Tuesday, February 18, 2025

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်ရန် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေ

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများနှင့် ပတ်ဝန်းကျင်၌ နေထိုင်သူများအတွက် အဆင်ပြေစေရန် ဈေးသစ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ဈေးသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏...

အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်နိုင်ရေး အာဆီယံ-ကိုင်ရို...

(၂၇၇)ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီး အကဲများအစည်းအဝေး၌ အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ...

နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများကို...

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) စနစ်ဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန်...
HomeInternationalရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်--ဆလိုဗက်

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ် သုံးသပ်သွားမည်ဟု ဆလိုဗက်ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။

“ဇန်နဝါရီ ၁ ရက်နောက်ပိုင်းမှာ ယူကရိန်းအပေါ် တုန့် ပြန်မယ့်အစီအမံတွေနဲ့ အခြေအနေ တွေကို အကဲဖြတ်သွားမှာပါ” ဟု ဗီဒီယိုမိန့်ခွန်းတွင် ဖီကိုက ပြောဆိုခဲ့သည်။

ရှောင်လွှဲ၍မရပါက ဓါတ်အားစနစ် ချို့ယွင်းနေသောကာလအတွင်း ယူကရိန်းလိုအပ်နေသော ဓါတ်အားပေးဝေမှုကို ရပ်တန့်သွားမည်ဟု သူက ပြောဆိုခဲ့ပြီး ယူကရိန်းမှတဆင့် ဓါတ်ငွေ့သယ်ယူပို့ဆောင်မှု ရပ်ဆိုင်းခြင်းသည် အီးယူ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေမည်ဟုလည်း ဆိုခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းတွင် ယူကရိန်းမှတဆင့် ဥရောပသို့ ရုရှားဓါတ်ငွေ့သယ်ဆောင်မှုဆိုင်ရာ သဘောတူညီချက်ကို သက်တမ်းတိုးတော့မည်မဟုတ်ဟု ကိဗ်က ပြောဆိုခဲ့ပြီးနောက် ဖီကိုသည် ဒီဇင်ဘာ ၂၂ ရက်တွင် မော်စကို၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံကာ ဓါတ်ငွေ့ပေးပို့မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ဥရောပသမဂ္ဂသည် ရုရှား၏ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကို လျှော့ချရေးအစီအမံများလုပ်ဆောင်ခဲ့သော်လည်း ဆလိုဗက်ကီးယား၊ ဟန်ဂေရီနှင့် သြစတြီးယားအပါအဝင် နိုင်ငံများစွာသည် ရုရှားဓါတ်ငွေ့အပေါ် ဆက်လက်အမှီပြုနေရဆဲဖြစ်သည်။

ဆလိုဗက်ကီးယားသည် ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး Gazprom နှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုထားပြီး အစားထိုးအစီအစဉ်များလုပ်ဆောင်ခဲ့ပါက သယ်ယူပို့ဆောင်စရိတ် ဒေါ်လာ ၂၂၈ ဒဿမ ၇၃ သန်း ထပ်မံကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက် သက်ဆူတင်က ပြောကြားသည်။ ကျန်းမာရေးတာဝန်ရှိသူများသည် ထိခိုက်လွယ်သောအုပ်စုများ အထူးသဖြင့် ကလေ-းသူငယ်များနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးများကို အရှိန်မြှင့်ထိုးနှံပေးလျက်ရှိသည်။ ယခုနှစ်တွင် ဇန်နဝါရီ ၂၅ ရက်အထိ တုပ်ကွေးဖြစ်ပွားသူ ၇,၈၁၉ ဦး ရှိခဲ့သည်။ သို့ရာတွင် စနေနေ့ ဖေဖော်ဝါရီ ၁၅ ရက်အရောက်၌ ယခုနှစ်၏ တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်းသည် ၉၉,၀၅၇ ဦးအထိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်ရန် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေ

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများနှင့် ပတ်ဝန်းကျင်၌ နေထိုင်သူများအတွက် အဆင်ပြေစေရန် ဈေးသစ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ဈေးသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၂၄ ခုနှစ်၊မေလကစတင်တည်ဆောက်ခဲ့ပြီး မကြာမီဖွင့်လှစ်နိုင်ရန် အချောသပ်လုပ်ငန်းမျာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းအနီးတို့တွင် တည်ရှိပြီး သုခဒဂုံဈေးသစ်ကြီးကို အမှတ်(၂)လမ်းမကြီးနှင့် မနီးမဝေးတွင် တည်ဆောက်ပေးထားခြင်းဖြစ်သည်။ သုခဒဂုံဈေးရုံတွင် ဈေးရုံခုနစ်ရုံပါဝင်ကာ ၎င်းဈေးရုံများအတွင်း (၆) ပေပတ်လည်အကျယ်ရှိ ဈေးဆိုင်ခန်း စုစုပေါင်း (၃၉၂) ဆိုင် ဖွင့်လှစ်ရောင်းချနိုင်ရန် တည်ဆောက်ထားရှိကြောင်း...

အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်နိုင်ရေး အာဆီယံ-ကိုင်ရို ကော်မတီ သံရုံးအကြီးအကဲများ ဆွေးနွေး

(၂၇၇)ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီး အကဲများအစည်းအဝေး၌ အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (၂၇၇) ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများအဆင့် အစည်းအဝေးကို ကိုင်ရိုမြို့၊ အင်ဒိုနီးရှား သံအမတ်ကြီး နေအိမ်တွင် ဖေဖော်ဝါရီ (၁၆)ရက်ကကျင်းပခဲ့ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်က တက်ရောက်၍ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ အစည်းအဝေး၌ အာဆီယံ-ကိုင်ရို ကော်မတီ၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များ အပေါ် ပြန်လည် သုံးသပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071