Monday, April 20, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeNewsLocal Newsရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသေးဟု...

ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသေးဟု နစက ဥက္ကဋ္ဌပြော

ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေစဥ် မေ ၈ ရက်က ရုရှားနိုင်ငံ RT သတင်းဌာနနှင့်တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာကျယ်ပြန့်ပြီး ကာကွယ်ရေးကဏ္ဍသာမက သိပ္ပံနှင့်နည်းပညာ၊ စီးပွားရေး၊ ဥပဒေဘက်ဆိုင်ရာ၊ ပညာရေး၊ ကျန်းမာရေးနယ်ပယ်များစွာရှိကာ ဆွေးနွေးသည့်ကိစ္စများလည်းရှိပြီးဖြစ်သည်ဟု ပြောသည်။

ထို့ပြင် မိမိအနေဖြင့် မတ်လအတွင်းကလာရောက်ခဲ့သည့် ရုရှားနိုင်ငံခရီးစဥ်အတွင်း၌ နျူးကလီးယားနှင့်ပတ်သက်သည့် ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး၊ ကမ်းလွန်ရေနံနှင့်ဓာတ်ငွေ့ထုတ်လုပ်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမည့်ကိစ္စများကို ဆွေးနွေးနိုင်ခဲ့ကာ သဘောတူခဲ့မှုများ၊ လုပ်ဆောင်နေမှုများလည်းရှိ၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသည်ဟု ပြောသည်။

ထို့အတူ ရုရှားနိုင်ငံသည် အာဆီယံအတွက်အရေးပါသည့်နိုင်ငံတစ်ခုဖြစ်ကာ မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အာဆီယံနှင့်ရုရှားနိုင်ငံတို့ ၏ ဆက်ဆံရေးကိုညှိနှိုင်းရေးတာဝန်ယူထားသည့် နိုင်ငံတစ်ခုဖြစ်ကာ ယခင်က မိမိတို့သည် တရုတ်နိုင်ငံနှင့်လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံကိုလည်း အောင်မြင်စွာလုပ်ဆောင်ပေးခဲ့သည်ဟု ပြောသည်။

” အခုဆိုလဲ ရုရှားနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ညှိနှိုင်းခဲ့တဲ့နိုင်ငံတစ်ခုအနေနဲ့ တာဝန်ယူထားတာပေါ့။ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်လည်း ရုရှားနဲ့အာဆီယံနိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပိုကောင်းအောင်လုပ်ပေးဖို့ ကျွန်တော်တို့ဆန္ဒရှိပါတယ်။ ရုရှားက အာဆီယံအ တွက်အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဆွေးနွေးဖက်နိုင်ငံထဲမှာလည်းပါနေပြီဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ရှေ့ဆက်ကာလများတွင် အာဆီယံနှင့်ပူပေါင်းဆောင်ရွက်မှုများ၌ ရုရှားနိုင်ငံသည် အရေးပါသောအနေအထားတွင်ရှိလာနိုင်မည်ဟု မိမိအနေဖြင့်မြင်ပြီး တစ်ဖက်တွင်လည်း ရုရှားနိုင်ငံမှ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ကဏ္ဍပေါင်းစုံတိုးချဲ့နိုင်ရန်အတွက် စဉ်းစားဆောင် ရွက်ပေးနိုင်ရန်လိုသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃ နာ ရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ပေးခြင်း၊ အခမဲ့မျက်စိကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှုပေးခြင်းများပြုလုပ်ပေးရာ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော ဘိုး/ဘွားများအားတွေ့ဆုံပြီး အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်းအတွင်းရှိ ဘိုး/ဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီး အစားအစာများကိုကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သောလူမှုဘဝကိုပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုနာ့စ်သည် ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေရန်နှင့် ရေနံဝယ်ယူရန် ရုရှားနှင့် ညှိနှိုင်းရန်အသင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စနေနေ့တွင် ပြောကြားခဲ့သည်ဟု သယ်စတား သတင်းစာက ဖော်ပြခဲ့သည်။         ယခင်က ရုရှားကို ပိတ်ဆို့အရေးယူခဲ့သော ဥရောပနှင့် အမေရိကနိုင်ငံများစွာသည်ပင် ယခုအခါ ရုရှားရေနံကို ဝယ်ယူနိုင်ရေး ယှဉ်ပြိုင်နေကြကြောင်း အန်ဝါက ထောက်ပြခဲ့သည်။        ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071