ပြည်တွင်း ရိုးရာလက်ဝှေ့ထိပ်တန်းအကျော်အမော် သွေးသစ်ဝင်းလှိုင်အနေဖြင့် ရိုးရာလက်ဝှေ့လောကမှ အနားယူသွားပြီဆိုသည့် သတင်းတစ်ခု ယမန်နေ့ ဇွန် (၂၄)ရက်က ထွက်ပေါ်လာခဲ့သည်။
သွေးသစ်၏ အုပ်ချုပ်နည်းပြတစ်ဦးဖြစ်သူ ဦးကျော်ဝင်းလှိုင်က ကျန်းမာရေးအရ အနားယူခြင်းဖြစ်ပြီး၊ ကျန်းမာရေးအခြေ အနေအရ အချိန်ယူ ကုသမှုခံယူရမည်ဖြစ်ခြင်းကြောင့် ရာခိုင်နှုန်းအရ (၅၀) ဖြစ်ကြောင်း ပြောကြားထားသည်။
ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကလည်း “တစ်ချိန်က စင်ပေါ်မှာပြိုင်ဘက်တွေ ဖြစ်ခဲ့ပေမယ့် စင်အောက်မှာ ညီအကိုအရင်းတွေလိုပါပဲအခုလို လက်ဝှေ့လောကကိုစောစောစီး စီးအနားယူသွားတဲ့အတွက် လက်ဝှေ့လောကအတွက် စိတ်မကောင်းဖြစ်ရပါတယ် ရှေ့ဆက်မယ့် ဘဝလမ်း ခရီးမှာသာယာသော မိသားစုနဲ့ဖြတ်သန်းနိုင်ပါစေလို့ အကိုဆုတောင်းပေးတယ်ညီလေးရေ”ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဆိုထားသည်။
သွေးသစ်ဝင်းလှိုင်သည် လက်ရှိ ပြည်တွင်း၌ ထိပ်တန်း လက်ဝှေ့အကျော် အမော်ဖြစ်သည့် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်း၊ စိုးလင်းဦးနှင့် ရာမာန်တို့ကို အနိုင်ယူ ထားသူဖြစ်ပြီး သပြေညိုကို ရှုံးပွဲတစ်ပွဲသာ ရှိခဲ့သူဖြစ်သည်။
သို့သော် ONE Champion -ship တွင်၂ ပွဲထိုး ၂ ပွဲလုံး ရှုံးနိမ့်သည့် ရလဒ်များထွက် ပေါ်ထားသည်ကိုလည်း တွေ့ရသည်။
အသက် ၃၁ နှစ် အရွယ်သာရှိသေးသည့် သွေးသစ်ဝင်းလှိုင်သည် လက်ဝှေ့လောကအတွင်း ဆက်လက်ကစားမည်ဆိုပါက နောင်(၄)နှစ်ခန့် ဆက်ကစားနိုင်သေးသည့် အရွယ်တွင်ရှိနေသေးကြောင်း ရိုးရာ လက်ဝှေ့အသိုင်းဘအဝိုင်းက ပြောဆိုနေကြသည်ကို တွေ့ရသည်။
