Wednesday, November 19, 2025

အထူးဒေသ(၄)တွင်  ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ်...

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ အထူးဒေသ (၄) ၊ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်၌ ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကို နိုဝင်ဘာ...

ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စု(၂,၄၀၄) စုအတွက်...

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ ယာယီတိမ်းရှောင်စခန်း(၁၉)ခုတွင်နေထိုင်လျက်ရှိသော အိမ်ထောင်စု(၂,၄၀၄)စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို နိုဝင်ဘာ ၁၈ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယာယီတိမ်းရှောင်စခန်း(၁၉)မှ အိမ်ထောင်စု(၂,၄၀၄)စု...

ပြည်ပနိုင်ငံသား (၃၁၇) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့...

ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခက်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၃၁၇) ဦးကို...

မြန်မာ့စားသောက်ကုန်များ နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်ရန် အရည်အသွေး၊...

မြန်မာ့စားသောက်ကုန်များ နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်ရန်အတွက် အရည်အသွေးစံနှုန်းများ (Quality Standards) ၊ ထုပ်ပိုးမှု (Packaging) နှင့် အမှတ်တံဆိပ် (Labelling) တို့ကို...
HomeNewsLocal Newsရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်...

ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ပို့ကုန်/သွင်းကုန် အစားအစာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ မြန်မာပါဝင်တက်ရောက်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ အောက်တိုဘာ(၁၅)ရက်နှင့်(၁၆)ရက်တွင် ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းများနိုင်ငံများအကြား အစားအစာနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ကုန်သွယ်မှုကဏ္ဍတွင် ပိုမိုပူး‌ပေါင်းဆောင်ရွက်ရန် ကျင်းပသည့် ညီလာခံကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့က ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံသည် ပို့ကုန်သွင်းကုန် အစားအစာ ဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်၌ နည်းလမ်းများ အပြန်အလှန်ဖလှယ်နိုင်ရန် နှင့် အစားအစာစိုက်ပျိုးထုတ်ကုန်များ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်း‌ဆောင်ရွက် ချိတ်ဆက်နိုင်ရန် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံနေဖြင့် ကျန်းမားရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲမြင့် က “ Myanmar ‘s Import & Export Safety Cooperation under the Belt and Road Initiative” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ညီလာခံကို တောင်အာဖရိကနိုင်ငံ၊ ဘိုလီဗီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ဥစဘတ်ကစ္စတန်နိုင်ငံ၊ ယီမင်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနိုင်ငံက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထူးဒေသ(၄)တွင်  ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကိုခမ်းနားစွာကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ အထူးဒေသ (၄) ၊ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်၌ ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်ကကျင်းပရာ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးစန်ပေ့၊ ဦးဆန်လူနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ နှစ်သစ်ကူးအခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာပစ္စည်းများပြပွဲကိုလည်း ထည့်သွင်းပြသထားပြီး ယခုနှစ် နှစ်သစ်ကူးအခမ်းအနားအား ရှမ်းစာပေပြိုင်ပွဲ၊ ရိုးရာအားကစားပြိုင်ပွဲများ၊ ဒွေနဂရရွှေစေတီတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားများဖြင့် (၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စု(၂,၄၀၄) စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ ယာယီတိမ်းရှောင်စခန်း(၁၉)ခုတွင်နေထိုင်လျက်ရှိသော အိမ်ထောင်စု(၂,၄၀၄)စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို နိုဝင်ဘာ ၁၈ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယာယီတိမ်းရှောင်စခန်း(၁၉)မှ အိမ်ထောင်စု(၂,၄၀၄)စု အတွက် ဆန်အိတ်(၅၀၀)၊ ဆီပိဿာ(၅၀၀)နှင့် ကြက်ဥအလုံး(၅,၀၀၀)နှင့်အတူ ကျောင်းသုံးစာရေးကိရိယာအစုံဒါဇင်(၃၀၀)တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ယာယီနေအိမ်တန်းလျား တိုးချဲ့/ ပြင်ဆင်တည်ဆောက်နိုင်ရေးအတွက် ဝါးဖိုးအဖြစ်ငွေကျပ်သိန်း (၁၅၀)ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။

ပြည်ပနိုင်ငံသား (၃၁၇) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေး

ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခက်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၃၁၇) ဦးကို နိုဝင်ဘာ ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသား (၂၆၉) ဦး၊ လာအိုနိုင်ငံသား (၃၁) ဦး၊ ဗီယက်နမ်နိုင်ငံသား (၁၆) ဦးနှင့် တောင်ကိုးရီးယားနိုင်ငံ သား (၁) ဦးတို့အား မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှတာဝန်ရှိသူများထံ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071