆိုင်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသော်လည်း ဆက် လက်လောင်ကျွမ်းနေသဖြင့် ည ၈ နာရီ ၂၄ မိနစ်၌ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071