Thursday, May 7, 2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏...

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း...

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ်...

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင်...

ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို...

ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။ ဒီဇယ်ဆီ...
HomeInternationalရုရှားက ယူကရိန်းကို ဒရုန်း...

ရုရှားက ယူကရိန်းကို ဒရုန်း ၂၆၇ စင်းဖြင့် စံချိန်တင် တိုက်ခိုက်

ဖေဖော်ဝါရီ ၂၃

ယူကရိန်းနိုင်ငံကို ရုရှားက မောင်းသူမဲ့လေယာဉ် ၂၆၇ စင်းကိုညတွင်းချင်း လွှတ်တင်ပျံသန်းတိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ကျူးကျော်မှုနောက်ပိုင်းတွင် စံချိန်တင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယူကရိန်းလေတပ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

လေတပ် ပြောခွင့်ရပုဂ္ဂိုလ် ယူရီ ဣဂနတ် က စနေနေ့ နှင့် တနင်္ဂနွေနေ့၏ ယူကရိန်းကောင်းကင်ယံ ထက်တွင် တွေ့ရှိခဲ့သည့် ဒရုန်း ၂၆၇ စင်းသည် တစ်ကြိမ်တည်း တိုက်ခိုက်မှုအတွက်အများဆုံး စံချိန်သစ် ဟုပြောဆိုခဲ့သည်။ ထိုတိုက်ခိုက်မှုသည် ခန့်မှန်းအားဖြင့် ကျူးကျော်မှုစတင်ခဲ့သည့် သုံးနှစ်အတွင်း အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်သည်ဟုပြောခဲ့သည်။

၎င်းဒရုန်းများအနက် ၁၃၈ စင်းကို လေကြောင်းရန် ကာကွယ်ရေးမှ ကြားဖြတ်တိုက်ခိုက်ဖျက်ဆီး ဟန့်တားနိုင်ခဲ့ပြီး ၁၁၉ စင်းမှာ ထိခိုက်မှုမရှိဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း ၎င်းက Facebook တွင် ရေးသားထားသည်။ ကျန်သောဒရုန်း ၁၀ စင်း က မည်ကဲ့သို့ ဖြစ်သွားသည်ကို ၎င်းက မပြောခဲ့သော်လည်း  သီးခြား လက်နက်ကိုင် တပ်ဖွဲ့များ၏ Telegram တွင် ထုတ်ပြန်ချက်အရ ကိယက်ဗ် အပါအဝင် ဒေသအများအပြားကို “ထိမှန်” ခဲ့သည်ဟု ဆိုကြသည်။

စနေနေ့နှောင်းပိုင်းက ရုရှားနိုင်ငံမှ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ကီရီဗီ ရိ မြို့အလယ်ပိုင်းတွင် လူတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

နေ့စဉ်ဖြစ်ပွားနေသော ရုရှား၏တိုက်ခိုက်မှုများကို တားဆီးရန် ကြိုးပမ်းမှုအနေဖြင့် ယူကရိန်းသည် တိုက်ပွဲအစပိုင်းမှစ၍ ရုရှား၏ရှေ့တန်း ထောက်ပံ့ပို့ဆောင်ရေးလိုင်းများကို ဖျက်ဆီးရန် အစဉ်အမြဲ ကြိုးစားခဲ့သည်။ အထူးသဖြင့် ရုရှားနိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းများနှင့် စက်မှုဇုန်များကို တိုက်ရိုက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံကို တိုက်ခိုက်သည့် ယူကရိန်း၏ ဒရုန်းအစင်း ၂၀ သည် ညတွင်းချင်းတွင် “ဖျက်ဆီးနိုင်ခဲ့သည်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

ရုရှားသည် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို စတင်ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ နေတိုး (NATO) အဖွဲ့နယ်ချဲ့မှု၏ ခြိမ်းခြောက်မှုမှ မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်ကြောင်း ရုရှားအစိုးရ ခရမ္မလင်နန်းတော်က ပြောကြားခဲ့သည်။

Ref: မိုင် နယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပြစ်ဒ-ဏ်အချို့လျှော့ပေါ့ပေးခဲ့သည့် သတင်းများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပါသည်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့် ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုခြင်းဖြင့် ဤပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မြန်မာနိုင်ငံကို ကျွန်ုပ်တို့...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်း ဖက်အဖွဲ့များမီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပ ညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန် လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်မှကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ် ကူညီ

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အမ်ဗီဂူတမ်” အမည်ရှိ သင်္ဘောသည် အိန္ဒိယနိုင်ငံသား ခြောက်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး အပါအဝင် သင်္ဘောသား ခုနစ်ဦးကို တင်ဆောင်လာခဲ့ပြီး အိုမန်မှ အိန္ဒိယသို့ ဦးတည် ခုတ်မောင်းနေစဉ် ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ပင်လယ်ထဲတွင် သောင်တင်နေခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပါကစ္စတန်ရေတပ်သည် “ကက်ရှ်မီးယား” အမည်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071