ရိုးရာလက်ဝှေ့ကို သင်ရိုးညွှန်းတမ်းများရေးဆွဲကာ တတ်သိပညာရှင်များဖြင့် သင်ကြားပေးသွားမည်ဟု မြန်မာ့လက်ဝှေ့ အမှုဆောင်အရာရှိချုပ် ဦးကျော်ဇင်ဦးက ပြောကြားသည်။
ယခု ဇန်နဝါရီလအတွင်း ဖွင့်လှစ်ခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်း (MFC)ဖွင့်ပွဲအခမ်းအနားအတွင်း ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
” ရိုးရာရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့အတွေးအခေါ် အယူအဆဟောင်းတွေကို ပယ်ချန်ခဲ့ပြီး လတ်ဆတ်တဲ့အတွေးအခေါ်သစ်တွေနဲ့အတူ ဘိုးဘွားတို့အမွေ တို့ရိုးရာရဲ့ပညာရပ်ကို လက်သီးတစ်ထောက် ၊ ခေါင်းတစ်ပေါက်တည်းထက် သ-တ်ကိုးသ- တ်လုံးကို စည်းဝါးကျကျ စုံလင်စွာ တွဲဖက်ကစားစေနိုင်ဖို့ လက်ဆုပ်ဟန်ကအစ ခြေခတ်ဟန်အဆုံး သင်ရိုးညွှန်း တမ်းရေးဆွဲပြီး တတ်သိပညာရှင်များအားဖြင့် တိတိ ပပ သင်ကြားပေးသွားမှာပါ”ဟု ဆိုသည်။
လက်ရှိတွင် ONE ကဲ့သို့သော အဖွဲ့အစည်းများပေါ်လာခဲ့သည့်အတွက် လူငယ်များအနေဖြင့် တိုက်ခိုက်ရေး အားကစားကဏ္ဍဖြင့် ဘဝတစ်ဆစ်ချိုးပြောင်းလဲစေလာနိုင်ကြောင်း ဆိုသည်။
“ကျွဲကူးရေပါဆိုသလို ရိုးရာလက်ဝှေ့ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်သလို ဘဝတက်လမ်းတစ်ခုကို ရွေးချ ယ်ရာမှာ မိမိတို့ရဲ့ဝါသနာအပြင် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအဖြစ်လည်း အကျိုးရှိစေအောင် ရိုးရာလက်ဝှေ့သင်တန်းကျောင်းအတွက် ကျွန်တော်တို့စွမ်းသမျှ ဝန်းရံပေးကြတာပါ”ဟု ၎င်းကဆိုသည်။
ရိုးရာလက်ဝှေ့ အားကစားအနေဖြင့် အိုလံပစ်အဆင့် ၊ ကမ္ဘာ့အဆင့် ၊ အာရှအဆင့် ချန်ပီယံအဖြစ် တိုင်းပြည်ဂုဏ်ကို ဆောင်နိုင်ခဲ့ကြပြီး၊ ဂန္တဝင် ရိုးရယလက်ဝှေ့ကျော်များအနက် ဦးမောင်သောင်း ၊ ဦးကျားဘညိမ်း ၊ ဘောက်ဆင်ဝင်းနိုင် ၊ ဦးတင်ထွန်း ၊ ဦးမိုးကြိုး ၊ ဦးသမန်းကျားတို့မှာ အထင်ကရရှိခဲ့ကြောင်း ဆိုသည်။