Sunday, June 14, 2026

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန်...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့်...

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀...

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀...

မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့...

လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍...
HomeNewsLocal Newsရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိလာသည့် နစက...

ရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိလာသည့် နစက ဥက္ကဋ္ဌအား နိုင်ငံတော်အဆင့်ကြိုဆို

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပမည့် ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၇ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်အဖြစ် နေပြည်တော်တပ်မတော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။

ထိုသို့ ထွက်ခွာခဲ့ရာ ရုရှားစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာရာ ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး Mr. Andrey Rudenko နှင့်တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ)ဗိုလ်မှူးချုပ်ကျော်စိုးဦးတို့ကကြိုဆိုခဲ့ကြသည်။

ထို့ပြင် ရုရှားနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း နစက ဥက္ကဋ္ဌအား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအားကြိုဆိုသည့် အစဉ်အလာနှင့်အညီ လျှောက်လမ်း ၏ ဘေးတစ်ဖက်တစ်ချက်စီတွင်ခြံရံ၍ နိုင်ငံတော်အဆင့်ကြိုဆိုခဲ့ကြသည်။

နစက ဥက္ကဋ္ဌသည် ခရီးစဥ်အတွင်း၌ ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်အခမ်း အနားများကိုတက်ရောက်သွားမည်ဖြစ်ကာ အခမ်း အနားတက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် နစက ဥက္ကဋ္ဌ၏ဇနီးမှလည်း ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ နစက ဥက္ကဋ္ဌနှင့်အတူ ရုရှားနိုင်ငံသို့ တစ်ပါ တည်းလိုက်ပါသွားခဲ့ပြီး ခရီးစဥ်အတွင်း၌ ဖက်ဒ ရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

နစက ဥက္ကဋ္ဌသည် ယခုသွားရောက်သည့် ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဥ်အတွင်း နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံ ရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံံတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများပိုမိုတိုး တက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ခရီးစဥ်၌ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇ နီး၊ ဒု-ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ဒု-ဝန်ကြီး ချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး၊ ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အ ရာရှိကြီးများ၊ ဒု-ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှတာဝန်ရှိသူများ လိုက်ပါသွားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိလာ

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန် ၁၃ ရက်)က ထပ်မံရောက်ရှိခြင်း ဖြစ်ကာ ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင် လည်းကောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုထောက်ပံ့ရေးပစ္စည်းများတွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့် ဘော့စနီးယားတို့ တစ်ဂိုးစီ သရေကျ

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ သရေကျသွားခဲ့ကြောင်း Daily Mail ၏ ဖော်ပြချက်အရ သိရသည်။ ​အဆိုပါပွဲစဉ်ကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ဇွန်လ (၁၂) ရက်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၂၁)မိနစ်တွင် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းအတွက် ဦးဆောင်ဂိုးကို ဂျိုဗိုလူကစ်က ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သည်။ ​ပထမပိုင်းတွင် ကနေဒါအသင်းအနေဖြင့် ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုနှင့် ဘော့စနီးယားအသင်း၏ ခိုင်မာသည့် ခံစစ်ကြောင့်...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀ လက်ရွေးစင် တိုက်စစ်ကစားသမားကိုထပ်မံ ခေါ်ယူ

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀ အမျိုးသမီးလက်ရွေးစင်အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သူ နတ်ချာနော့ခ် (Nachanok Kosonsaksakul)ကို အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်သည်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးသော်လည်း ခြေစွမ်းပြည့်ဝသည့် တိုက်စစ်ကစားသမား နတ်ချာနော့ခ်သည် ထိုင်းနိုင်ငံ ယူ-၁၇ နှင့် ယူ-၂၀ လက်ရွေးစင်အသင်းများတွင် အဆင့်ဆင့်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ထိုင်းကလပ် ဖရာနာခွန် (Phranakorn FC)အသင်းအပြင်၊ အမေရိကန်အခြေစိုက် စတန်တွန်တက္ကသိုလ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071